လွတ်လပ်ခွင့်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက် သတင်းစာတွင် ဖော်ပြပါရှိသည့် ဆောင်းပါးပုံ

‘လွတ်လပ်ခွင့်’ ဆိုသော စကားရပ်သည် စိတ်ဝင်စားဖွယ်  အလွန်ကောင်းသော စကားရပ်  ဖြစ်ပါသဖြင့် ထိုစကားရပ်ပါဝင် သော အရေးအသားများကို ရှာ ဖွေ ထုတ်နုတ်လေ့လာမိသည်။ လက်တွေ့ဘဝသို့ ဝေါဟာရအ နက်၏ တိုက်ရိုက်သက်ရောက်မှု မည်ရွေ့မည်မျှရှိသည်ကိုလည်း သုံး သပ်မိသည်။ ‘လွတ်လပ်သော’  လွတ်လပ်ခြင်းကို ‘လူတိုင်းအမှန် တကယ်ရရှိနေပါသလား’ ဟူ သည့်မေးခွန်းကိုလည်း ထုတ်နေမိ သည်။ ထိုမေးခွန်းသည် လူအများ စု ကိုးကွယ်ယုံကြည်နေကြသော  ဘာသာတရားအသီးသီးက ဖွင့် ဆိုသည့် ‘လွတ်လပ်’ဆိုသော ကိုး ကွယ်ယုံကြည်ရာပြဋ္ဌာန်းချက်များ ဖြင့်လည်းမသက်ဆိုင်ပါ။ စာပေ နှင့် အနုပညာသမားများ၏ဖန်တီး ခြင်းကိစ္စများကို ဆောင်ရွက်ကြ ရာတွင်ထားရှိသည့် ‘လွတ်လပ်’  ဆိုသော စံနှုန်းဖြင့်လည်းမဆိုင်ပါ။ ခပ်ရှင်းရှင်းဆိုရလျှင် လောကီရေး ရာကိစ္စ၊ လူတို့နေထိုင်ရာဌာန၊ လူတို့ရှင်သန်ရာနေရာ ဌာနအသီး သီးက လူသားများ ပြုမူစီမံနိုင် သော ‘လွတ်လပ်ခြင်း၊ ခွင့်၊သော၊ မှု’ ကိစ္စများသာ ဖြစ်ပါသည်။ လောကီရေးရာကိစ္စသာဖြစ်ပြီး လောကုတ္တရာကိစ္စများ အနည်း ငယ်မျှမပါဝင်ပါ။

‘လွတ်လပ်’ဆိုသော စကား ရပ်အပေါ် စာပေနှင့် ဘာသာဗေဒ ဖွင့်ဆိုချက်များက ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ထားသည်။ ‘လွတ်  လပ်’ကို ‘အနှောင်အဖွဲ့၊ အချုပ် အချယ်ကင်းရှင်းသော’ ဟုလည်း ကောင်း၊ ‘လွတ်လပ်ခွင့်’ ကို ‘လူ သားတစ်ဦးတစ်ယောက်၏ လုပ် ပိုင်ခွင့်များကို ရရှိခံစားနိုင်ခွင့်နှင့်  မတရားဖိနှိပ်၊ စွက်ဖက်၊ ခြယ် လှယ်မှုမှကင်းရှင်းခွင့်’ဟု လည်း ကောင်း မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထို့ အပြင် ‘လွတ်’ ကို ‘ချုပ်ချယ်မှု၊ ငြိ တွယ်မှုစသည်တို့မှ ကင်းသည်’ဟု လည်းကောင်း၊ ‘လပ်’ကို ‘မရှိ ဖြစ် သည်၊ ကင်းမဲ့သည်’ဟု လည်း ကောင်းနှင့် ‘ခွင့်’ ကို ‘အခွင့်အ လမ်း၊ အခွင့်အရေး’ဟု လည်း ကောင်း ဆက်လက်ဖွင့်ဆိုထား သည်။ ထိုဖွင့်ဆိုချက်များအရ ‘လွတ်လပ်ခွင့်’ ဟူသောဝေါဟာရ သည် စကားလုံးတစ်လုံးချင်းအရ လည်းကောင်း၊ စုပေါင်းထားခြင်း ၏ရလဒ် အဓိပ္ပာယ်ဖွင့်ဆိုချက်အ ရလည်းကောင်း အခိုင်အမာရှိပြီး ဖြစ်ကြောင်းမြင်သာသည်။ ဘာ သာဗေဒဖွင့်ဆိုချက်အရ ‘လွတ် လပ်ခွင့်’ဟူသော အကောက်အ ယူတွင် အနှောင်အဖွဲ့ကင်းခြင်း၊  အချုပ်အချယ်ကင်းခြင်း၊ ဖိနှိပ်မှု ကင်းခြင်း၊ စွက်ဖက်မှုကင်းခြင်း၊ ခြယ်လှယ်မှုကင်းရှင်းခြင်းနှင့် ရ ပိုင်ခွင့်ရှိခြင်းတို့သည် အခိုင်အ မာပါရှိပြီးဖြစ်သည်။

