လုပ်ကြံသတင်းကပ်ဘေးနှင့် စုပေါင်းတွန်းလှန်ခြင်း

COVID-19 နှင့်အတူ ပြိုင် တူဖြစ်ပွားလာသည့် အခြား ကပ်ဘေးတစ်ခုမှာ လုပ်ကြံသတင်းကပ်ဘေးဖြစ်သည်။ COVID-19 ကြောင့် ဖြစ်ပေါ်လာသော ဒုတိယ ကပ်ဘေးတစ်ခုဖြစ်သည်ဟုကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းကြီးက  အတိအလင်းပြောဆိုထားသည်။ ကျွန်တော်တို့၏ ရန်သူမှာ သတင်းမှားများ ပျံ့နှံ့မြင့်တက်နေ ခြင်းပင်ဖြစ်သည်ဟု ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ အထွေေ ထွအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်က ထုတ်ဖော်ပြောဆိုထား သည်။ COVID-19 အကြောင်းပြု  လုပ်ကြံသတင်းဖေ့စ်ဘွတ်ခ်ပို့စ် စုစုပေါင်းသန်း ၄၀ ကို ပြီးခဲ့သော မတ်လ တွင် ဖြုတ်ချခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ်က သတင်းထုတ်ပြန်ခဲ့သည်။ ထို့အတူ ကပ်ရောဂါအ ကြောင်းပြု လှည့်စားလုပ်ကြံသည့် အီးမေးလ်စုစုပေါင်း ၁၈ သန်းခန့် ကိုလည်း နေ့စဉ်ဖျက်ဆီးပစ်နေရ ကြောင်း ဂူးဂဲလ်က ဆိုသည်။ ဘာ သာစကား ၆၄ မျိုးဖြင့် ရေးသား ထုတ်လွှင့်နေသော လူမှုကွန်ရက် ပို့စ် စုစုပေါင်း ၁၁၂ သန်းခဲ့ရှိ ကြောင်း၊ ယင်းတို့အနက်မှ ၄၀ ရာခိုင်နှုန်းသော ပို့စ်များသည်  အ ချက်အလက်မခိုင်လုံပါကြောင်း နှင့် လက်ခံယုံကြည်နိုင်ဖွယ် မကောင်းသောပို့စ်များ ဖြစ်နေ ကြောင်း Bruno Kessler Foundation ၏ သုတေသနရလဒ်က ဆိုသည်။ COVID-19 နှင့်ပတ် သက်၍ မှားယွင်းလွဲမှားနေသော  အချက်အလက်ပေါင်း ၃၅၀၀ နှင့်အထက်သည် နိုင်ငံပေါင်း ၇၀ ကျော်၌ ဘာသာစကားပေါင်း ၄၀ ကျော်ဖြင့် ပျံ့နှံ့နေသည်ဟု Corona Virus Facts Alliance  က ဆိုသည်။

လုပ်ကြံသတင်းကပ်ဘေး (Disinfodemic)စကားရပ်မှာ လုပ်ကြံသတင်း (Disinformation) နှင့် ကပ်ရောဂါ(Pandemic)တို့ ပေါင်းစပ်ရရှိလာသောစကား လုံးဖြစ်သည်။ ထိုစကားရပ်ဖြစ်ရ သည့် မူလအကြောင်းရင်းက လည်း COVID-19 ဖြင့် ဆက် စပ်ဖြစ်ပေါ်နေသော လုပ်ကြံသ တင်းများကြောင့်သာ ဖြစ်သည်။  လုပ်ကြံသတင်းဆိုသည်မှာ အမှန် တကယ်ဖြစ်‌ပေါ်ခဲ့ခြင်း လုံးဝမရှိ ပါဘဲ မိမိလိုချင်‌သောပုံစံရရှိနိုင် ရန် တမင်ဖန်တီးလုပ်ကြံ၍အများ ပြည်သူထံသို့‌ကြေညာခြင်း၊ ထုတ် ပြန်ခြင်းနှင့် ပျံ့နှံ့‌စေခြင်းများ ဖြစ် ပွားစေရန် လုပ်ဆောင်လိုက်သော သတင်းကို ဆိုလိုသည်။ ဖြစ်ရပ် မှန်အ‌ခြေအ‌နေကို ပုံစံဖျက်၍ မိမိ အလိုရှိ‌သော သဏ္ဌာန်အတိုင်း လုပ်ကြံ‌ကောက်ချက်စွဲ၍ ပုံမှား ထုတ်လွှင့်လိုက်‌သောသတင်းများ ကိုလည်း လုပ်ကြံသတင်းဟုဆိုနိုင် သည်။ COVID-19 ကြောင့်ဖြစ် သည့် လုပ်ကြံသတင်းကပ်ဘေး တွင် ယုံတမ်းစကားများနှင့်ကော လာဟလများ ပေါင်းစပ်ပါဝင်နေ ကြောင်း၊ အမုန်းတရားအား အ ကြောင်းပြု၍ လုပ်ကြံသတင်းများ ကို ထုတ်လုပ်ခြင်းနှင့် မျှဝေခြင်း ကို ပြုလုပ်နေကြကြောင်း ယူနက် စကိုမှထုတ်ပြန်သည့် ‘Journalism, Press Freedom and COVID-19’ က ဆိုသည်။

      ဖေ့စ်ဘွတ်ခ်တွင် အလုပ်လုပ် သော မြန်မာနှစ်ဦး ကပ်ရောဂါကူး စက်ခံရခြင်း၊ အီကွေဒေါနိုင်ငံတွင်  ကပ်ရောဂါကို မထိန်းချုပ်နိုင် တော့ခြင်း၊ COVID-19 သည်  လူလုပ်ဗိုင်းရပ်စ်ဖြစ်ခြင်း၊ ဗိုင်း ရပ်စ်ပျောက်ဆေးဖြန့်ဖြူးရောင်း ချမည်ဆိုခြင်း၊ ရန်ကုန်ဆေးရုံ ကြီးတွင် ပိုးတွေ့လူနာ ၃၃ ဦး ရှိနေသည်ဆိုခြင်း၊ အီတလီဝန် ကြီးချုပ် မိန့်ခွန်းပြောရင်း ငိုကြွေး သည်ဆိုခြင်း၊ ယူနီဆက်မြန်မာက  ထုတ်ပြန်သည့်လိုက်နာရန်ကိစ္စ များဟုဆိုခြင်း၊ တမာရွက်နှင့် ချင်းပြုတ်ရည်တို့သည် ဗိုင်းရပ်စ်ကာကွယ်နိုင်သည်ဟုဆိုခြင်း အစ ရှိသည်များသည် ကပ်ရောဂါကာ  လအတွင်း ကြုံတွေ့ပြီးခဲ့သော လုပ်ကြံသတင်း၊ သတင်းအမှား နှင့် သတင်းအတု နမူနာများဖြစ်ပါ သည်။ COVID-19 အကြောင်းပြု လုပ်ကြံသတင်းများသည် ဗိုင်း ရပ်စ်များကဲ့သို့ ကူးစက်မြန်နေ သည်။ ကပ်ရောဂါဆိုးကြီးအတွင်း လောင်စာတစ်ခုပမာလည်း ဖြစ် နေသည်။ ယင်းကြောင့် လူအဖွဲ့ အစည်းအတွင်း ထိခိုက်နစ်နာမှု များ ဖြစ်ပေါ်စေသည်။ လုပ်ကြံ သတင်းများသည် COVID-19 အကြောင်းပြု၍ နိုင်ငံရေး၊ လူမျိုး ရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူ မှုရေး အစရှိသည်များကိုလည်း ထိုးနှက်တိုက်ခိုက်နေသည်။

ခိုင်လုံတိကျမှန်ကန်သော သတင်းအချက်အလက်များသည် လူတို့၏ သေရေးရှင်ရေးအတွက် ပါ ယခုအချိန်တွင် အလွန်အရေး ကြီးနေကြောင်း၊ လုပ်ကြံသတင်း များကို တွန်းလှန်တိုက်ဖျက်ရန် အတွက် သတင်းလွတ်လပ်ခွင့် သည် အခိုင်အမာလိုအပ်နေပြီဖြစ် ကြောင်းနှင့် လုပ်ကြံသတင်းများ ကို တွန်းလှန်တိုက်ဖျက်ပေးနိုင်သူ များမှာ  သတင်းသမားများသာဖြစ် သည်ဟု ယူနက်စကိုက ဆိုပါ သည်။ သတင်းလုပ်ငန်းကို ကြိုး စားပမ်းစား လုပ်ကိုင်နေသော  သတင်းသမားများနှင့်ရဲရင့်သော သတင်းသမားများသည် COVID-19 ကို တိုက်ဖျက်နေသော  ဒုတိယလိုင်းမှ လူစွမ်းကောင်းများ ဖြစ်ပြီး ဆရာဝန်များနှင့်ကျန်းမာ ရေးဝန်ထမ်းများကဲ့သို့  လူသား များအရေးကို ဆောင်ရွက်နေကြ သူများဖြစ်သည်ဟု ယူနက်စကို က ထောက်ခံပြောဆိုသည်။ ပြည် တွင်းအခြေစိုက်အဖွဲ့အစည်းများ ဖြစ်သော မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့် ပဲန်မြန်မာတို့ ကလည်း COVID-19 ကာလအ တွင်း  သတင်းသမား၏အရေးပါ မှုများကို  ကမ္ဘာ့သတင်းလွတ် လပ်ခွင့်နေ့တွင် ထုတ်ဖော်ပြော ဆိုထားကြသည်။ လုပ်ကြံသတင်း ကပ်ဘေးကို  ကာကွယ်တိုက်ဖျက် ဟန့်တားနိုင်သည့် သတင်းသမား များသည် တစ်ဖက်တွင် သတင်း လွတ်လပ်ခွင့်များအတွက် စိန် ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်နေ ရသည်။ COVID-19 ကာလအ တွင်း သတင်းသမားများ ထပ်တိုး ရင်ဆိုင်နေရသော အခြေအနေ များလည်း ရှိနေသေးသည်။ ရုပ် ပိုင်းဆိုင်ရာလုံခြုံမှု၊ ဥပဒေ ကြောင်းအရလုံခြုံမှု၊ စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုနှင့် ဒစ်ဂျစ်တယ် လုံခြုံမှုဆိုသည်တို့သည် သတင်း သမားများရင်ဆိုင်နေရသည်များ ဖြစ်သည်ဟု ယူနက်စကိုက ဆို သည်။ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုအ ပိုင်း၌ သတင်းသမားများသည်  ရောဂါပိုးကူးစက်ခံရမည့်အခြေ အနေများက အကာအကွယ်ရမှု နည်းပါးနေခြင်းနှင့်အတူ ကပ် ရောဂါသတင်းရယူချိန်တွင်နှောင့် ယှက်ခံရခြင်းနှင့် အနိုင်ကျင့်ခံရ ခြင်းတို့ ရှိနေသည်။ ဥပဒေ ကြောင်းအရ လုံခြုံမှုအပိုင်းတွင်  သတင်းသမားများ ဖမ်းဆီးထိန်း သိမ်းခံရခြင်းများအပါအဝင် သ တင်းသမားများ၏ သတင်းရပိုင် ခွင့်များအပေါ်  ကန့်သတ်ခံရခြင်း၊  လုံလောက်သည့်အချက်အလက်  များမရရှိခြင်းနှင့်အဂတိလိုက်စား မှုများရှိနေခြင်းတို့ ပါဝင်နေသည်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပိုင်း တွင် သတင်းသမားများ စိတ်ဖိစီး မှုမြင့်တက်ခြင်း၊ အလုပ်ချိန် ပိုမို လုပ်ကိုင်ရခြင်း၊ အချက်အလက် စိစစ်သည့် လုပ်ငန်းစဉ်များ မပြီး စီးမပြီးပြတ်နိုင်ခြင်း၊ နာမကျန်း ဖြစ်သူများကို မြင်တွေ့ရခြင်း ကြောင့် စိတ်ထိခိုက်ရခြင်းနှင့်အာ ဏာပိုင်တို့၏  အမျက်တော်ရှ ခြင်းများရှိနေသည်။ ဒစ်ဂျစ်တယ် လုံခြုံမှုအပိုင်းတွင် စောင့်ကြည့် ခံရခြင်း၊ သတင်းရင်းမြစ်များကို ထိတွေ့နိုင်မှု အားနည်းစေရန် ဆောင်ရွက်ခြင်း၊ သတင်းအချက် အလက်ထုတ်ဖော်ပြောကြားသူ များကို ဟန့်တားကန့်သတ်ခြင်း၊  အင်တာနက်နှင့် လူမှုကွန်ရက် များကို ပိတ်ပင်ခြင်း၊ အွန်လိုင်း အသုံးပြု၍ ခြိမ်းခြောက်ခြင်း၊ အ နှောင့်အယှက်ပေးခြင်း၊ အနိုင် ကျင့်ခြင်းများ ပါဝင်နေသည်။ သတင်းသမားများနှင့်သတင်း လုပ်ငန်းများ၏ ရေရှည်ရပ်တည် ရေး ကိစ္စများသည်လည်း ကပ် ရောဂါကာလအတွင်းက  စိန်ခေါ် မှုများအဖြစ် ဖြစ်တည်လာခဲ့ သည်။ သတင်းလုပ်ငန်းရေရှည် တည်တံ့ရေးအတွက် သတင်းဌာန များသည်  သတင်းသမားအရေအ တွက်များကို လျှော့ချရသော ကြောင့် သတင်းလုပ်ငန်းခွင်အ တွင်း သတင်းသမားဦးရေလျော့ နည်းလာပြီး လုပ်ကြံသတင်း များကို ဟန့်တားနိုင်ရေးအတွက်  အင်အားနည်းပါးစေနိုင်ပါသည်။ လုပ်ကြံသတင်းကပ်ဘေး တိုက် ဖျက်ရန် သတင်းသမားများသည် ရှေ့တန်းမှ ပါဝင်နေသည်နှင့်အ တူ သတင်းလွတ်လပ်ခွင့်အ တွက်လည်း စိန်ခေါ်မှုပေါင်းများ စွာကို ရင်ဆိုင်ကြုံတွေ့နေရ သည်။ COVID-19 ကြောင့် ဖြစ် ပေါ်လာမည့် သတင်းလွတ်လပ် ခွင့်အပေါ် ဆိုးကျိုးသက်ရောက် မှုသည် ကာလကြာရှည်နိုင်မည်။  ခက်ခဲသော ကာလကြီးထဲတွင်  လုပ်ကြံသတင်းကပ်ဘေးကိုတွန်း လှန်ရန် သတင်းသမားများသာ မကပဲ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်ဖြင့် သက် ဆိုင်နေသူများသည် အခြေခံလူ့ ရပိုင်ခွင့်၊ သတင်းအချက်အလက် ရပိုင်ခွင့်၊ အသိပညာမြှင့်တင် ခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းနှင့်လုပ် ပိုင်ခွင့်ရှိစေခြင်း၊ ပွင့်လင်းမြင် သာခြင်း၊ ညီညွတ်ခြင်း၊ ဘက် ပေါင်းစုံမှပူးပေါင်းပါဝင်ပေးခြင်း နှင့် ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့် လေ့လာခြင်းတို့ဖြင့် ရပ်တည်ပေး နိုင်သည်ဟု ယူနက်စကိုက ဆို သည်။

ရောဂါကပ်ဘေးကာလအ တွင်း လူ့ရပိုင်ခွင့်များကို လေးစား လိုက်နာရန်လိုအပ်ပြီး ဥပဒေ ကြောင်းအရ ကိုင်တွယ်ဖြေရှင်း ရာတွင်လည်း ညီညွတ်မျှတသော ဖြေရှင်းနည်းများဖြစ်ရန် လိုအပ် ပါသည်။ ထို့အတူ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့်  သတင်းအချက်အလက်ရပိုင် ခွင့်များကိုလည်း  မြှင့်တင်ကာ ကွယ်ပေးရန် လိုအပ်သည်။  အ များပြည်သူနှင့် သတင်းသမား တို့၏ သတင်းအချက်အလက် ရပိုင်ခွင့်များအတွက် အာဏာပိုင် များ၊ ကျန်းမာရေးဆိုင်ရာဌာန များ၊ နည်းပညာလုပ်ငန်းများ၊  အ များပြည်သူဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့်အဖွဲ့အ စည်းအသီးသီးတို့သည် သတင်း အချက်အလက်များကို တင်ကြို ထုတ်ပြန်ပေးထားခြင်း၊ ပွင့်လင်း မြင်သာသော ရင်းမြစ်များအဖြစ်  ဖန်တီးတည်ဆောက်ပေးထား ခြင်း၊ လူတိုင်း၏ကိုယ်ရေးကိုယ် တာလွတ်လပ်ခွင့်များကို အလေး ထားခြင်းနှင့် ကပ်ရောဂါဆိုင်ရာ  ကောင်းကျိုး၊ ဆိုးကျိုးသက် ရောက်မှုများ၊ အများပြည်သူအ ကျိုးစီးပွားဆိုင်ရာ ကိစ္စများကို ပွင့်လင်း မြင်သာစွာဖြင့် ထုတ်ပြန် ပေးရန်ဖြစ်သည်။ ထို့အပြင်  အင် တာနက်ကွန်ရက်များကို လူတိုင်း က သုံးစွဲနိုင်ရေးလည်း ဆောင် ရွက်ရမည်ဖြစ်ပြီး အင်တာနက် လိုင်းဖြတ်တောက်ထားခြင်းများ ကို မပြုလုပ်သင့်ပါ။ ကပ်ရောဂါ နှင့်ပတ်သက်သည့်  ခိုင်လုံသော အကြောင်းအချက်များကို အခြေ ခံထားသော အသိပညာပေးခြင်း ဆိုင်ရာလုပ်ငန်းများနှင့် ပြဿနာ ၏အရင်းအမြစ်၊ အကြောင်းရင်း အမှန်ကို စူးစမ်းဖော်ထုတ်တင် ပြနိုင်ရန်လည်း သတင်းသမားများ က တိုးမြှင့်ဆောင်ရွက်နိုင်ရမည်။ အစိုးရ၏ တာဝန်ခံခြင်း၊ အများ ပြည်သူ ပိုမိုပူးပေါင်းပါဝင်စေခြင်း  နည်းလမ်းများဖြင့် ဆောင်ရွက် ခြင်းနှင့် မီဒီယာတတ်သိနားလည် မှု မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ရမည်။ ယင်းတို့ သည် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်၊ သတင်း လွတ်လပ်ခွင့်နှင့် သတင်းအချက် အလက် ရပိုင်ခွင့်များအတွက်  ရပ်တည်ပေးခြင်းဖြစ်ပြီး လုပ်ကြံ သတင်းကပ်ဘေးကို သတင်းသ မားများနှင့်အတူတကွ စုပေါင်း တွန်းလှန်ခြင်းလည်း ဖြစ်နိုင်ပါ လိမ့်မည်။

ဟန်ဇော်

(အဆိုပါ ဆောင်းပါးသည် 7Days News Daily တွင် မေလ ၁၄ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: