ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း၏ မှတ်စု

‘‘ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်၌ ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့သည်။

‘‘ဖတ်သူအကြိုက်နှင့်ကဗျာအ‌ကြောင်း’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာ‌ဆွေး‌နွေးပွဲတစ်ခုကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်၌ ရန်ကုန်မြို့ ပုဇွန်‌တောင် မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့သည်။ ‌ဆွေး‌နွေးပွဲကို ကဗျာဆရာ‌ဇေယျာလင်းကဦး‌ဆောင်၍ တက်‌ရောက်လာသူများနှင့်အပြန်အလှန်‌ ဆွေး‌နွေးခဲ့ကြသည်။ ထို‌ဆွေး‌နွေးပွဲတွင် ‌ဆွေး‌နွေး‌ပြောကြားခဲ့ကြသည့် အ‌ကြောင်းအရာများမှအချို့ကို မှတ်တမ်းမှတ်ရာအဖြစ် ‌အောက်ပါအတိုင်း ပြုစုပါသည်။

ကဗျာတစ်ပုဒ်ကို ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ ကြိုက်ရသည့်အ‌ကြောင်းအရင်း၊ မကြိုက်ရသည့်အ‌ကြောင်းအရင်းနှင့် ကဗျာဖတ်သူတစ်ဦး၏ ကြိုက်နှစ် သက်မှုများအ‌ကြောင်းတို့ကို နမူနာပြကဗျာများဖြင့် အပြန်အ လှန်‌ဆွေး‌နွေးခဲ့ကြသည်။ ထိုသို့‌ဆွေး‌နွေးသည့် အ‌ပေါ်တွင်မူတည်၍ ကဗျာဖတ်သူတစ်ဦးနှင့် တစ်ဦးသည် ကဗျာတစ်ပုဒ်ကို ကြိုက်နှစ်သက်သည့်ပုံစံ မတူညီနိုင်‌ကြောင်း၊ ကဗျာတစ်ပုဒ်ကို ကြိုက်နှစ်သက်ရသည့် အ‌ကြောင်းအရင်းကို အချက် ၅ ချက် ဖြင့် ‌ဆွေး‌နွေးလို‌ကြောင်း ကဗျာဆရာ‌ဇေယျာလင်းက ‌ဆွေး‌နွေးသည်။

အဆိုပါအချက် ၅ ချက်မှာ

၁။ ကဗျာ၏ သ‌ဘောထား

၂။ ကဗျာဖတ်သည့်အ‌တွေ့အကြုံ

၃။ ကဗျာနှင့်ရင်းနှီးကျွမ်းဝင်မှု

၄။ ကဗျာဆိုင်ရာသိမှုနှင့်

၅။ ကဗျာဖတ်နည်း

တို့ဖြစ်‌ကြောင်း ကဗျာဆရာ‌ဇေယျာလင်းက ဖွင့်ဆိုရှင်းလင်းသည်။

ထိုရှင်းလင်းချက်များအရ

၁။ ကဗျာ၏ သ‌ဘောထားဆိုသည်မှာ

ကဗျာတစ်ပုဒ်မှ‌ဖော်ပြသည့် အ‌ကြောင်းအရာပါသ‌ဘောထားကို ဆိုလို‌ကြောင်း၊

၂။ ကဗျာဖတ်သည့် အ‌တွေ့အကြုံ ဆိုသည်မှာ

အမျိုးအစားစုံလင်လှသည့် ကဗျာများကို ဖတ်ဖူးသည့်၊ ‌လေ့လာဖူးသည့်အ‌တွေ့အကြုံကို ဆိုလို‌ကြောင်း၊

၃။ ကဗျာနှင့်ရင်းနှီးကျွမ်းဝင်မှု ဆိုသည်မှာ

ထွေထူးများပြားလှ‌သော ကဗျာပုံသဏ္ဍာန်များကို ဖတ်သူက ရင်းနှီး‌နေခြင်းကို ဆိုလို‌ကြောင်း၊

၄။ ကဗျာဆိုင်ရာသိမှု ဆိုသည်မှာ

ကဗျာ၏ ပညာရပ်ဆိုင်ရာများအား သိမှုကို ဆိုလို‌ကြောင်းနှင့်

၅။ ကဗျာဖတ်နည်း ဆိုသည်မှာ

အမျိုးအစားမတူညီ‌သော၊ ပုံသဏ္ဍာန်မတူညီ‌သော ကဗျာများကို မည်သို့မည်ပုံဖတ်ရမည်ဆိုသည့် ဖတ်နည်းကို ဆိုလို‌ကြောင်း

ကဗျာဆရာ‌ဇေယျာလင်းက ရှင်းလင်း‌ဆွေး‌နွေးခဲ့သည်။

ကဗျာတစ်ပုဒ်ကို ဖတ်သူကြိုက်နှစ်သက်သည်ဆိုသည်မှာ အထက်‌ဖော်ပြပါအချက် ၅ ချက်အ‌ပေါ်တွင် အဓိကမူတည်‌နေပြီး ယင်းတို့အနက်မှ အချက် တစ်ချက်‌ပြောင်းပါက ကဗျာကို ကြိုက်နှစ်သက်မှု သ‌ဘောသဘာဝ‌ပြောင်းလဲသွားနိုင်‌ကြောင်း‌ဆွေး‌နွေး၍ မိမိ(ကဗျာဆရာ‌ဇေယျာလင်း)အ‌နေဖြင့် ကဗျာတစ်ပုဒ်၏ လတ်ဆတ်မှု၊ ဖြတ်လတ်မှုအပါအဝင် ဉာဏ်နှင့်ခံစားမူ‌ပေါင်းစပ်ထားသည့် ကဗျာအမျိုးအစားကို နှစ်သက်‌ကြောင်း ကဗျာဆရာ ဇေယျာလင်းက ‌ဆွေး‌နွေးခဲ့သည်။

မှတ်ချက်များ

‘‘ဖတ်သူအကြိုက်နှင့်ကဗျာအ‌ကြောင်း’’‌ဆွေး‌နွေးပွဲသို့ မြန်မာနိုင်ငံအွန်လိုင်းကဗျာဆရာ၊ ကဗျာဆရာမများအသင်းမှ လူငယ်ကဗျာဆရာများ၊ ပဲန်မြန်မာ အဖွဲ့ဝင်များနှင့်ကဗျာချစ်မြတ်နိုးသူများ တက်‌ရောက်ခဲ့ကြသည်။ ထိုသို့ တက်‌ရောက်‌ဆွေး‌နွေးခဲ့သည်များနှင့်ပတ်သက်၍ ယခု‌ဆွေး‌နွေးပွဲတွင် မျိုးဆက်သစ် လူငယ်ကဗျာဆရာများကို ‌တွေ့ရ‌ကြောင်း၊ ထိုသို့‌တွေ့ရသည့်အတွက် ဝမ်းသာမိ‌ကြောင်းနှင့်ကဗျာအ‌ကြောင်းကို ပွင့်လင်းရင်းနှီးစွာ‌ဆွေး‌နွေးရ၍ ဝမ်း‌မြောက်မိ‌ကြောင်း ကဗျာဆရာ‌မောင်ပြည့်မင်းက ‌ပြောကြားခဲ့သည်။

ထို့အတူ ကဗျာဆရာခိုင်မြဲ‌ကျော်စွာကလည်း လူမျိုးတစ်မျိုး၏ ယဉ်‌ကျေးမှုအဆင့်အတန်းကို ထိုလူမျိုးက ‌ရေးသား‌နေသည့် ကဗျာများတွင် ‌တွေ့ရှိနိုင်‌ကြောင်း၊ ယဉ်‌ကျေးမှုအဆင့်မြင့်မား‌အောင် မိမိတို့ကိုယ်တိုင်သာ မြှင့်တင်နိုင်မည်ဖြစ်‌ကြောင်းနှင့် မိမိတို့၏ ယဉ်‌ကျေးမှုအဆင့်အတန်းမြင့်မား‌အောင် ယခုကဲ့သို့ဝိုင်းဝန်းမြှင့်တင်မှ သာဖြစ်နိုင်မည်ဖြစ်‌ကြောင်း‌ပြောကြားခဲ့သည်။

ကဗျာဆရာမဖြူမွန်ကလည်း ကဗျာဖတ်ခြင်းအ‌တွေ့အကြုံမှတစ်ဆင့် အသိပညာရရှိခြင်းနှင့်ထူးခြားဆန်းသစ်သည့် အ‌တွေးအမြင်ရခြင်းတို့ကို ဖြစ်‌ပေါ်‌စေနိုင်‌ကြောင်း‌ပြောကြားခဲ့သည်။

ဟန်‌ဆန်း

Please follow and like us:
error0