ကလစ်စာချခြင်း

ကလစ်စာချခြင်းနှင့်ပတ်သက်သော အင်တာနက်အတွင်းမှ ပုံရိပ်များဖြစ်သည်။

ကလစ်တစ်ချက်၏ တန်ဖိုးသည် ဒီဂျစ်တယ်‌ခေတ် တနည်း အွန်လိုင်းယဉ်‌ကျေးမှုတွင် အလွန်အ‌ရေးပါ‌သော တန်ဖိုးတစ်ခုဖြစ်လာ သည်။ အင်တာနက်စာမျက်နှာတစ်ခု၏ ကလစ်ရရှိမှုကြိမ်နှုန်းသည် ထိုအင်တာနက်စာမျက်နှာကို တည်‌ထောင်ထားသူ လူတစ်ဦး သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခု၏ ‌ငွေ‌ကြေးအားဖြင့် အကျိုးအမြတ်‌သော်လည်းကောင်း၊ ‌ငွေ‌ကြေးမဟုတ်‌သော အခြားတန်ဖိုး တစ်ခုကို‌သော်လည်း‌ကောင်း အလွန်အ‌ရေးပါ‌သော အခန်းကဏ္ဍတွင် တည်ရှိလာသည်။

ထို့‌ကြောင့် အင်တာနက်စာမျက်နှာများနှင့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများအတွင်း ကလစ်ရရှိမှုအ‌ရေအတွက် ရရှိ‌စေရန် ကြိုးပမ်းအားထုတ်လာကြ‌တော့သည်။ ထိုသို့ကြိုးပမ်းရာတွင် တရားသဖြင့် အားထုတ်ကြိုးပမ်းကြသကဲ့သို့ မသမာ‌သောနည်း လမ်းများဖြင့် မိမိစာမျက်နှာသို့ လာ‌ရောက်လည်ပတ်‌စေရန် အားထုတ်ကြိုးပမ်းမှုများလည်း ရှိလာခဲ့သည်။ ထို့အတွက် လူကြိုက် သူကြိုက်များ‌သော အ‌ကြောင်းအရာများကို လွှင့်တင်လာကြသည်။ လူကြိုက်သူကြိုက်များသော အ‌ကြောင်းအရာများတွင် အညှီအ‌ဟောက်ပါဝင်သော အ‌ကြောင်းအရာများ အများစုဖြစ်‌နေတတ်သည်။

လိင်မှုဆိုင်ရာကိစ္စရပ်များ၊ ရာဇဝတ်မှုဆိုင်ရာအကြောင်းအရာများ၊ ကျန်းမာ‌ရေးအ‌ယောင်ပြ လိင်မှုကိစ္စဆိုင်ရာအ‌ကြောင်းအရာ များနှင့်လူစိတ်ဝင်စားမှုမြင့်တက်စေရန်စသည့်အ‌ကြောင်းအရာများကို ပုံစံဖျက်ထုတ်လွှင့်‌သော သတင်းအတုအ‌ယောင်များသည် လူကြိုက်သူကြိုက်များ‌သော လူပြိန်းကြိုက်အ‌ကြောင်းအရာများဖြစ်သည်။ ထိုအ‌ကြောင်းအရာများဖြင့် အင်တာနက်စာမျက်နှာ များသို့ ကြည့်ရှုသူ၊ လာ‌ရောက်လည်ပတ်သူ များပြား‌စေရန် အားထုတ်ကြသည်။

ရုပ်ရှင်နှင့်အနုပညာနယ်ပယ်အသီးသီးမှ ထင်ရှား‌ကျော်ကြား‌သောသူများ၏ အတင်းအဖျင်းဆိုင်ရာအ‌ကြောင်းအရာများသည် လည်း လူကြိုက်သူကြိုက်များ‌သော အ‌ကြောင်းအရာများဖြစ်၍ ထိုအ‌ကြောင်းအရာများဖြင့်လည်း အင်တာနက်စာမျက်နှာများသို့ လာ‌ရောက်လည်ပတ်ကြ‌စေရန် အားထုတ်‌လေ့ရှိကြသည်။

အင်တာနက်စာမျက်နှာသို့ လာ‌ရောက်‌လေ့လာသူ များပြားပါက ထိုစာမျက်နှာတွင် ထည့်သွင်း‌ဖော်ပြထားသော ‌ကြော်ငြာခများမှ ဝင်‌ငွေရရှိသည်။ လာ‌ရောက်ကြည့်ရှုသူသည် ထို‌ကြော်ငြာများကို ဝင်‌ရောက်ကြည့်ရှု‌လေ့လာပါက ဝင်‌ငွေပိုမိုရရှိသည်။ အင်တာ နက်စာမျက်နှာ‌ပေါ်တွင် လာ‌ရောက်လည်ပတ်သူသည် အချိန်များစွာကို အသုံးပြု‌နေပါက ဝင်‌ငွေပိုမိုရရှိမည်။ ထို့‌ကြောင့် မိမိတို့၏ အွန်လိုင်းစာမျက်နှာများသို့ လာ‌ရောက်လည်ပတ်သူများပြား‌စေရန် လူပြိန်းကြိုက် တနည်း လူကြိုက်သူကြိုက်များ‌သော အ‌ကြောင်းအရာများကို ထည့်သွင်း‌ဖော်ပြ‌လေ့ရှိကြသည်။ ထိုအပြုအမှုကို အင်တာနက်စာမျက်နှာတိုင်းက ပြုမှု‌နေကြသည် မဟုတ်သည့်တိုင်‌အောင် အများစုက ထိုနည်းလမ်းကို အသုံးပြု‌နေကြသည်။

အင်တာနက်စာမျက်နှာတစ်ခုကို လာ‌ရောက်လည်ပတ်သူများပြားလာပါက ‌နောက်ထပ်ရရှိမည့် အကျိုးအမြတ်တစ်ခုမှာ လူအများ ကို လွှမ်းမိုးထားနိုင်ခြင်းဖြစ်သည်။ အင်တာနက်စာမျက်နှာတစ်ခုကို လူအများက အကြိမ်ကြိမ်ဝင်‌ရောက်‌လေ့လာ၍ အသုံးပြုမှုများ ပြားလာသောအခါ တွင် ထိုအင်တာနက်ကို ပိုင်ဆိုင်သူ လူတစ်ဦး သို့မဟုတ် အစုအဖွဲ့တစ်ခုသည် မိမိတို့ ပြန့်ပွား‌စေလို‌သော အကြောင်းအရာများကို လွွှင့်တင်လာကြသည်။ အများပြည်သူအကြားတွင် ပိုမိုပြန့်ပွားလာ‌အောင် အားထုတ်လာကြသည်။ နိုင်ငံ ရေး၊ စီးပွား‌ရေးနှင့်လူမှု‌ရေးကိစ္စရပ်များကို ထိုအင်တာနက်စာမျက်နှာများအ‌ပေါ်မှ တစ်ဆင့်အသုံးပြု၍ ဖြန့်‌ဝေခြင်း တိုက်ခိုက်ခြင်း များကို ပြုလုပ်လာကြသည်။

ထိုသို့‌သော အပြုသ‌ဘောမ‌ဆောင်‌သော ရည်ရွယ်ချက်ဖြင့် အွန်လိုင်းစာမျက်နှာတစ်ခုတွင် လူကြိုက်သူကြိုက်များ‌သော အ‌ကြောင်း အရာများ လွွှင့်တင်ထားခြင်းကို ကလစ်စာချခြင်း(clickbait)ဟု‌ခေါ်သည်။ ငါးမျှားရာတွင် ငါးစာချ၍ မျှားသကဲ့သို့ ကလစ် များများရ‌စေရန် ကလစ်စာချ၍ မျှားခြင်းကို ‌ခေါ်ဆိုခြင်းလည်းဖြစ်သည်။

ကလစ်စာချခြင်း(clickbait)သည် လူတစ်ဦး၏ စူးစမ်း‌လေ့လာလိုစိတ်ဖြစ်လာ‌အောင် အား‌ပေးလှုံ‌ဆော်‌သော အ‌ကြောင်း အရာတစ်ခုဖြစ်သည်ဟု Urban အဘိဓာန်က ဖွင့်ဆိုထားသည်။ ကလစ်နှိပ်၍ရရှိလာမည့် ဝင်‌ငွေအတွက်လည်း ရည်ရွယ်ထား ကြောင်း ဆက်လက်ဖွင့်ဆိုသည်။

ကလစ်စာချထား‌သော အ‌ကြောင်းအရာများသည် လူအများ၏ သိချင်စိတ်ကို အား‌ပေးအား‌မြှောက်ပြု‌စေရန်‌စေ့‌ဆော်‌ပေး‌နေ‌သော အ‌ကြောင်းအရာများဖြစ်သည်ဟုလည်း ဆိုကြပါသည်။ အင်တာနက်စာမျက်နှာများ‌ပေါ်တွင် ကလစ်စာချခြင်း အများစုကို ‌လေ့လာ ကြည့်‌သောအခါ ‌ရှေ့ပိုင်းတွင် တင်ပြထားခဲ့‌သော လူကြိုက်သူကြိုက်များသည့် လူပြိန်းကြိုက်အ‌ကြောင်းအရာများဖြင့်သာ မျှား တတ်‌ကြောင်း ‌လေ့လာသူများက ဆိုပါသည်။

အင်တာနက်စာမျက်နှာကို လာ‌ရောက်လည်ပတ်သူများပြား‌စေ‌သောရည်ရွယ်ရင်းဖြင့် ကလစ်စာချခြင်းများကို အသုံးပြုလာကြ‌သော‌ကြောင့် အင်တာနက်စာမျက်နှာအချို့နှင့်အွန်လိုင်းလူမှုကွန်ရက်များသည် ‌ကြော်ငြာမှုဝါဒများကို ချမှတ်၍ မသမာ‌သော နည်း လမ်းဖြင့် လူစိတ်ဝင်စားမှုမြင့် တက်‌အောင်ကြိုးပမ်းမှုများကို ဟန့်တားလာကြသည်။

အများပြည်သူ၏ မှန်ကန်‌သော ယုံကြည်မှုရရှိလာ‌စေရန် အားထုတ်ကြိုးပမ်းလာကြသည်။ သို့‌သော် နိုင်ငံ‌ရေးအားဖြင့် ရှင်ပြိုင် တိုက်ခိုက်ရန် အားထုတ်ကြ‌သော လူမှုအသိုက်အဝန်းသည် သတင်းအတုများ၊ သတင်းအမှားများ၊ အညှီအ‌ဟောက်များ၊ အတင်း အဖျင်းများနှင့် လူအများအကြားတွင် တမဟုတ်ခြင်း ‌ရေးပန်းစားသွား‌စေနိုင်သည့် အ‌ကြောင်းအရာများကို အားပြု၍ စနစ်တကျ အသုံးချလာကြသည်။

ထိုအပြုအမှုများကို ‌ရှောင်ရှားနိုင်‌စေရန် အဓိကကျသောသူများမှာ အွန်လိုင်းစာမျက်နှာနှင့်လူမှုကွန်ရက်များကို အသုံးပြု‌နေကြသူ များသာဖြစ်သည်။ အွန်လိုင်းအသုံးပြုသူများသည် မိမိတို့ရရှိ‌သောအ‌ကြောင်းအရာအချက်အလက်များကို ဖြစ်တန်၏ မဖြစ်တန်၏ ချင့်ချိန်မှန်းဆ အတည်ပြုချက်ရယူပြီးမှာသာလျှင် ယုံကြည်စိတ်ချသင့်ပါသည်။ မှန်ကန်မှုနှင့်ဂုဏ်သိက္ခာကို အ‌လေးထား‌သော အင်တာနက်စာမျက်နှာနှင့်လူမှုကွန်ရက်စာမျက်နှာများသည် မသာမာ‌သောနည်းလမ်းဖြင့် ကလစ်စာချခြင်းကို ‌ရှောင်ကြည်‌လေ့ ရှိကြပါသည်။ နည်းမှန်လမ်းမှန်ဖြင့် မိမိ၏ အင်တာနက်စာမျက်နှာကို စိတ်ဝင်စား‌စေရန် အားထုတ်ထားသောသူနှင့်အဖွဲ့အစည်း များရှိ‌နေ‌သေးသည်ကိုလည်း သတိပြုရန်လိုအပ်ပါသည်။ မိမိတို့၏ စဉ်းစားချင့်ချိန်မှုစွမ်းအားများဖြင့် ယုံသင့် မယုံသင့် ဆုံးဖြတ် ရန်လိုအပ်ပါသည်။

ဟန်‌ဇော်

Please follow and like us:
0