အင်တာနက်သုံးစွဲပိုင်ခွင့်

နေ့စဉ်ဘဝနေထိုင်မှုများသည် အွန်လိုင်းနှင့် အော့ဖ်လိုင်းအတူယှဉ်တွဲနေထိုင်ခြင်းများဖြစ်လာပြီး အွန်လိုင်းနှင့်အော့ဖ်လိုင်းဟူ၍ ခွဲခြားမရနိုင်တော့သည့် အခြေအနေဖြစ်သည်။

‘ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်’၊ ‘အင်တာနက်လွတ်လပ်ခွင့်’နှင့် ‘ဒစ်ဂျစ်တယ်ရပိုင်ခွင့်’များတွင် ပါဝင်နေသော ‘အင်တာနက်သုံးစွဲ ပိုင်ခွင့်’ (Right to Internet Access)လုံလောက်စွာရရှိနိုင်ရေး သည် အလေးထားပြောဆိုရမည့် ကိစ္စဖြစ်သည်။ လူတိုင်း၏ အခြေ ခံရပိုင်ခွင့်ဖြစ်သော အင်တာနက် လက်လှမ်းမီရေးနှင့် ကောင်းမွန် မှန်ကန်စွာအသုံးပြုနိုင်ရေးသည် ယနေ့ကမ္ဘာအတွက် အလွန်အ ရေးပါသော အစိတ်အပိုင်းတစ်ခု လည်းဖြစ်သည်။ အင်တာနက် အသုံးပြုနိုင်ခြင်းသည် နေ့စဉ်နေ ထိုင်ဖြတ်သန်းနေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာ သာရေးနှင့် ယဉ်ကျေးမှုရေးရာ ကိစ္စများအတွက် အရေးပါသည်။ နေ့စဉ်ဘဝနေထိုင်မှုများသည် အွန်လိုင်းနှင့် အော့ဖ်လိုင်းအတူယှဉ်တွဲနေထိုင်ခြင်းများဖြစ်လာ ပြီး အွန်လိုင်းနှင့်အော့ဖ်လိုင်းဟူ၍ ခွဲခြားမရနိုင်တော့သည့် အခြေအနေဖြစ်သည်။

‘အင်တာနက်သုံးစွဲပိုင်ခွင့်’ဆိုသည်မှာ လူတိုင်းသည် အင် တာနက်ကို လွတ်လပ်စွာရယူသုံး စွဲနိုင်ခြင်း၊ လွတ်လပ်စွာသုံးစွဲပိုင် ခွင့်ကို သေချာစေရန် အာမခံခြင်း နှင့် လူတိုင်း၏ အင်တာနက်သုံး စွဲပိုင်ခွင့်ကို လုံလောက်သော အ ကြောင်းပြချက်မပါဝင်ဘဲ အစိုးရ အနေဖြင့် ပိတ်ပင်ကန့်သတ်ခြင်း များ မပြုလုပ်ခြင်းဖြစ်သည်။ ‘အင် တာနက်သုံးစွဲပိုင်ခွင့်’ လုံလောက် စွာရှိခြင်းသည် ထုတ်ဖော်ပြောဆို မှုနှင့်ထင်မြင်ယူဆမှု လွတ်လပ် ခြင်း၊ လူ့အခြေခံရပိုင်ခွင့်များ လက်တွေ့ကျင့်သုံးနိုင်ခြင်းနှင့် ခံ စားခွင့်ရရှိနိုင်ရေးများအတွက် လိုအပ်ချက်ဖြစ်သည်ဟု ရှုမြင်ကြ သည်။ ‘သတင်းအချက်အလက် လူမှုအဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ ထိပ်သီးအစည်းအဝေး’ (The World Summit on the Information Society(WSIS)ကို ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူး၍ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည်။ ထိုထိပ်သီးအ စည်းအဝေးကြီးက ‘အင်တာနက် သုံးစွဲပိုင်ခွင့်’ကို အသိအမှတ်ပြုခဲ့ သည်။ ကုလသမဂ္ဂ၏ ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်တစ်ခုဖြစ်သော ကုလသမဂ္ဂလူ့ရပိုင်ခွင့်ကောင်စီ ထုတ်ပြန်မှုတွင် ‘လူတိုင်း၏ လူ့ အခြေခံရပိုင်ခွင့်(UDHR)သည် အော့ဖ်လိုင်းနှင့် အွန်လိုင်းခွဲခြား