မြန်မာ့ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း

နယ်စည်းမထား သတင်းသမားများအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ညွှန်းကိန်း ၂၀၂၀ ပြည့်နှစ်

၂၀၂၀ပြည့်နှစ် အတွက်  ကမ္ဘာ့သတင်း လွတ်လပ်ခွင့်ဆိုင်ရာ အညွှန်းကိန်းများကို နယ်စည်းမထား သတင်းသမားများအဖွဲ့မှ ပြီးခဲ့သော ဧပြီလတွင် ထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ၏ သတင်းလွတ်လပ်ခွင့် ဆိုင်ရာညွှန်းကိန်းများကို နှစ်စဉ် ထုတ်ပြန်ပေးခဲ့ရာတွင် မြန်မာနိုင် ငံသည် ၂၀၁၃ ခုနှစ်ကတည်းက စတင်ပါဝင်ခဲ့ပါသည်။ နယ်စည်း မထား သတင်းသမားများအဖွဲ့ (Reporter Without Borders, RSF)သည် ၁၉၈၅ ခုနှစ်ကတည်း ကတည်ရှိခဲ့ပြီး  အစိုးရမဟုတ် သောနှင့် စီးပွားရေးအရအကျိုးအ မြတ်မရှိသည့် သတင်းလွတ်လပ် ခွင့်ဆိုင်ရာ ဩဇာရှိသောအဖွဲ့ ကြီးဖြစ်သည်။

ယင်းတို့၏ ၂၀၂၀ ပြည့်နှစ် အညွှန်းကိန်းတွင် မြန်မာနိုင်ငံ သည် နိုင်ငံပေါင်း ၁၈၀ အနက် ညွှန်းကိန်းအဆင့်(၁၃၉)တွင် ရှိပါ သည်။ မြန်မာနိုင်ငံ၏ အနောက် အနားတွင် ညွှန်းကိန်းအဆင့် (၁၄၀) ဖြင့် ထိုင်းနိုင်ငံသည် ကပ် လိုက်နေပါသည်။ မြန်မာနိုင်ငံ၏ အထက်အနားတွင် အညွှန်းကိန်း (၁၃၈) ဖြင့် ရပ်တည်နေသော နိုင်ငံမှာ တောင်ဆူဒန်နိုင်ငံ ဖြစ်ပါ သည်။ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများနှင့်မြန်မာနိုင်ငံ အကြားရှိ  သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အ ညွှန်းကိန်းများကို လေ့လာကြည့် ရာတွင် မြန်မာနိုင်ငံ၏ အညွှန်း ကိန်းအောက်ဘက်တွင် ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ပါကစ္စ တန်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့ကို  တွေ့ရပါသည်။ မြန်မာနိုင်ငံ၏  အညွှန်းကိန်း အထက်ဘက်တွင်  ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ အင်ဒို နီးရှား၊ နီပေါ၊ မလေးရှား၊ ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုရီးယား အစရှိ သည့်နိုင်ငံများ ရပ်တည်နေပါ သည်။

နယ်စည်းမထား သတင်းသ မားများအဖွဲ့သည် သတင်းလွတ် လပ်ခွင့်ဆိုင်ရာ အညွှန်းကိန်းများ ကို အကဲဖြတ်ရာတွင် (၁) မီဒီယာ  အမြင်ပေါင်းစုံပါဝင်နိုင်ရေး ဗဟု ဝါဒ၊ (၂) နိုင်ငံရေး၊ စီးပွားရေး၊  ဘာသာရေးနှင့်စစ်ရေးကဏ္ဍများ တွင် မီဒီယာ၏ လွတ်လပ်မှု၊ (၃) မီဒီယာဆိုင်ရာဥပဒေများ၏ အ ရည်အသွေး၊ (၄)  မီဒီယာထိန်း ကျောင်းရေးအဖွဲ့များ၏ ထင်သာ မြင်သာရှိမှု၊ (၅) မီဒီယာအ ထောက်အကူပြု အခြေခံအ ဆောက်အအုံဖော်ဆောင်ရေး၊ (၆) လွတ်လပ်စွာ သတင်းရယူ ပိုင်ခွင့်၊ (၇) မီဒီယာများနှောင့် ယှက်ခံရမှုနှင့်အကြမ်းဖက်ခံရမှု  စသည့် အချက်ခုနစ်ချက်ကို အ ခြေခံ၍ အကဲဖြတ်ခြင်း ဖြစ်ပါ သည်။ ထိုသို့အကဲဖြတ်၍ ရရှိလာ သောအညွှန်းများကို အညွှန်း ကိန်းများအလိုက် ကမ္ဘာ့မြေပုံပေါ် တွင် အရောင်ဖြင့် မြင်သာစေရန် ပြသလေ့ရှိပါသည်။ ထိုသို့ပြသ ရာတွင် အလွန်စိုးရိမ်ရပါသော  အခြေအနေအတွက် အမည်း  ရောင်၊  ခက်ခဲနေသောအခြေအ နေအတွက် အနီရောင်၊ သံသယ ဖြစ်ဖွယ်ကောင်းသောအခြေအ နေအတွက် လိမ္မော်ရောင်နှင့်အ ကောင်းဆုံး အခြေအနေများအ တွက် အဖြူရောင်တို့ဖြင့် ပြသ လေ့ရှိပါသည်။ ထိုသို့ အရောင် လေးမျိုးဖြင့် ထင်ရှားအောင်ပြသ ရာတွင် အမည်း၊ အနီနှင့် လိမ္မော် ရောင်တို့သည် ကမ္ဘာ့မြေပုံပေါ် တွင် သိသာထင်ရှားစွာ ရှိနေခဲ့ပြီး အဖြူရောင်မှာ အလွန်နည်းပါး စွာပဲ ရှိနေပါသည်။ ထို့ကြောင့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အခြေ အနေသည်  ခက်ခဲကြမ်းတမ်း သောအခြေအနေတွင်  ရုန်းကန် လှုပ်ရှားနေရဆဲဖြစ်ကြောင်း လေ့ လာသုံးသပ်နိုင်ပါသည်။

ထိုသို့သော  ခက်ခဲသောအ ခြေအနေများထဲတွင် မြန်မာနိုင်ငံ သည်လည်း အနီရောင်အဆင့်ဖြင့် ပါဝင်မြဲ၊ ပါဝင်နေဆဲဖြစ်ပါသည်။ နယ်စည်းမထား သတင်းသမား များအဖွဲ့၏ နှစ်စဉ်ထုတ်ပြန်သော  အညွှန်းကိန်းများထဲတွင် မြန်မာ နိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ညွှန်း ကိန်းအဆင့် (၁၅၁) ဖြင့် စတင် ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ်အ ညွှန်းကိန်းတွင် ညွှန်းကိန်းအဆင့် (၁၄၅)၊ ၂၀၁၅ ခုနှစ်အညွှန်းကိန်း တွင် ညွှန်းကိန်း အဆင့် (၁၄၄)၊ ၂၀၁၆ ခုနှစ်အညွှန်းကိန်းတွင် ညွှန်းကိန်းအဆင့် (၁၄၃)၊ ၂၀၁၇ ခုနှစ်အညွှန်းကိန်းတွင် ညွှန်းကိန်း အဆင့် (၁၃၁)၊ ၂၀၁၈ ခုနှစ် အ ညွှန်းကိန်းတွင် ညွှန်းကိန်းအဆင့် (၁၃၇)၊ ၂၀၁၉ ခုနှစ်အညွှန်းကိန်း တွင် ညွှန်းကိန်းအဆင့် (၁၃၈)နှင့် ၂၀၂၀ ပြည့်နှစ်အညွှန်းကိန်းတွင် ညွှန်းကိန်းအဆင့် (၁၃၉)ဆိုသော အညွှန်းကိန်းများတွင်ရှိခဲ့သည်ကို တွေ့ရပါသည်။ အဆိုပါ ညွှန်း ကိန်းများအရ ၂၀၁၃ မှ ၂၀၁၇ ခုနှစ်များတွင် မြန်မာနိုင်ငံ၏ သ တင်းလွတ်လပ်ခွင့် ညွှန်းကိန်း သည် အနီရောင်အဆင့် ခက်ခဲ သောအခြေအနေတွင် တရိပ်ရိပ် ထိုးတက်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ၂၀၁၈ မှ ၂၀၂၀ ခုနှစ် များတွင် အနီရောင်အဆင့် ခက် ခဲသောအခြေအနေတွင် ပြန်လည် ထိုးဆင်းသွားသည်ကို တွေ့ရ  မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၃  မှ ၂၀၁၇  ခုနှစ်အတွင်း မည်သည့် အတွက်ကြောင့် အညွှန်းကိန်းအ ဆင့်တက်ရပြီး မည်သည့်အ တွက်ကြောင့် ၂၀၁၈ ခုနှစ်နောက် ပိုင်းတွင် အညွှန်းကိန်းအဆင့်ကျရ သည်ကို ချင့်ချိန်စဉ်းစားသင့်မည် ထင်ပါသည်။ ထိုသို့ချင့်ချိန်စဉ်း စားရာ၌ အထက်တွင် စာရေးသူ ဖော်ပြခဲ့သည့် နယ်စည်းမထား သတင်းသမားများအဖွဲ့၏ အ ချက်များဖြင့်ပင် ပြန်လည်ချိန်ညှိ  သုံးသပ်နိုင်မည်ဖြစ်ပါသည်။