ဒေါက်တာ ရာဇန်းဆာလီ (Dr. Razeen Sally)ရေးသား သော ‘‘လွတ်လပ်စွာတွေး ခေါ်ခွင့် ပြုသော နိုင်ငံရေးဝါဒ(လစ်ဘရယ် ဝါဒ)’’တွင် လူတစ်ဦး၏ ‘လွတ် လပ်ခွင့်’ နှင့် ‘ရွေးချယ်ခွင့်’များ သည် လစ်ဘရယ်ဝါဒအတွက် အဓိကကျကြောင်းနှင့် ဖက်ဆစ် ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ် ဝါဒ၊ နာဇီဝါဒနှင့် အာဏာရှင်ဆန် သော လူမျိုးရေးဝါဒများမှကွဲပြား စေသော အချက်များဖြစ်သည်ဟု  ဆိုသည်။ လူတစ်ဦးတစ်ယောက်စီ ၏ လွတ်လပ်ခွင့်သည် ပစ္စည်းဥစ္စာ  ရုပ်ပိုင်းဆိုင်ရာ ကြွယ်ဝအောင်ဖန် တီးသည်သာမဟုတ်ပေ။ ယေဘု ယျအားဖြင့်ဆိုလျှင် လူ့ဘဝ၊ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ် ကျေးမှုဆိုင်ရာ ရှုထောင့်မျိုးစုံတွင်  လွတ်လွတ်လပ်လပ် ပြောရေးဆို ခွင့်ပင်ဖြစ်သည်။ ‘‘ပွင့်လင်းသော  လူ့အဖွဲ့အစည်း’’ဆိုသည့် အယူ အဆသည်သာလျှင် အနှစ်သာရ ဖြစ်သည်။ လွတ်လပ်ခွင့်ဆိုသည် မှာ တစ်ဖက်စွန်းရောက်သော  စည်းမဲ့ကမ်းမဲ့ လွတ်လပ်ခွင့်မ ဟုတ်ပါဘဲ စည်းရှိကမ်းရှိ စနစ် ရှိသည်ဟု ဆက်လက်ရှင်းလင်း ဖွင့်ဆိုထားသည်။ ပြည်သူလူထု အဖွဲ့အစည်းများ၏ စည်းစနစ် သာမရှိပါက ‘လွတ်လပ်မှု’သည်   တည်တံ့ခိုင်မြဲမှု အလွန်နည်းပါး သော မင်းမဲ့စရိုက်သို့ ရောက်သွား တတ်ကြောင်းနှင့် စည်းကမ်းမဲ့ ခြင်းကြောင့် လွတ်လပ်မှုကိုဆုံးရှုံး စေသော၊ ဖိနှိပ်ညှဉ်းပန်းသော တုံ့ပြန်ချက်ကိုသာ ဖြစ်ပေါ်စေသည် ဟု ဆက်လက်ဖွင့်ဆိုထားသည်။