မှုမရှိပါဘဲ အွန်လိုင်းတွင်လည်း ထပ်တူကာကွယ်ပိုင်ခွင့်ရှိသည်’ ဟု အတိအလင်းဆိုခဲ့သည်။ ‘အင် တာနက်သုံးစွဲပိုင်ခွင့်’သည် အ ပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေ ညာစာတမ်း(UDHR)၏ အပိုဒ် – ၁၉ ပါ ‘ထုတ်ဖော်ပြောဆိုမှုလွတ် လပ်ပိုင်ခွင့်’နှင့် တိုက်ရိုက်သက် ဆိုင်ပြီး အခြားသောရပိုင်ခွင့်များ ဖြစ်သည့် ‘ဖွံ့ဖြိုးတိုးတက်မှုရပိုင်ခွင့်’(Right to Development)နှင့် ‘လွတ်လပ်စွာစုဝေးပိုင်ခွင့်’(Right to Freedom of Assembly)တို့ဖြင့်လည်း သက်ဆိုင်သောရ ပိုင်ခွင့်တစ်ခုဖြစ်သည်။

ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်ခြင်း လမ်းပြမြေပုံ (Roadmap for Digital Cooperation)ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၁ ရက် တွင် တင်ပြခဲ့သည်။ ယင်းလမ်းပြ မြေပုံသည် ဒစ်ဂျစ်တယ်ရပိုင်ခွင့် ဆိုင်ရာနယ်ပယ်ရှစ်ခုကို လွှမ်းခြုံ နိုင်ရန်ကြိုးပမ်းထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလုံးအတိုင်း အတာဖြင့် အင်တာနက်ချိတ် ဆက်အသုံးပြုနိုင်ရေး၊ ဒစ်ဂျစ် တယ်ထုတ်ကုန်များ လူတိုင်းအ ညီအမျှ အသုံးပြုနိုင်ရေးနှင့် ဒစ် ဂျစ်တယ်ခေတ်၌ အခြေခံလူ့ရ ပိုင်ခွင့်များကို ရရှိနိုင်မှု အာမခံနိုင် ရေးဆိုသည့်အချက်များ ပါဝင် သည်။ ယူနက်စကိုက ထုတ်ပြန် ထားသည့် ကမ္ဘာလုံးဆိုင်ရာအင် တာနက်အညွှန်းကိန်း(Internet Universality Indicators, IUIs)တွင် လူတိုင်းအင်တာနက် လက် လှမ်းမီအသုံးပြုနိုင်ရေးနှင့် တန်း တူညီမျှရေးကို အလေးအနက် ထည့်သွင်းထားသည်။ မြို့ပြဖြစ် စေ၊ ကျေးလက်ဖြစ်စေ တူညီ သော အင်တာနက်သုံးခွင့်ရှိစေ ရေး၊ လိင်စိတ်ခံယူမှု ဝိသေသကွဲ ပြားသူများနှင့် မသန်စွမ်းသူများ အင်တာနက်အသုံးပြုနိုင်မှု လက် လှမ်းမီရေး၊ ဒေသတွင်းအ ကြောင်းအရာ၊ ဒေသသုံးဘာသာ စကားတို့ဖြင့် အင်တာနက်အ သုံးပြုနိုင်ရေးတို့ကို ညွှန်းကိန်းအ ဖြစ်တိုင်းတာရန် အလေးအနက် ထားသည်။ ယူနက်စကို၏ ညွှန်း ကိန်းတစ်ခုဖြစ်သော မီဒီယာဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာညွှန်း ကိန်းတွင် အင်တာနက်ဆင်ဆာ ဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက် များကို ပိတ်ပင်တားဆီးခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ထုတ်ဖော် ပြောဆိုကြသည်များကိုကန့်သတ် ထိန်းချုပ်ခြင်း မရှိစေရေး ဖော်ပြ သည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ်တစ်ခုဖြစ်သော ‘စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်း ချက်ပန်းတိုင်များ’(SDGs)၊ ပန်း တိုင် ၁၇ ခုအနက်၊ ပန်းတိုင်အ မှတ်(၉)ဖြစ်သည့် ‘စက်မှုလုပ်ငန်း၊ တီထွင်ဆန်းသစ်မှုနှင့် အခြေခံ အဆောက်အအုံ’တွင် ‘ဒစ်ဂျစ် တယ်နည်းပညာ ကွာခြားချက်ကို ကူးပေါင်းခြင်းသည် အချက်အ လက်နှင့် ဗဟုသုတသာတူညီမျှ သော လက်လှမ်းမီမှုဆောင်ရွက် ရန်သာမက တီထွင်ဆန်းစစ်မှုနှင့် စီးပွားရေး စွန့်ဦးဆောင်ရွက်မှုများ အားကောင်းစေရန်အတွက် လည်း အရေးကြီးသည်’ဟု ဖွင့်ဆို ထားသည်။ ၂၀၁၈ ခုနှစ် ဩဂုတ် လတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ‘မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)’၏ ပန်းတိုင်အမှတ်(၃)၌ ‘အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂ လိကကဏ္ဍ ဦးဆောင်သည့်ဖွံ့ဖြိုး ရေး’ ဖော်ပြချက်တွင် ‘လက်ရှိ နိုင်ငံ၏ စီးပွားရေးအနေအထား အရ စိုက်ပျိုးရေးနှင့် အသေးစား နှင့်အလတ်စားလုပ်ငန်းကဏ္ဍ သည် အလုပ်အကိုင်ဖန်တီးရေးအ တွက် အရေးကြီးသည့် ဇာစ်မြစ် များဖြစ်ကြပါသည်။ ဤကဏ္ဍ များနှင့်စပ်လျဉ်း၍ အစိုးရသည် ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ပြောင်းလဲ စေရန်နှင့် အရည်အသွေးမြင့်မား သည့် အလုပ်အကိုင်များပေါ်ထွန်း လာစေရန်အတွက် ဒစ်ဂျစ်တယ် စီးပွားရေး(Digital Economy)ကို အလေးထားလျက် ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ဖန်တီးမှုနှင့်ဆန်းသစ်တီထွင်မှု၏ အခန်းကဏ္ဍကို မြှင့် တင်သွားမည် ဖြစ်ပါသည်’ဟု ဆိုထားသည်။ အဆိုပါဖော်ပြချက်များသည် ‘အင်တာနက်သုံးစွဲပိုင်ခွင့်’၏ အ ရေးပါမှု၊ အခြေခံအဆောက်အ အုံဖြစ်မှုနှင့် အာမခံမှုများအတွက် အလေးပေးထားသောအချက် များဖြစ်သည်။

‘၂၀၂၀ ပြည့်နှစ်အတွင်း အွန်လိုင်းလွတ်လပ်မှုကို အကဲ ဖြတ်ခြင်း၊ အင်တာနက်ပေါ်တွင် လွတ်လပ်မှု မြန်မာနိုင်ငံ’ အစီရင် ခံစာကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂၂ ရက်၌ ‘လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)’က ထုတ်ပြန်ခဲ့သည်။ အစီ ရင်ခံစာ၏ ဖော်ပြချက်အရ ‘အင် တာနက်လွတ်လပ်မှုအခြေအ နေ’သည် မြန်မာနိုင်ငံအတွက် ‘လွတ်လပ်မှုမရှိ’ဟု သိရသည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့အ တွက် အကဲဖြတ်ခဲ့သည့်ညွှန်းကိန်း ထက် ၂၀၂၀ ပြည့်နှစ်ညွှန်းကိန်း သည် ငါးဆင့်ကျသွားသည်။ ‘လက်လှမ်းမီမှုအပေါ် အတားအ ဆီးများ’၊ ‘အကြောင်းအရာများကို ကန့်သတ်မှု’နှင့် ‘အသုံးပြုသူအခွင့် အရေးချိုးဖောက်မှု’စသည်တို့အ ပေါ်တွင် အခြေခံ၍ ‘အင်တာနက် လွတ်လပ်မှုအခြေအနေ’များကို အမှတ်ပေးအကဲဖြတ်ခဲ့သောအစီ ရင်ခံစာ၏ ဖော်ပြချက်အရ ရခိုင် နှင့် ချင်းပြည်နယ်ဒေသအချို့တွင် မိုဘိုင်းအင်တာနက်သုံးစွဲပိုင်ခွင့် ပိတ်ပင်ထား၍ လူတစ်သန်းကျော် သည် အွန်လိုင်းနှင့်အဆက်ပြတ် နေကြောင်း၊ သတင်းဌာနများနှင့် ဒေသအခြေပြုသတင်းမီဒီယာ များ၏ အင်တာနက်စာမျက်နှာ များကို ပိတ်ပစ်ရန် အင်တာနက် ဝန်ဆောင်မှုပေးသည့်လုပ်ငန်း များကို အာဏာပိုင်များက အမိန့် ပေးခဲ့ကြောင်းနှင့် ရပိုင်ခွင့်များကို အကာအကွယ်မပေးနိုင်သော တည်ဆဲဥပဒေများအား အသုံးပြု ၍ တရားစွဲဆိုခြင်း၊ အပြစ်ဒဏ် ချခြင်းနှင့် ထောင်ချခြင်းများကို ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။ ‘မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများနှင့် ပဋိပက္ခမဖြစ်ပွားသော ဒေသများ ရှိ သတင်းအချက်အလက်ရပိုင် ခွင့်နှင့် ဒစ်ဂျစ်တယ်အခွင့်အရေး တို့အပေါ် လေ့လာဆန်းစစ်ခြင်း’ သုတေသနအစီရင်ခံစာကို၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၌ ‘အသံ(လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့)’က ထုတ်ပြန်ခဲ့သည်။ အင်တာနက် မရရှိသောဒေသ၊ လိုင်းမကောင်း သောဒေသ၊ အစိုးရက အင်တာ နက် ဖြတ်တောက်ထားသော ဒေသများရှိနေခြင်း၊ အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်း၊ ထုတ် ဖော်ပြောဆိုမှု လွတ်လပ်ပိုင်ခွင့် စံ နှုန်းများဖြင့်မကိုက်ညီသော တည် ဆဲဥပဒေများဖြင့် အရေးယူခံရ ခြင်းနှင့် ယင်းတို့၏ နောက်ဆက် တွဲအဖြစ် ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း၊ လွတ်လပ်စွာစု ဝေးခြင်းနှင့် စီတန်းလှည့်လည် ခြင်းဆိုသည့် ဒီမိုကရေစီအခြေခံ ရပိုင်ခွင့်များပါ ဆက်လက်ချိုး ဖောက်ခံနေရကြောင်း သုတေသ နအစီရင်ခံစာက ဖော်ပြသည်။ အဆိုပါအချက်များသည် မြန်မာ နိုင်ငံ၏ ‘အင်တာနက်သုံးစွဲပိုင်ခွင့်’ ထိပါးနေမှုများကို ထင်ဟပ်ပြသ နေသော အခြေအနေများဖြစ် သည်။

ဆက်သွယ်ရေးဥပဒေ (၂၀၁၃)၊ ပုဒ်မ – ၇၇တွင် ဝန်ကြီး ဌာနသည် အများပြည်သူအကျိုးအတွက်ဆောင်ရွက်ရန် အခြေ အနေ ပေါ်ပေါက်သည့်အခါ အစိုး ရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစားတစ် ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်းထားရှိရေး၊ လိုအပ် သည့်သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကို ရရှိနိုင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းများနှင့် ဆက်သွယ်ရေးပစ္စည်း များကို ယာယီထိန်းချုပ်သုံးစွဲရေး တို့အတွက် လုပ်ငန်းလိုင်စင်ရရှိ သူအား ညွှန်ကြားနိုင်သည်ဟု ဖော်ပြထားသည်။ ပုဒ်မ -၇၇ ကို လိုက်နာနိုင်ရန် လိုင်စင်ရသူသည် ကြိုတင်စီမံထားရမည်ဟု ပုဒ်မ – ၇၈ တွင် ပြဋ္ဌာန်းထားပါသည်။ ဆက်သွယ်ရေးဥပဒေ(၂၀၁၃)သည် ၆၆(ဃ)အဖြစ် အရပ် ဘက်တွင် ထင်ရှားသည့် တည်ဆဲ ဥပဒေတစ်ရပ်ဖြစ်သည်။ 

ယင်း တည်ဆဲဥပဒေဖြင့် အင်တာနက် ပိတ်ပင်ဖြတ်တောက်ခြင်းများကို စီမံနေနိုင်ခြင်းဖြစ်သည်။ ‘ဆက် သွယ်ရေးဥပဒေပါ ဒီမိုကရေစီ မူဝါဒနှင့် ဆန့်ကျင်သောပြဋ္ဌာန်း ချက်များ ပယ်ဖျက်ပေးရန် အရပ် ဘက်အဖွဲ့အစည်းများက နှစ် များစွာကြာအောင် အစဉ်တစိုက် တောင်းဆိုလာခဲ့သော်လည်း အ စိုးရက အဆိုပါပြဋ္ဌာန်းချက်များကို ကိုင်စွဲ၍ ဆန္ဒဖော်ထုတ်မှုများနှင့် သတင်းအချက်အလက်ဖလှယ်မှု တို့ကို ဖိနှိပ်ချုပ်ချယ်လာခဲ့သည်။ ဥပမာအားဖြင့် လွန်ခဲ့သောနှစ်အ တွင်း အစိုးရသည် ထင်ရှားသော တိုင်းရင်းသားမီဒီယာများအပါ အဝင် ဝက်ဘ်ဆိုက်များကို ပိတ် ပင်ခြင်းနှင့် လူတစ်သန်းကျော်၏ မိုဘိုင်းဖုန်းအချက်အလက် ဖတ် ရှုနိုင်ခွင့်ပိတ်ခြင်းတို့ကို လုပ် ဆောင်ခဲ့သည်။ ဤသို့လုပ်ဆောင် မှုများ၌ ဥပဒေပါ ပြဋ္ဌာန်းချက် များကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲခဲ့ပြီး နိုင်ငံတော်လုံခြုံရေး အတွက်ဟု မရှင်းလင်းသောအ ကြောင်းပြချက်များကို အခြေခံခဲ့ သည်’ဟု ၂၀၂၀ ပြည့်နှစ် ဩဂုတ် လ ၆ ရက်၌ ပဲန်မြန်မာက ထုတ် ပြန်ခဲ့သည့် ‘မြန်မာနိုင်ငံ၏ လွတ် လပ်စွာရေးသားထုတ်ဖော်ပြော ဆိုခွင့် အခြေအနေအကဲဖြတ် ချက်’တွင်ဖော်ပြခဲ့သည်။ အဆိုပါ အချက်များသည် ဆက်သွယ်ရေး ဥပဒေ၏ပေးထားမှု အားနည်း ချက်များဖြစ်ပြီး ‘အင်တာနက် သုံးစွဲပိုင်ခွင့်’ကို ထိပါးနေကြောင်း ထင်ရှားသည်။ မြန်မာနိုင်ငံ၏ ‘အင်တာနက်သုံးစွဲပိုင်ခွင့်’သည် လူတိုင်းအတွက်အရေးပါမှု၊ လူတိုင်း၏ ရပိုင်ခွင့်ဖြစ်မှု၊ ရပိုင် ခွင့်များကို လက်တွေ့ကျင့်သုံးနိုင် မှု၊ သာတူညီမျှဖြစ်မှု၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ် တွင် ပါဝင်နိုင်မှု၊ လုံခြုံမှုများနှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန် ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု များအတွက် အနှောင့်အယှက်အ ဟန့်အတားဖြစ်စေသည့် စိုးရိမ် ဖွယ်ရာ အခြေအနေတစ်ရပ်တွင် ရှိနေသည်ဟု သုံးသပ်ရပါသည်။

‘အင်တာနက်သုံးစွဲပိုင်ခွင့်’ဆိုသည်မှာ လူတိုင်းသည် အင် တာနက်ကို လွတ်လပ်စွာရယူသုံး စွဲနိုင်ခြင်း၊ လွတ်လပ်စွာသုံးစွဲပိုင် ခွင့်ကို သေချာစေရန် အာမခံခြင်း နှင့် လူတိုင်း၏ အင်တာနက်သုံး စွဲပိုင်ခွင့်ကို လုံလောက်သော အ ကြောင်းပြချက်မပါဝင်ဘဲ အစိုးရ အနေဖြင့် ပိတ်ပင်ကန့်သတ်ခြင်း များ မပြုလုပ်ခြင်းဖြစ်သည်။ ‘အင် တာနက်သုံးစွဲပိုင်ခွင့်’ လုံလောက် စွာရှိခြင်းသည် ထုတ်ဖော်ပြောဆို မှုနှင့်ထင်မြင်ယူဆမှု လွတ်လပ် ခြင်း၊ လူ့အခြေခံရပိုင်ခွင့်များ လက်တွေ့ကျင့်သုံးနိုင်ခြင်းနှင့် ခံ စားခွင့်ရရှိနိုင်ရေးများအတွက် လိုအပ်ချက်ဖြစ်သည်ဟု ရှုမြင်ကြ သည်။ ‘သတင်းအချက်အလက် လူမှုအဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ ထိပ်သီးအစည်းအဝေး’ (The World Summit on the Information Society(WSIS)ကို ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူး၍ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည်။ ထိုထိပ်သီးအ စည်းအဝေးကြီးက ‘အင်တာနက် သုံးစွဲပိုင်ခွင့်’ကို အသိအမှတ်ပြုခဲ့ သည်။ ကုလသမဂ္ဂ၏ ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်တစ်ခုဖြစ်သော ကုလသမဂ္ဂလူ့ရပိုင်ခွင့်ကောင်စီ ထုတ်ပြန်မှုတွင် ‘လူတိုင်း၏ လူ့ အခြေခံရပိုင်ခွင့်(UDHR)သည် အော့ဖ်လိုင်းနှင့် အွန်လိုင်းခွဲခြား မှုမရှိပါဘဲ အွန်လိုင်းတွင်လည်း ထပ်တူကာကွယ်ပိုင်ခွင့်ရှိသည်’ ဟု အတိအလင်းဆိုခဲ့သည်။ ‘အင် တာနက်သုံးစွဲပိုင်ခွင့်’သည် အ ပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေ ညာစာတမ်း(UDHR)၏ အပိုဒ် – ၁၉ ပါ ‘ထုတ်ဖော်ပြောဆိုမှုလွတ် လပ်ပိုင်ခွင့်’နှင့် တိုက်ရိုက်သက် ဆိုင်ပြီး အခြားသောရပိုင်ခွင့်များ ဖြစ်သည့် ‘ဖွံ့ဖြိုးတိုးတက်မှုရပိုင်ခွင့်’(Right to Development)နှင့် ‘လွတ်လပ်စွာစုဝေးပိုင်ခွင့်’(Right to Freedom of Assembly)တို့ဖြင့်လည်း သက်ဆိုင်သောရ ပိုင်ခွင့်တစ်ခုဖြစ်သည်။

ဒစ်ဂျစ်တယ်ပူးပေါင်း ဆောင်ရွက်ခြင်း လမ်းပြမြေပုံ (Roadmap for Digital Cooperation)ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၁ ရက် တွင် တင်ပြခဲ့သည်။ ယင်းလမ်းပြ မြေပုံသည် ဒစ်ဂျစ်တယ်ရပိုင်ခွင့် ဆိုင်ရာနယ်ပယ်ရှစ်ခုကို လွှမ်းခြုံ နိုင်ရန်ကြိုးပမ်းထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလုံးအတိုင်း အတာဖြင့် အင်တာနက်ချိတ် ဆက်အသုံးပြုနိုင်ရေး၊ ဒစ်ဂျစ် တယ်ထုတ်ကုန်များ လူတိုင်းအ ညီအမျှ အသုံးပြုနိုင်ရေးနှင့် ဒစ် ဂျစ်တယ်ခေတ်၌ အခြေခံလူ့ရ ပိုင်ခွင့်များကို ရရှိနိုင်မှု အာမခံနိုင် ရေးဆိုသည့်အချက်များ ပါဝင် သည်။ ယူနက်စကိုက ထုတ်ပြန် ထားသည့် ကမ္ဘာလုံးဆိုင်ရာအင် တာနက်အညွှန်းကိန်း(Internet Universality