ပထမဦးစွာ  အညွှန်းကိန်း အဆင့်တက်လာသည့်အကြောင်း ရင်းများကို သုံးသပ်ရသော် နှစ် ပေါင်းများစွာရှိလာသော စာနယ် ဇင်းအပေါ် အာဏာပိုင်က ဆင် ဆာဖြတ်တောက်ခြင်းကို ၂၀၁၂ ခုနှစ် ဩဂုတ်တွင် ဖြေလျှော့ပေး ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိ က သတင်းစာရှစ်စောင်ကို ထုတ် ဝေခွင့်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေရေးဥပဒေ (၁၉၆၂)ကို ဖျက်သိမ်း၍ သတင်း မီဒီယာဥပဒေ (၂၀၁၄)ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းနှစ်တွင်ပင် သတင်းမီဒီယာကျင့်ဝတ်ကို အ တည်ပြုထုတ်ပြန်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရုပ်မြင်သံကြားနှင့်အသံ ထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ထို့အပြင် သ တင်းမီဒီယာကောင်စီကို ဖွဲ့စည်း ခွင့်ရရှိခဲ့ခြင်းနှင့် ပြည်ပအခြေ စိုက်မီဒီယာလုပ်ငန်းများ ပြည် တွင်းဝင်ရောက်လုပ်ကိုင်ခွင့်များ လည်း ရှိလာခဲ့သည်။ ထိုကာလ များတွင် သတင်းသမားများ ဖမ်း ဆီးခံရခြင်း၊ အသတ်ခံရခြင်းနှင့် တရားစွဲဆိုခံရခြင်းများ ရှိနေခဲ့ပါ သည်။ သို့သော် အလွန်ဆိုးရွား သော သတင်းလွတ်လပ်ခွင့်ဆိုင် ရာနှစ်များကို နှစ်ပေါင်းများစွာ  တင်းကျပ်မှု အခြေအနေများဖြင့် ဖြတ်သန်းလာခဲ့ပြီးမှ အနည်း ငယ်သက်သာလာသည့် သဘော ရှိခြင်း၊ ယခင်မရရှိခဲ့သော သ တင်းလွတ်လပ်ခွင့်ဆိုင်ရာ အ ချက်အလက်များကို ရရှိခဲ့ခြင်းနှင့် မြင်သာထင်သာရှိသော တိုင်း တားနိုင်သည့် အညွှန်းရလဒ်များ ကြောင့်သာ ခက်ခဲသောအခြေအ နေ၊ အနီရောင်အဆင့်အတွင်း တွင် အဆင့်တက်လာသည်မြင်ရ ခြင်းဖြစ်သည်ဟု သုံးသပ်ရပါ သည်။

ဒုတိယအနေဖြင့် အညွှန်း ကိန်းအဆင့် ကျဆင်းရသည်များ ကို သုံးသပ်ရသည်ရှိသော ဖော်ပြ ခဲ့ပြီးသည့် နှစ်ကာလနောက်ပိုင်း နှစ်များတွင် သတင်းမီဒီယာနှင့်သ တင်းသမားများကို ဖမ်းဆီးခြင်း၊  တရားစွဲဆိုခြင်း၊ ထောင်ချခြင်း နှင့် သတင်းမီဒီယာဥပဒေအရ အရေးယူခြင်းမဟုတ်ပါဘဲ သ တင်းလွတ်လပ်ခွင့်နှင့် လွတ်လပ် စွာရေးသားထုတ်ဖော်ပြောဆိုခွင့် ကို အကာအကွယ်မပေးနိုင်သည့်  အခြားသော တည်ဆဲဥပဒေများ ကို ထုတ်နုတ်၍ အရေးယူခြင်းများသည် သတင်းလွတ်လပ်ခွင့်အ တွက် စိုးရိမ်စရာခက်ခဲသောအ ခြေအနေများကို ဖြစ်ပေါ်စေပါ သည်။ အခြားသော တည်ဆဲဥပ ဒေများဖြင့်  အရေးယူနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက ပြီးခဲ့သောနှစ်  ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့  ထုတ်ပြန်ချက်တွင် မီဒီယာအပေါ်  မကျေနပ်သည်များရှိပါက သ တင်းမီဒီယာဥပဒေဖြင့်သာ အ ရေးယူပါရန် တိုက်တွန်းခဲ့သည် ကိုလည်း တွေ့ရပါသည်။ တရား ဥပဒေစိုးမိုးနိုင်ခြင်း မရှိသော  အားနည်းချက်များကြောင့်လည်း  ယခုကဲ့သို့ အညွှန်းကိန်း ကျဆင်း ရခြင်းဖြစ်သည်ဟု သုံးသပ်နိုင် ပါသည်။

ထိုသို့ အညွှန်းကိန်းများ ထွက်ပေါ်လာသောအခါ ယင်းနှင့် ပတ်သက်၍ အငြင်းပွားခြင်း၊ နှစ် သက်ခြင်းနှင့် မနှစ်သက်ခြင်း၊ လက်ခံနိုင်ခြင်းနှင့် လက်မခံနိုင် ခြင်းဆိုသော အခြေအနေများ ရှိတတ်ပါသည်။ နယ်စည်းမထား  သတင်းသမားများ၏ အညွှန်း ကိန်းအပေါ်တွင်လည်း ထိုအခြေ အနေများဖြင့်သာ ညွှန်းဆိုငြင်း ပယ်ကြမည်သာ ဖြစ်ပါသည်။ နယ်စည်းမထား သတင်းသမား များ၏ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့် နှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ သ တင်းလွတ်လပ်မှု အညွှန်းကိန်း သည်  စိုးရိမ်ရသော၊ ခက်ခဲသော အခြေအနေ၊ အနီရောင်အဆင့်အ တွင်းတွင်သာ အတက်အကျရှိ သည်ကို သတိပြုသင့်ပါသည်။ စာရေးသူတင်ပြခဲ့သော ညွှန်း ကိန်းတက်စေသည့် အကြောင်း ရင်းနှင့် ညွှန်းကိန်းကျစေသည့် အကြောင်းရင်းများကိုလည်း ချင့် ချိန်စဉ်းစားသင့်ပါသည်။

ထို့အတူ နယ်စည်းမထား သတင်းသမားများအဖွဲ့၏ သ တင်းလွတ်လပ်ခွင့်အပေါ် အကဲ ဖြတ်သည့် (၁)မီဒီယာအမြင် ပေါင်းစုံပါဝင်နိုင်ရေး ဗဟုဝါဒ၊ (၂) နိုင်ငံရေး၊ စီးပွားရေး၊  ဘာ သာရေးနှင့် စစ်ရေးကဏ္ဍများတွင် မီဒီယာ၏ လွတ်လပ်မှု၊ (၃) မီဒီ ယာဆိုင်ရာဥပဒေများ၏ အရည် အသွေး၊ (၄) မီဒီယာထိန်း ကျောင်းရေးအဖွဲ့များ၏ ထင်သာ မြင်သာရှိမှု၊ (၅) မီဒီယာအ ထောက်အကူပြု အခြေခံအ ဆောက်အအုံဖော်ဆောင်ရေး၊ (၆) လွတ်လပ်စွာ သတင်းရယူပိုင် ခွင့်နှင့် (၇) မီဒီယာများ နှောင့် ယှက်ခံရမှုနှင့်အကြမ်းဖက်ခံရမှု  ဆိုသောအခြေခံ အချက်များသည် မြန်မာနိုင်ငံတွင် မည်မျှအတိုင်း အတာအထိ အားကောင်းမောင်း သန်စွာ ရှိနေပါသနည်းဆိုသည် ဖြင့်လည်း သုံးသပ်ဆင်ခြင်သင့် ပါသည်။ ထိုသို့ ဆင်ခြင်သုံးသပ်၍  ပြုပြင်တည်ဆောက်သင့်သော ပြု ပြင်တည်ဆောင်သင့်သည်များကို တည်ဆောက်နိုင်မှသာ မြန်မာနိုင် ငံသည်  ကမ္ဘာ့သတင်းလွတ်လပ် ခွင့်အဆင့်တွင် အနီရောင်အ ဆင့်ကို ကျော်လွန်၍ ကောင်းမွန် သည့် အခြားသောအဆင့်များသို့ တင့်တယ်စွာ ရောက်ရှိနိုင်မည်ဖြစ် ပါသည်။ ကမ္ဘာ့အလယ်တွင် လည်း အမြင်တင့်တယ်နိုင်ပါ လိမ့်မည်။

ဟန်ဇော်

(အဆိုပါ ဆောင်းပါးသည် 7Day News Daily တွင် မေလ ၄ ရက်နေ့က ဖော်ပြပါရှိခဲ့ပါသည်။)

Please follow and like us: