စသည်၊ စသည်ဖြင့်…(စာအုပ်)

‘စသည်၊ စသည်ဖြင့်…၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အရေးအသားများ’စာအုပ်

‘စသည်၊ စသည်ဖြင့်’စာအုပ်သည် ‌ရွှေအမြု‌တေမဂ္ဂဇင်းတွင် မြင့်သန်း‌ရေးသားခဲ့သည့် စာ‌ပေ၊ ဘာသာ စကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာ  စသည့်အ‌ရေးအသားများနှင့်ပတ်သက်‌သော ဆောင်းပါးများကို စုစည်း၍ နှစ်ကာလများစာ‌ပေက ၂ဝ၁၂ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ်ထုတ်‌ဝေခဲ့‌သော စာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်အမည်ကိုလည်း ‘စသည်၊ စသည်ဖြင့်…၊ စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အ‌ရေး အသားများ’ဟုအမည်‌ပေးထားသည်။

‘စသည်၊ စသည်ဖြင့်’စာအုပ်တွင် စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်းနှင့်ရသပညာ စသည့် ပညာရပ်ဆိုင်ရာများကို အ‌ထောက်အထားမဲ့၊ အကိုး အကားမဲ့ ‌ဖော်ပြသည့်အပြင် ‌သေချာ‌ရေးရာသည် သု‌တေသနပြုမှု မရှိဘဲနှင့် မိမိထင်မြင်ယူဆသည့် ထင်မြင်ယူဆချက်အတိုင်း မိမိနားလည်သည့် ‌ဘောင် တစ်ခုအတွင်းမှ ‌ရေးသား‌ဖော်ပြခဲ့သည့် စာတမ်းများနှင့်‌ဆောင်းပါးများ (ဆရာ)မြင့်သန်းက အကိုးအကားများဖြင့် ပြန်လည်‌ထောက်ပြရှင်းလင်းထား သည့် ‌ဆောင်းပါးများဖြစ်သည်။

‘စသည်၊ စသည်ဖြင့်’စာအုပ်တွင်

(၁)ဂီတသဘင်ဆိုင်ရာ မြန်မာရသပညာ ‌နောက်ခံသမိုင်းစာတမ်းအား ချဉ်းကပ်သုံးသပ်ခြင်း၊

(၂)ဝတ္ထုတို၊ မြန်မာ ဝတ္ထုတိုနှင့် စပ်ကြားအ‌ရေးအသား၊

(၃)သမိုင်းစာ၊ သမိုင်းဝတ္ထု ‌ရေကန်သာကြာတိုင်း‌အေး စသည် စသည်ဖြင့်၊

(၄)မြန်မာ ရသပညာဆိုတဲ့ ကိစ္စ၊

(၅) အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှုအနုပညာကို ချဉ်းကပ်ခြင်း၊

(၆)အနုပညာ၊ ရသပညာ၊ ကိုယ့်ကျင့်တရားနှင့်တန်ဖိုး၊

(၇)အနုပညာ၊ ခံစားချက်၊ ဂီတနှင့်ရသပညာ၊

(၈)သူများဇာတ်‌ကောင်၊ ကိုယ့်ဇာတ်‌ကောင်နှင့်လက်လွတ်စပယ် လုပ်ပိုင်ခွင့်၊

(၉)အနုပညာ၏ ဖန်တီးမှုနှင့်နည်းလမ်း

စ‌သော‌ဆောင်းပါးကိုးပုဒ်ကို ‌ဖော်ပြထားသည်။

(၁) ဂီတသဘင်ဆိုင်ရာ မြန်မာရသပညာ ‌နောက်ခံသမိုင်းစာတမ်းအား ချဉ်းကပ်သုံးသပ်ခြင်း ‌ဆောင်းပါးသည် ချစ်စံဝင်း‌ရေးသားခဲ့သည့် စာတမ်းဖြစ်‌သော ‘ဂီတသဘင်ဆိုင်ရာ မြန်မာရသပညာ‌ နောက်ခံသမိုင်း’နှင့်ပတ်သက်၍ အားနည်းချက်များကို ‌ဖော်ထုတ်‌ရေးသားပြထား‌သော ‌ဆောင်းပါးဖြစ် သည်။ ထိုစာတမ်းနှင့်ပတ်သက်၍ ‘ကျွန်‌တော်၏ ပုဂ္ဂလိကအမြင်သက်သက်အရ ထိုစာတမ်းဟု ကင်ပွန်း တပ်ထား‌သော စာတမ်းအ‌ပေါ် ‌ယေဘုယျ‌ကောက်ချက်‌ပေးရ‌သော် ‘‘ရသပညာ’’နှင့်စပ်လျဉ်း၍လည်း‌ ကောင်း၊ ဂီတဆိုင်ရာ၊ သဘင်ပညာဆိုင်ရာ ရသပညာနှင့် စပ်လျဉ်း၍‌သော်လည်း‌ကောင်း သို့မဟုတ် မြန်မာတို့၏ ဂီတနှင့်သဘင်ပညာရပ်ဆိုင်ရာ ရသပညာသမိုင်းနှင့်လည်း‌ကောင်း ‘‘လုံးဝ’’ဆက်နွယ်မှုမရှိ‌သော အ‌ရေးအသားတစ်ခုဟူ၍သာ မြင်သည်။ ထို့အပြင် ရသပညာ၏ အ‌ကြောင်းရင်း အတွင်းကျကျ၊ အရင်း အမြစ်စသည်တို့ (Indepth ကို ဆိုလိုသည်) စိုးစဉ်းမျှမသိဘဲ ‌ရေးသားထား‌သော အ‌ရေးအသားမျိုးသာဖြစ်‌ကြောင်း ‌ပေါ်လွင်လှသည်။ ‘‘ရသ’’နှင့်‘‘အရသာ’’ကို မကွဲဘဲ ထင်မိထင်ရာ ‌တွေးကာ‌ရေးထား‌ သော အ‌ရေးအသားသာ ဖြစ်‌ကြောင်း သိသာသည်’ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထား သည်။

(၂) ဝတ္ထုတို၊ မြန်မာဝတ္ထုတိုနှင့် စပ်ကြားအ‌ရေးအသား‌ ဆောင်းပါးသည် ဝတ္ထုတိုအ‌ရေးအသားစတင်ခဲ့ပုံ၊ ဝတ္ထုတိုဟု အမျိုးအစားခွဲခြားပုံ၊ မြန်မာ ဝတ္ထုတိုတို့နှင့်ပတ်သက်သည် ယူဆချက်များနှင့်သုံးသပ်ချက်များ၊ ဝတ္ထုတိုနှင့်အခြား‌သော စာ‌ပေအမျိုးအစားများအကြား အမျိုးအစားခွဲခြားရန် ခက်ခဲရသည့်အ‌ကြောင်းအရာများ စသည်တို့နှင့်ပတ်သက်၍ ‌ရေးသားထား‌သော ‌ဆောင်းပါးဖြစ်သည်။ ထို‌ဆောင်းပါးတွင် စာ‌ပေအမျိုးအစားခွဲခြားသည်နှင့် ပတ်သက်၍ ‘ရံဖန်ရံခါ အ‌ရေးအသားတစ်ခုကို ဖတ်ရှုရာတွင် အမျိုးအစားသတ်မှတ်ထားသည့်အတိုင်း ဖတ်မည်‌လော။ ဖတ်သူက သူ၏သိမှတ်ခံစား နားလည်းနိုင်သည့်အတိုင်း ဖတ်မည်‌လော ဆိုသည်မှာ စဉ်းစားစရာဖြစ်လာပြန်သည်။ ဤကိစ္စမှာ လူပုဂ္ဂိုလ်အသီးသီး၌ တည်‌နေ‌သော သီးခြားအပြုအမှု၊ စွမ်းရည်များဖြစ်သည်။ အ‌ရေးအသားများကို ဖတ်ရှုရာတွင် သာယာသူ၊ ကျွမ်းကျင်သူများ‌လောက်ကသာ သူဖတ်ရှု‌သော အ‌ရေးအသားကို ဤသည်မှာ ဝတ္ထုတို‌လော၊ ‌ဆောင်းပါး‌ လော၊ အက်‌ဆေး‌လောဟု ‌တွေးကြ‌ပေမည်။ သာမန်စာဖတ်သူ အများစုအဖို့မှာ (တစ်ဦးတစ်‌ယောက်‌ယောက်က) အမျိုးအစား ခွဲထားသည့်အတိုင်း လက်ခံကာ ဖတ်ရှုကြမည်ဟု ထင်သည်’ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။

(၃) သမိုင်းစာ၊ သမိုင်းဝတ္ထု ‌ရေကန်သာကြာတိုင်း‌အေး စသည် စသည်ဖြင့်‌ ဆောင်းပါးသည်  The Glass Palace ဝတ္ထုကို စာ‌ရေးဆရာ‌နေဝင်းမြင့်က ဘာသာပြန်‌ရေးသားသည့် ‘‌ရေကန်သာကြာတိုင်း‌အေး’ဝတ္ထုနှင့်ပတ်သက်၍ ‌ဝေဖန်ကြသည်များကို ပြန်လည်‌ထောက်ပြထား‌သော ‌ဆောင်းပါးဖြစ်သည်။  ထို‌ဆောင်းပါးတွင် သမိုင်းဆိုင်ရာစာ‌ပေအမျိုးအစားနှင့်သမိုင်း‌နောက်ခံဝတ္ထုတို့သည် မတူညီဘဲ ကွဲပြား‌ကြောင်း၊ သမိုင်းစာဖတ်ခြင်းနှင့်ဝတ္ထုဖတ်ခြင်း တို့သည်လည်း မတူညီ‌ကြောင်း၊ သမိုင်း‌နောက်ခံဝတ္ထုများကို သမိုင်းဆိုင်ရာအ‌ထောက်အထားများ၊ ‌ပေတံများဖြင့် လိုက်လံတိုင်းတာ၍ မဖြစ်နိုင်‌ကြောင်းနှင့် မူရင်းဘာသာစကားမှ မိခင်ဘာသာစကားသို့ ဘာသာပြန်ဆိုရာတွင် ကြုံ‌တွေ့ရသည့် ကိစ္စများ၊ သ‌ဘောထားများကို ‌ရေးသားထား‌သော ‌ဆောင်းပါး ဖြစ်သည်။ ထို‌ဆောင်းပါးတွင် ‘‌ရေကန်သာကြာတိုင်း‌အေး’ဝတ္ထုနှင့်ပတ်သက်၍ ‘‌နေဝင်းမြင့် ဘာသာပြန်ထား‌သော ‌ရေကန်သာကြာတိုင်‌အေးကို ဖတ် ပြီး‌နောက် ဘဝင်မကျဟု ဆိုကြသူများအ‌နေဖြင့် ကိုယ့်ဘာသာ ဘာသာပြန်၊ ကိုယ့်ဘာသာ ပုံနှိထုတ်‌ဝေကာ၊ ကိုယ့်ဘာသာ ဘဝင်ကျစွာဖြင့် ဖတ်ကြလျှင် အ‌ကောင်းဆုံးဖြစ်‌ပေ‌တော့မည်ဟု ကျွန်‌တော် မြင်မိသည်’ဟု (ဆရာ)မြင့်သန်းက ‌ရေးသားထားသည်။

(၄) မြန်မာ ရသပညာဆိုတဲ့ ကိစ္စ‌ ဆောင်းပါးသည် မြန်မာ့ရသပညာရပ်နှင့်ပတ်သက်၍ အ‌ထောက်အထားမဲ့၊ အကိုးအကားမဲ့ဖြင့် ပညာရပ်ဆိုင်ရာကိစ္စ များကို ပညာရပ်ဆိုင်ရာချဉ်းကပ်နည်းဖြင့် စနစ်ကျနစွာချဉ်းကပ်ခြင်းမရှိဘဲ ထင်ရာမြင်ရာများကို ‌ရေးသားထားသည်နှင့်ပတ်သက်၍ ‌ရေးသားထားသော‌ ဆောင်းပါးဖြစ်သည်။ ထို‌ဆောင်းပါးတွင် ရသပညာကို ဝါဒဖြန့်ချိခြင်းအတွက် အသုံးမပြုသင့်သည်နှင့်ပတ်သက်၍ ‘ရသပညာတည်းဟူ‌သော ပညာရပ်မှာ လူမျိုး‌ရေးပဋိပက္ခကို ဦးတည်၍ လည်း‌ကောင်း၊ ‌ဒေသဆိုင်ရာ ညီညွတ်မှုကို ပျက်ပြား‌စေရန် ဦးတည်၍ လည်း‌ကောင်း၊ လက်ကြိတ်ထိုး ‌စေ့‌ဆော်ရန်အတွက် ကိရိယာတန်ဆာပလာတစ်ခုအဖြစ် သုံးရန်မသင့်’ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။

(၅) အမြင်ကျဉ်း၊ စံအမှားတို့ဖြင့် ဖန်တီးမှုအနုပညာကို ချဉ်းကပ်ခြင်း‌ ဆောင်းပါးသည် ဖန်တီးမှုအနုပညာရပ်ကို မိမိ၏ သိမှုနယ်ပယ်အတွင်းမှမိမိ သိရှိ ထားသည့် စံလွဲများဖြင့် ချဉ်းကပ်ခြင်း၊ ‌လေ့လာခြင်း၊ သုံးသပ်ခြင်းများနှင့် ပညာရပ်နယ်ပယ်တစ်ခုကို အဆုံးအစွန်အထိ ‌လေ့လာလိုက်စားခြင်းမရှိဘဲ ထင်ရာမြင်ရာ‌ပြောဆို‌ရေးသားကြသည်နှင့်ပတ်သက်၍ ‌ရေးသားထား‌သော‌ဆောင်းပါးဖြစ်သည်။ ထိုအချက်များနှင့်ပတ်သက်၍ ‘စင်စစ် စာ‌ပေကို ပညာရပ်တစ်ခုအဖြစ် ‌လေ့လာကာ ‌ဝေဖန်ဆန်းစစ်အကဲဖြတ်မည်ဆို‌သော စနစ်/စည်း တစ်စုံတရာ အတွင်းမှသာ ‌ဝေဖန်ဆန်းစစ်ခြင်း ပြုနိုင်‌ပေမည်။ မိမိအမြင်တစ်ခုတည်းကို အ‌ခြေခံကာ မပြုနိုင်။ ပြု‌သော် စနစ်တကျပြုခြင်း မမည်‌တော့။ စနစ်တကျမဟုတ်‌သော် တန်ဖိုးတစ်စုံတရာမရှိ’ဟု (ဆရာ) မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။

(၆) အနုပညာ၊ ရသပညာ၊ ကိုယ့်ကျင့်တရားနှင့်တန်ဖိုး ‌ဆောင်းပါးသည် အနုပညာနှင့်ရသပညာကို ချဉ်းကပ်‌လေ့လာရာတွင် ကိုယ့်ကျင့်တရားဆိုင်ရာ များကို မလိုအပ်ဘဲထည့်သွင်း ‌ပြောဆို‌ရေးသားထား သည်များကို ‌ထောက်ပြ‌ချေဖျက်ထား‌သော ‌ဆောင်းပါတစ်ပုဒ်ဖြစ်သည်။ ထိုအချက်များနှင့်ပတ်သက်၍ ‘ငြိမ်းချမ်း‌နေ‌သော နိုင်ငံ၊ မည်သို့အရပ်၊ မည်သို့‌သောတိုင်း၊ နိုင်ငံများတွင်မဆို အနုပညာလက်ရာ ထုတ်လုပ်နိုင်မှုများ ရှိကြသည်ချည်း ဖြစ်သည်။ ညီညွတ်မှ၊ မညီညွတ်မှဟု လူ‌နေမှု ဘဝအ‌ခြေခံအသွင်များကို စံ တစ်စုံ တစ်ရာအဖြစ် လက်ခံကာ အနုပညာဖန်တီးမှုအ‌ပေါ် ‌ပေကြိုးဖြင့် တိုင်းတာ၍ မရ’ ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။

(၇) အနုပညာ၊ ခံစားချက်၊ ဂီတနှင့်ရသပညာ‌ ဆောင်းပါးသည် ဂီတ၊ ရသပညာနှင့်အနုပညာရပ်များကို ဖန်တီးရာတွင် ခံစားမှုဖြင့်‌ရေးဖွဲ့သည်ဟု ‌ပြောဆိုကြသည့် အယူအဆနှင့်ပတ်သက်၍ ‌ရေးသားထား‌သော‌ ဆောင်းပါးဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်၍ ‘ခံစား၍ ‌ဖော်ထုတ်ခြင်း(တစ်စုံတရာ ဖန်တီးလိုက်‌သော အပြုအမူ)တိုင်းသည် အနုပညာလက်ရာတစ်စုံတရာ(အနုပညာပစ္စည်းဟု ယူလို‌သော်ယူပါ) ဖြစ်လာနိုင်ပါမည်‌လော။ နမူနာပြဆို၍ ရှင်းလင်းပါရ‌စေ။ လူတစ်ဦးတစ်‌ယောက်၏ သိမှုအတိုင်းအတာ တစ်‌နေရာရာတွင် ထိန်းချုပ်ထားရ‌သော သို့မဟုတ် လက်ခံရယူထား‌သော အ‌ကြောင်း အရာ အချက်အလက် တစ်ခုသည် သူ၏ အသိထဲတွင် ခံစားချက်တစ်ရပ်အဖြစ် တည်‌နေခဲ့သည်ဟု ဆိုကြပါစို့။ တစ်‌နေ့‌သော် အ‌ကြောင်းတိုက်ဆိုင်မှု တစ်ခုခု‌ကြောင့် အမှတ်မထင်ဖြစ်‌စေ၊ ထင်ထင်မှတ်မှတ်ဖြင့် ဖြစ်‌စေ၊ သူ၏ ပါးစပ်မှ ‘ဒီ‌ခွေး‌ ကောင်‌တွေ လုပ်လိုက်ရင် ဒီလိုချည်းပဲ’ဟု ပွင့်အန် ကန် ထွက်လာသည် ဆိုကြပါစို့။ ထိုခံစားချက်ကို ‌ဖော်ထုတ်လိုက်ခြင်းသည် အနုပညာတစ်ရပ်ဖြစ်လာသည်ဟု ဆိုရပါမည်‌လော။ မဆိုနိုင်ပါ’ဟု (ဆရာ) မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။ ထို့အပြင် ‘ခံစားချက်ကို ‌ဖော်ထုတ်ဖန်တီးပြခြင်းဟု ဆိုသည်များအားလုံးကို အနုပညာဖြစ်သည်ဟု ယတိ ပြတ်မဆိုနိုင်‌ကြောင်းဖြစ်သည်’ဟုလည်း ထည့်သွင်း‌ရေးသားထား သည်။

(၈) သူများဇာတ်‌ကောင်၊ ကိုယ့်ဇာတ်‌ကောင်နှင့်လက်လွတ်စပယ် လုပ်ပိုင်ခွင့်‌ ဆောင်းပါးသည် (ဆရာ)မြသန်းတင့်‌ရေးသားခဲ့သည့် ‘ကျွန်‌တော်ဆက်၍ ‌ရေးချင်‌သော ဝတ္ထုများ’နှင့်ပတ်သက်၍ စာ‌ရေးဆရာ‌မောင်သန်း‌ဆွေ(ထားဝယ်)‌ရေးသားခဲ့‌သော‌ဆောင်းပါးများကို ပြန်လည်‌ထောက်ပြ‌ဝေဖန်ခဲ့‌သော ‌ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ထို‌ဆောင်းပါးတွင် (ဆရာ)မြသန်းတင့်၏ ‘ကျွန်‌တော်ဆက်၍ ‌ရေးချင်‌သော ဝတ္ထုများ’၏ မူလရည်ရွယ်ရင်း၊ ရှိရင်းစွဲ ဝတ္ထုများကို ထပ်မံ‌ရေးသားကြသည့် နိုင်ငံတကာမှ အဖြစ်အပျက်၊ မူ၊ မူပိုင်ခွင့်ဆိုင်ရာနှင့် (ဆရာ)မြသန်းတင့်၏ သ‌ဘောထားများကို တင်ပြထား‌သော ‌ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ‘ကျွန်‌တော် ဆက်‌ရေးချင်‌သော ဝတ္ထုများမှာ လက်တင်အ‌မေရိကန်စာ‌ရေးဆရာကြီးများ ‌ရေး‌လေ့ရှိ‌သော မယ်ဂျစ် ရီရယ် လစ်ဇင် Magic Realism ဆန်ဆန် အ‌ရေးအသားမျိုးသာဖြစ်သည်ဟု မြင်မိ သည်။ ‌ဘော(ရ)ဂဲ Jorge Luis Borge မားကက်(ဇ) Garcia Marquez တို့‌ရေးသားခဲ့ပုံ ဆန်ဆန်ဖြစ်သည်’ဟု (ဆရာ)မြင့်သန်းက ထည့်သွင်း‌ရေးသားထားသည်။ ထို့အပြင် မူပိုင်ခွင့်ဆိုင်ရာများနှင့်ပတ်သက်၍ ‘မည်သည့် ဖန်တီးမှု အနုပညာသည်မဆို အခြားသူ တစ်ဦးဦး၏ ဖန်တီးမှုတစ်စုံတရာကို ဖန်တီးသူ၏ ခွင့်ပြုချက်မရှိဘဲ ကိုယ့်စိတ်ကိုယ့်သ‌ဘောဖြင့် ပြန်လည်ကာ သီးခြား ဖန်တီးမှုပြုခဲ့လျှင် (ဥပ‌ဒေက ခွင့်ပြု‌သော်)လုပ်နိုင်ပါသည်။ သို့ရာတွင် စင်စစ် ထိုသို့ ပြုမှုခြင်းကို ‌စေ့‌စေ့‌တွေးကြည့်လျှင် ‘ခိုးယူခြင်း’သာဖြစ်ပါသည်။ ကျွန်‌တော်စဉ်းစား၍မရ‌သော အချက်တစ်ခုမှာ အဘယ်‌ကြောင့် အခြားသူတစ်ဦးဦး၏ ဖန်တီးမှုကို အလွယ်တကူ ယူငင်သုံးစွဲခြင်းကို ‘လုပ်ပိုင်ခွင့်’အဖြစ် ရှုမြင်လက်ခံသည်မသိ’ဟုလည်း ထည့်သွင်း‌ရေးသားထားသည်။

(၉) အနုပညာ၏ ဖန်တီးမှုနှင့်နည်းလမ်း ‌ဆောင်းပါးသည် အမျိုးအမည်၊ အမျိုးအစားဖန်တီးမှုများနှင့်ပတ်သက်၍ ‌ရေးသားထား‌သော ‌ဆောင်းပါးဖြစ် သည်။ ထိုအချက်များနှင့်ပတ်သက်၍ ‘ရသပညာသည် အနုပညာဖန်တီးမှုအတွက် စည်းရိုးတား‌ပေးခြင်း သို့မဟုတ် စည်းရိုးရှိသည်ဟု အဆိုပြုခြင်းပါ‌လော။ မဟုတ်ပါ။ ဆရာစဉ်ဆက် လက်ခံလာခဲ့ခြင်းဟု အနက်ယူထား‌သော သမ္ပ ဇဉ်သည် အနုပညာဖန်တီးမှုအတွက် စည်းရိုး၊ ကန့်သတ်ချက်‌လော။ မဟုတ်ပါ။ သမ္ဋဇဉ်သည် အ‌ခြေခံနည်းလမ်း ‘မျှသာ’ ဖြစ်သည်ဟု ထည့်သွင်း‌ရေးသားခဲ့သည်။ ထို့အပြင် ‘အနုပညာဖန်တီးထုတ်လုပ်မှုတွင် နည်းပညာကိုသာ လက်ဆင့် ကမ်းနိုင်သည်။ အနုပညာဖန်တီးမှုမှာ လူတစ်ဦးချင်းစီ၏ ပုဂ္ဂလိက အားထုတ်မှုသာဖြစ်သည်။ အနုပညာသည် သိပ္ပံပညာကဲ့သို့ မူ‌သေစံကိုက် နည်းပညာတို့ဖြင့် တည်‌ဆောက်ထားသည် မဟုတ်’ဟုလည်း ထည့်သွင်း‌ရေးသားထားသည်။

‘စသည်၊ စသည်ဖြင့်…၊ စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အ‌ရေးအသားများ’စာအုပ်ကို မြင့်သန်းက ‌ရေးသား၍ နှစ်ကာလများစာ‌ပေက ၂ဝ၁၂ ခုနှစ် မတ်လတွင် ပထမအကြိမ်အဖြစ် ထုတ်‌ဝေဖြန့်ချိခဲ့သည်။

ဟန်‌ဆန်း

Please follow and like us:
0