‘‘လူသားအားလုံး၏ မွေးရာ ပါဂုဏ်သိက္ခာနှင့် တန်းတူညီမျှရှိ ပြီး ဖယ်ရှားထုတ်ပယ်၍ မရသော  အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် ဤကမ္ဘာပေါ်တွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့်ငြိမ်း ချမ်းမှုတို့အတွက် အခြေခံအုတ် မြစ် ဖြစ်သောကြောင့်လည်း ကောင်းနှင့် အာဏာသုံး၍တရား လက်လွတ်အုပ်ချုပ်မှုနှင့် ဖိနှိပ် ချုပ်ချယ်မှုတို့ကို နောက်ဆုံးနည်း လမ်းအနေဖြင့် လူက ဆန့်ကျင်ပုန်  ကန်သည့်အခြေအနေသို့ မ ရောက်ရှိစေရေးအတွက် လူ့အ ခွင့်အရေးကို ဥပဒေစိုးမိုးမှုဖြင့်  ကာကွယ်ပေးရန် မဖြစ်မနေလို အပ်သော ကြောင့်လည်းကောင်း’’ ဟု ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ရက် တွင် ကမ္ဘာ့ကုလသမဂ္ဂကပြဋ္ဌာန်း ခဲ့သော အပြည်ပြည်ဆိုင်ရာလူ့ရ ပိုင် ခွင့်ကြေညာစာတမ်း (UDHR) ၏နိဒါန်းတွင်ပါဝင်ခဲ့သည်။ ထို ကြေညာစာတမ်း၌ ပြဋ္ဌာန်းခဲ့သည့်  လူတိုင်း၏ ရပိုင်ခွင့်များသည်ဂုဏ် သိက္ခာရှိမှု၊ လွတ်လပ်မှု၊ ခွဲခြား ဆက်ဆံကင်းရှင်းမှု၊ တန်းတူညီ မျှမှုနှင့်တစ်ပါးသူ၏ အခွင့်အရေး များကို လေးစားခြင်းများဖြစ် သည်။ လွတ်လပ်မှုနှင့် ရပိုင်ခွင့် များအပေါ် အာမခံပေးထားခြင်း ဖြစ်သည်။ လွတ်လပ်မှုကိုရှေ့ တန်းကထားရှိ၍ လူတိုင်းအတွက်  အခြေခံအဖြစ် အုတ်မြစ်ချပေး ထားသည်။

‘အောင်စေသတည်း’ အစ ချီထားသော လွတ်လပ်ရေးကြေ ညာစာတမ်းတွင် ‘လွတ်လပ်’ ဆို  သောစကားရပ်သည် ၁၆ ကြိမ်ပါ ဝင်ပြီး သစ္စာအဓိဋ္ဌာန်ကိုးချက်တွင် ခြောက်ကြိမ်ပါဝင်သည်။ ‘‘ငါတို့ လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့် အညီ  ကမ္ဘာ့လွတ်လပ်သောနိုင်ငံ အပေါင်းတို့ တရားသဖြင့်ကျင့် ဆောင်အပ်သော ကျင့်ဝတ်ကို  စောင့်ရှောက်ကျင့်ဆောင်မည်။  ငါတို့လွတ်လပ်ရေးကို ငါတို့မြတ် နိုးသည်နှင့်အညီ တစ်ပါးသူတို့၏  လွတ်လပ်ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းမည်။ ငါတို့ ကဲ့သို့ လိုလားသူများနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို  ကာကွယ်စောင့်ရှောက်မည်’’ဟု လွတ်လပ်ရေး ကြေညာစာတမ်း တွင်ပါဝင်သည်။ ‘‘ငါတို့သည် ဤနေ့ ဤအချိန်မှစ၍၊ လွတ်လပ် သော နိုင်ငံတော်သားတို့၏ မွန် မြတ်သောအခွင့်အရေးကို ခံယူ သည့်နည်းတူ လွတ်လပ်သော နိုင်ငံတော်သားတို့၏ တာဝန်ဝတ္တ ရားများကိုလည်း မတိမ်းမငဲ့ထမ်း ဆောင်မည်’’ဟု လွတ်လပ်ရေး သစ္စာ အဓိဋ္ဌာန်အမှတ်သုံးတွင်  ထည့်သွင်းထားသည်။ မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိချိန် ၁၉၄၈  ခုနှစ်၌ကြေညာခဲ့သော လွတ်လပ် ရေးကြေညာစာတမ်းနှင့် သစ္စာ အဓိဋ္ဌာန်ကိုးချက်တို့မှ ကောက် နုတ်ချက်ဖြစ်ပြီး လွတ်လပ်ရေးရရှိ ချိန်တွင် ချမှတ်ခဲ့ကြသော လွတ် လပ်ခြင်း၊ တာဝန်ယူခြင်းနှင့် တာ ဝန်ခံခြင်း အခြေခံအုတ်မြစ်များ ဖြစ်သည်။ ထို့အတူ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ အခန်း(၁)၊ အပိုင်ခွဲ ၆(င)တွင် ‘နိုင်ငံတော်၌  တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့်ညီမျှခြင်းတည်းဟူသော လော ကပါလတရားများ ပိုမိုထွန်းကား ရေး’ဟု ပြဋ္ဌာန်းထားသည်။

 ဘာသာဗေဒအရလည်း ကောင်း၊ အယူအဆအရလည်း ကောင်း၊ နိုင်ငံတကာသဘောတူ ညီမှုများအရ လည်းကောင်း၊ လွတ်လပ်ရေးကြေညာစာတမ်း အရလည်းကောင်း၊ လွတ်လပ် ရေး သစ္စာအဓိဋ္ဌာန်ကိုးချက်အရ လည်းကောင်းနှင့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေအရ လည်း ကောင်း ‘လွတ်လပ်ခွင့်’သည် အ ခိုင်အမာရှိပြီးဖြစ်သည်။ သို့သော်  လောကီလွတ်လပ်ခြင်းဖြစ်သော  ‘လွတ်လပ်ခွင့်’သည် လူတိုင်း လက်တွေ့ခံစားစံစားနိုင်သည့်အ ခြေအနေရှိနေပြီလားဟု စဉ်းစား ဖွယ်ရာ၊ တွေးချင့်စရာရှိသည်။ ထို ‘လွတ်လပ်ခွင့်’ကို မည်သို့တိုင်း တာမည်နည်း၊ မည်သို့အကဲဖြတ် မည်နည်းဆိုသော မေးခွန်းသည် လည်းရှိလာမည်ဖြစ်သည်။ ယင်း အတွက် ခိုင်လုံသောအဖြေရှိ သည်။ အပြည်ပြည်ဆိုင်ရာ လူ့ရ ပိုင်ခွင့်ကြေညာစာတမ်းက ပေး ထားသည့် ရပိုင်ခွင့်များဖြစ်သော  အခြေခံရပိုင်ခွင့်များ၊ ပြည်သူ့ရေး ရာရပိုင်ခွင့်များ၊ နိုင်ငံရေးရပိုင် ခွင့်များ၊ စီးပွားရေးရပိုင်ခွင့်များ၊  လူမှုရေးရပိုင်ခွင့်များနှင့် ယဉ် ကျေးမှုဆိုင်ရာ ရပိုင်ခွင့်များကို  လူတိုင်းမည်ရွေ့မည်မျှ ရရှိခံစား စံစားရသည်နှင့် တိုင်းတာပါသည်။ ထိုရပိုင်ခွင့်များအတွက် အာမခံ ပေးနိုင်သည့် ဥပဒေပြဋ္ဌာန်းနိုင် ခြင်း၊ အကောင်အထည်ဖော်နိုင် ခြင်း၊ တရားဥပဒေစိုးမိုးနိုင်ခြင်း၊  ရလဒ်ကောင်းများ ရရှိခြင်းနှင့် တစ်ဦးတစ်ယောက်ချင်းအပေါ်  သက်ရောက်နိုင်ခြင်းများဖြင့် တင် ပြပါအခြေခံရပိုင်ခွင့်များကို အ ကဲဖြတ်ခြင်းဖြစ်ပါသည်။ ထိုတိုင်း တာခြင်း၊ အကဲဖြတ်ခြင်းကိစ္စများ အတွက် လည်ပတ်လုပ်ကိုင်ရ သော အခြေခံအဆောက်အအုံအ သီးသီးရှိသကဲ့သို့ လုပ်ထုံးလုပ် နည်းပေါင်းများစွာလည်း ရှိသည်။

ကုလသမဂ္ဂလူ့ရပိုင်ခွင့်ဆိုင် ရာ လုပ်ထုံးလုပ်နည်းများဖြစ် သည့် လူ့အခွင့်အရေးဆိုင်ရာစာ ချုပ်အဖွဲ့များ (Treaty Bodies)၊ လူ့အခွင့်အရေးကောင်စီ (Human Rights Council)၊ ကမ္ဘာ့ နိုင်ငံများအားလုံး၏ လူ့အခွင့်အ ရေး အခြေအနေပုံမှန်သုံးသပ်မှု (Universal Periodic Review, UPR) နှင့် အထူးလုပ်ငန်းစဉ်များ (Special Proceduries)များက အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း များ၊ လူ့ရပိုင်ခွင့်ကာကွယ်စောင့်  ရှောက်သူများဖြင့် စနစ်ကျစွာ ပူး ပေါင်းဆောင်ရွက်၍ အကဲဖြတ် ပါသည်။ ထိန်းကျောင်းပါသည်။  လူတိုင်း၏ လွတ်လပ်မှုနှင့် ရပိုင် ခွင့်များအပေါ် ဆန်းစစ်အကဲဖြတ် ၍ ‘လွတ်လပ်ခွင့်’ အခြေအနေများ ကိုလည်း ထုတ်ပြန်ကြပါသည်။‘လွတ်လပ်မှု’များကို အကဲဖြတ် သည့် ဖရီးဒမ်းဟောက်စ် (Freedom House) နှင့် CATO Institute တို့၏ အကဲဖြတ်ချက်အရ  မြန်မာနိုင်ငံသည် တစ်စိတ်တစ် ဒေသအားဖြင့်သာ လွတ်လပ် သေးသည်ဟူသော အဖြေရှိ သည်။ ဖရီးဒမ်းဟောက်စ် (Freedom House)၏ အကဲဖြတ်ချက် အရ အင်တာနက်လွတ်လပ်မှုမရှိ ဟု အဖြေထွက်ပြီးနယ်စည်းမထား သတင်းသမားများအဖွဲ့ (RSF) ၏ အကဲဖြတ်ချက်အရ မြန်မာ့ သတင်းမီဒီယာ လွတ်လပ်ခွင့် သည် ခက်ခဲသောအခြေအနေ တွင်သာ ရှိနေပါသေးသည်။ ထို့ အပြင် လူ့ရပိုင်ခွင့်များကို မြှင့်တင်  ကာကွယ်ပေးနေသည့် မြန်မာ နိုင်ငံဆိုင်ရာ အရပ်ဘက်အဖွဲ့အ စည်းအသီးသီး၏ လေ့လာစောင့် ကြည့်ဆန်းစစ်သည့် အကဲဖြတ် ချက်များအရလည်းကောင်း၊ ထုတ်ဖော်တင်ပြနေသော အစီ ရင်ခံစာများအရ လည်းကောင်း ‘လွတ်လပ်ခွင့်’ ရေးရာသည် လုံ လောက်သော အာမခံချက်မရှိ သေးကြောင်းနှင့် မေးခွန်းထုတ်ရ မည့် အချက်ပေါင်းများစွာရှိနေ သေးကြောင်းသိသာပါသည်။ လူ တိုင်းနှစ်သက်၊ လိုလားတောင့်တ ကြသည့် ‘လွတ်လပ်ခွင့်’သည် စာ ရွက်ပေါ်တွင် ရှိနေသည်မှ၊ ကျောက်တိုင်ပေါ်တွင် ရှိနေသည် မှ လူတိုင်းလက်လှမ်းမီနိုင်ရေး၊  ရရှိခံစားနိုင်ရေးသို့ ရောက်ရှိရန် အရေးကြီးပါသည်။ ထိုအရေးကြီး ကိစ္စများကို လက်တွေ့အကောင်  အထည်ဖော်နိုင်ရန် အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များကို  သဘောတူညီခြင်း၊ လွတ်လပ်ခွင့် များအတွက် အာမခံပေးနိုင်သည့် ဥပဒေကောင်းများ ပြဋ္ဌာန်းနိုင်ခြင်း နှင့် ထိုဥပဒေများအတိုင်း လက် တွေ့ အကောင်အထည်ဖော်ခြင်း များဖြစ်ပါသည်။ သို့မှသာ ဖိနှိပ် ချုပ်ချယ်ကန့်သတ်စွက်ဖက်ခြင်း များမှကင်း၍ လွတ်လပ်လုံခြုံတာ ဝန်သိတာဝန်ခံသော လူမှုအဖွဲ့အ စည်းတစ်ရပ်သို့ ဦးတည်နိုင်မည် ဖြစ်သည်။

ဟန်ဇော်

(အဆိုပါဆောင်းပါးကို 7Day News Dailyတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: