လုပ်ကြံသတင်းနှင့်သတင်းမှားခြင်း

သတင်းမှားခြင်း၊ သတင်းအချက်အလက်မှားယွင်းခြင်းနှင့် မှန်ကန်‌သောသတင်းအချက်အလက်မရရှိခြင်းတို့သည် ယ‌နေ့ကာလတွင် ရင်ဆိုင် ကြုံ‌တွေ့‌နေရ‌သော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်းကို အင်္ဂလိပ်‌ဝေါဟာရအားဖြင့် misinformation ဟု ‌ခေါ်‌ဝေါ်သုံးစွဲပါသည်။  တမင်ဖန်တီးသည့် မမှန်သတင်း တနည်းအားဖြင့် လုပ်ကြံသတင်းကို disinformation  ဟု ‌ခေါ်ဆိုပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်း(misinformation)နှင့်လုပ်ကြံသတင်း(disinformation)တို့သည် သ‌ဘောသဘာဝခြင်း တူညီခြင်းမရှိသလို သတင်းမှားရခြင်း၏ အကြောင်းအရင်းသည်လည်း တူညီမှုမရှိပါ။

တမင်ဖန်တီးသည့် မမှန်သတင်း(လုပ်ကြံသတင်း)
(disinformation)
လုပ်ကြံသတင်း(disinformation)ဆိုသည်မှာ တစ်စုံတရာကိစ္စရပ်တစ်ခု ဖြစ်‌ပေါ်ခြင်း၊ လုပ်‌ဆောင်ရန်စီစဉ်ခြင်း လုံးဝမရှိပါဘဲ မိမိလိုချင်‌သော ပုံစံရရှိ‌အောင် ဖန်တီးလုပ်ကြံ၍ အများပြည်သူထံသို့ ‌ကြေညာခြင်း၊ ထုတ်ပြန်ခြင်းနှင့် ပျံနှံ့‌အောင်အ‌ကောင်အထည်‌ဖော်‌ဆောင်လိုက်‌သော သတင်းကို ဆိုလိုပါသည်။ ထို့အပြင် ဖြစ်ရပ်မှန်အ‌ခြေအ‌နေကို ပုံစံဖျက်၍ မိမိအလိုရှိ‌သောသဏ္ဍာန်အတိုင်း လုပ်ကြံ‌ကောက်ချက်စွဲ၍ ပုံမှား ထုတ်လွှင့်လိုက်‌သောသတင်းများကိုလည်း လုပ်ကြံသတင်းဟု ဆိုနိုင်ပါသည်။ မိမိဦးတည်ရာအသိုင်းအဝန်းတစ်ခုသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပို့လွှတ်လိုက်‌သော သတင်းအချက်အလက်များကို လုပ်ကြံသတင်းဟု ‌ခေါ်ဆိုပါသည်။ ထို‌ဝေါဟာရကို ၁၉၅၆ ခုနှစ်နှင့် ၁၉၇ဝ ပြည့်နှစ်ဝန်း ကျင်တို့တွင် စတင်၍သုံးစွဲခဲ့သည်ဟု ‌လေ့လာသူများက ဆိုခဲ့‌သော်လည်း အင်္ဂလိပ်အဘိဓာန်များတွင် ၁၉၈ဝ ပြည့်နှစ်‌နှောင်းပိုင်းကာလများ အထိ ထို‌ဝေါဟာရကို ထည့်သွင်းခြင်း မပြုခဲ့‌သေး‌ကြောင်း လေ့လာသိရှိရသည်။

disinformation ဆို‌သော ‌ဝေါဟာရသည် ရုရှားဘာသာစကားမှ ဆင်းသက်လာ‌ကြောင်း၊ နိုင်ငံ‌ရေးအရ ‌အောင်မြင်မှုရရှိရန် ကြံစည်လုပ်‌ဆောင်‌သော သို့မဟုတ် လိမ်လည်‌သော သတင်းဖြစ်‌ကြောင်းနှင့်ဝါဒဖြန့်ချိ‌ရေးအတွက် ပုံမှားထုတ်လုပ် ထား‌သော ဝါဒဖြန့်ချိ‌ရေးသတင်းများဖြစ်‌ကြောင်း လေ့လာတွေ့ရှိရသည်။

disinformation ဆို‌သော‌ဝေါဟာရသည် ရုရှားနှင့်အ‌မေရိကန် နှစ်နိုင်ငံအကြား ၁၉၆ဝ ပြည့်နှစ်ဝန်းကျင်အတွင်း နိုင်ငံရေးအရ အားပြိုင်ကြ သည့် အချိန်ကာလအတွင်း တစ်ဖက်နှင့်တစ်ဖက် သတင်းအမှားများ အပြန်အလှန်ထုတ်ပြန်ခြင်းဖြင့် ‌ရေပန်းစားလာ‌သော‌ဝေါဟာရတစ်ခု ဖြစ်သည်။

Webster’s New College နှင့် American Heritage အဘိဓာန်တို့သည် disinformation ‌ဝေါဟာရကို ၁၉၈၅ ခုနှစ်၌ အဘိဓာန်သို့ ထည့်သွင်း‌ဖော်ပြခဲ့ သည်။ ၁၉၉ဝ ပြည့်နှစ်ကာလများတွင် disinformation ‌ဝေါဟာရသည် အင်္ဂလိပ်ဘာသာစကား၏ နိုင်ငံ‌ရေး‌ဝေါဟာရဖြစ်လာခဲ့သည်။

သတင်းအချက်အလက်မှားယွင်းခြင်း
(misinformation)
သတင်းအချက်အလက်မှားယွင်းခြင်း သို့မဟုတ် သတင်းမှားခြင်းဆိုသည်မှာ ဖြစ်ရပ်မှန်အ‌ခြေအ‌နေနှင့်ကင်းကွာ၍ ပျံနှံ့‌နေသာ သတင်း အချက်အလက်၊ သတင်းကို ဆိုလိုသည်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုကွန်ရက်အွန်လိုင်းစာမျက်နှာများ အား‌ကောင်းလာခြင်းသည် သတင်းမှားခြင်းဖြစ်‌ပေါ်မှုကို များစွာဖြစ်‌ပေါ်‌နေ‌စေသည်။ ထိုသို့ သတင်းမှားခြင်းများ ဖြစ်‌ပေါ်ရခြင်းသည် သတင်းမှန်ကန်တိကျမှုကို ‌ကောင်းမွန်စွာ စိစစ်မတည်းဖြတ်နိုင်ဘဲ သတင်း အရည်အ‌သွေးနည်းပါးစွာဖြင့် လူအများအကြားတွင် ပျံ့နှံ့သွား‌သော‌ကြောင့်ဖြစ်သည်။

ထိုသို့ ပျံနှံ့သွား‌သော သတင်းကို တဆင့်ခံဖြန့်‌ဝေသူများက မိမိတို့၏ ထင်မြင်ယူဆချက်များကို ထပ်မံဖြည့်စွက်၍ ဆင့်ပွားဖြန့်ချိလာ‌သော အခါ သတင်းမှားယွင်းမှုသည် ပိုမို ကြီးထွားလာပြီး မှန်ကန်‌သောသတင်းအချက်အလက်နှင့်ပိုမို ‌ဝေးကွာလာခဲ့သည်။ ထိုပြဿနာကို ‌ဖြေရှင်း နိုင်‌သော အ‌ကောင်းမွန်ဆုံးနည်းလမ်းမှာ သတင်းအရင်းအမြစ်များသည် မှန်ကန်သောသတင်းများကို ခိုင်လုံတိကျစွာဖြင့် အချိန်နှင့်တ‌ပြေးညီ ထုတ်ပြန်နိုင်ခြင်းနှင့် မှားယွင်းလာ‌သောသတင်းမှားများကို အချိန်နှင့်တ‌ပြေးညီ လိုက်လံ‌ဖြေရှင်းခြင်းတို့ပင် ဖြစ်သည်။

သတင်းမှားခြင်း ဖြစ်‌ပေါ်သည့် အ‌ခြေအ‌နေ အ‌ကြောင်းအရင်း သုံးရပ်ရှိသည်ဟု ‌လေ့လာသူများက ဆိုကြသည်။ ထိုအ‌ခြေအ‌နေသုံးရပ်မှာ
၁။ ဘက်လိုက်ခြင်း(အင်တာနက်)
၂။ တရားဝင်သတင်းဟုတ်မဟုတ် မဆုံးဖြတ်နိုင်ခြင်း
၃။ သတင်းနှင့်မီဒီယာအားပြိုင်ခြင်း တို့ဖြစ်ပါသည်။

၁။ ဘက်လိုက်ခြင်း
အွန်လိုင်းအသုံးပြုသူများသည် မိမိတို့ သိရှိလာ‌သော သတင်းများကို မိမိတို့၏ ထင်မြင်ယူဆချက် သက်သက်ဖြင့် သက်‌သေအ‌ထောက်အ ထား အကိုးအကား တစ်စုံတရာမပါဝင်ပါဘဲ ထုတ်လုပ်‌ပြောကြားလာကြသကဲ့သို့ သတင်းအချက်အလက်၏ မှန်ကန်နိုင်မှုအရည်အ‌သွေးကို လည်း အကဲဖြတ်နိုင်မှု ကင်းမဲ့လာကြသည်။ ထို့‌ကြောင့် သတင်းအချက်အလက် အ‌ကြောင်းအရာနှင့်ပတ်သက်၍ ‌ကောင်းမွန်မှန်ကန်‌သော တည်းဖြတ်မှုနှင့်သင့်တင်မျှတ‌သော ‌ဖော်ပြမှုများကို ပြုလုပ်နိုင်ခြင်း မရှိပါဘဲ သတင်းများကို ဘက်လိုက်၍ ‌ရေးသားမျှ‌ဝေလာကြသည်။ အင်တာနက်သည် ပျံ့နှံလွယ်ကူ‌သော အရပ်ဖြစ်ပြီး စိစစ်တည်းဖြတ်မှုများ အားနည်း‌သော အ‌ခြေအနေတစ်ရပ်လည်းဖြစ်သည်။

၂။ တရားဝင်သတင်းဟုတ်မဟုတ် မဆုံးဖြတ်နိုင်ခြင်း
အင်တာနက်သို့ ပျံနှံ့လာ‌သော သတင်းအချက်အလက်များသည် တရားဝင်ထုတ်ပြန်ခြင်း ဟုတ်မဟုတ်နှင့် ထွက်‌ပေါ်လာ‌သောသတင်းတို့အ‌ပေါ် တရားဝင်ပြန်လည်‌ဖြေရှင်းနိုင်ခြင်း ရှိမရှိတို့ကို တိကျစွာ မသိနိုင်‌သောအ‌ခြေအ‌နေတွင်လည်း သတင်းမှားခြင်းများ ဖြစ်‌ပေါ်လာနိုင် သည်။ ထို့အတူ မှန်ကန်သောသတင်းရင်းမြစ်မှ သိရ‌သော်လည်း တရားဝင်အတည်ပြုနိုင်မှုကင်းမဲ့လာချိန်တွင်လည်း သတင်းမှားခြင်းများ ဖြစ်‌ပေါ်လာသည်။

၃။ သတင်းနှင့်မီဒီယာအားပြိုင်ခြင်း
သတင်းအချက်အလက်များကို သတင်းရင်းမြစ်များမှ သတင်းဌာနများနှင့်အွန်လိုင်းအသုံးပြုသူများသည် တစ်ခါတစ်ရံတွင် တပြိုင်တည်း ရရှိကြသည်။ ရရှိသောသတင်းအချက်အလက်ကို အွန်လိုင်းအသုံးပြုသူနှင့်သတင်းဌာနများ၏ သတင်းဖြန့်ချိမှုသည် တစ်ပြိုင်တည်း ဖြစ်‌ပေါ်လာသည်။ ထိုသို့ ဖြစ်‌ပေါ်လာချိန်တွင် သတင်းဌာနနှင့်အွန်လိုင်းအသုံးပြုသူ၏ သတင်း‌ဖော်ပြမှုသည် ကွဲလွဲလာသည်။ သတင်းဌာန သည် သတင်း၏ လုပ်ထုံးလုပ်နည်းအတိုင်း ဘက်နှစ်ဘက် ညီမျှမှုကို အားပြု၍ အွန်လိုင်းအသုံးပြုသူသည် မိမိထင်မြင်ယူဆချက်ကိုသာ အားပြုသည်။ ထိုအ‌ခြေအ‌နေများတွင် သတင်းမှားခြင်းများသည် အားပြိုင်မှုကို အ‌ကြောင်းပြု၍ ဖြစ်‌ပေါ်လာခဲ့သည်။

အွန်လိုင်းအား‌ကောင်း‌သော ယ‌နေ့‌ခေတ်တွင် သတင်းများကို ကိုယ်တိုင်စိစစ်၍ ချင့်ချိန်လက်ခံသင့်ပြီး သတင်းရင်းမြစ်များအ‌နေဖြင့်လည်း မှန်ကန်‌သောသတင်းစီးဆင်းမှုရရှိ‌စေရန် ‌ကောင်းမွန်စွာ စီမံခန့်ခွဲသင့်ပါသည်။

ဟန်‌ဇော်

Please follow and like us:
0