Indicators, IUIs)တွင် လူတိုင်းအင်တာနက် လက် လှမ်းမီအသုံးပြုနိုင်ရေးနှင့် တန်း တူညီမျှရေးကို အလေးအနက် ထည့်သွင်းထားသည်။ မြို့ပြဖြစ် စေ၊ ကျေးလက်ဖြစ်စေ တူညီ သော အင်တာနက်သုံးခွင့်ရှိစေ ရေး၊ လိင်စိတ်ခံယူမှု ဝိသေသကွဲ ပြားသူများနှင့် မသန်စွမ်းသူများ အင်တာနက်အသုံးပြုနိုင်မှု လက် လှမ်းမီရေး၊ ဒေသတွင်းအ ကြောင်းအရာ၊ ဒေသသုံးဘာသာ စကားတို့ဖြင့် အင်တာနက်အ သုံးပြုနိုင်ရေးတို့ကို ညွှန်းကိန်းအ ဖြစ်တိုင်းတာရန် အလေးအနက် ထားသည်။ ယူနက်စကို၏ ညွှန်း ကိန်းတစ်ခုဖြစ်သော မီဒီယာဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာညွှန်း ကိန်းတွင် အင်တာနက်ဆင်ဆာ ဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက် များကို ပိတ်ပင်တားဆီးခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ထုတ်ဖော် ပြောဆိုကြသည်များကိုကန့်သတ် ထိန်းချုပ်ခြင်း မရှိစေရေး ဖော်ပြ သည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ်တစ်ခုဖြစ်သော ‘စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်း ချက်ပန်းတိုင်များ’(SDGs)၊ ပန်း တိုင် ၁၇ ခုအနက်၊ ပန်းတိုင်အ မှတ်(၉)ဖြစ်သည့် ‘စက်မှုလုပ်ငန်း၊ တီထွင်ဆန်းသစ်မှုနှင့် အခြေခံ အဆောက်အအုံ’တွင် ‘ဒစ်ဂျစ် တယ်နည်းပညာ ကွာခြားချက်ကို ကူးပေါင်းခြင်းသည် အချက်အ လက်နှင့် ဗဟုသုတသာတူညီမျှ သော လက်လှမ်းမီမှုဆောင်ရွက် ရန်သာမက တီထွင်ဆန်းစစ်မှုနှင့် စီးပွားရေး စွန့်ဦးဆောင်ရွက်မှုများ အားကောင်းစေရန်အတွက် လည်း အရေးကြီးသည်’ဟု ဖွင့်ဆို ထားသည်။ ၂၀၁၈ ခုနှစ် ဩဂုတ် လတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ‘မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)’၏ ပန်းတိုင်အမှတ်(၃)၌ ‘အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂ လိကကဏ္ဍ ဦးဆောင်သည့်ဖွံ့ဖြိုး ရေး’ ဖော်ပြချက်တွင် ‘လက်ရှိ နိုင်ငံ၏ စီးပွားရေးအနေအထား အရ စိုက်ပျိုးရေးနှင့် အသေးစား နှင့်အလတ်စားလုပ်ငန်းကဏ္ဍ သည် အလုပ်အကိုင်ဖန်တီးရေးအ တွက် အရေးကြီးသည့် ဇာစ်မြစ် များဖြစ်ကြပါသည်။ ဤကဏ္ဍ များနှင့်စပ်လျဉ်း၍ အစိုးရသည် ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ပြောင်းလဲ စေရန်နှင့် အရည်အသွေးမြင့်မား သည့် အလုပ်အကိုင်များပေါ်ထွန်း လာစေရန်အတွက် ဒစ်ဂျစ်တယ် စီးပွားရေး(Digital Economy)ကို အလေးထားလျက် ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ဖန်တီးမှုနှင့်ဆန်းသစ်တီထွင်မှု၏ အခန်းကဏ္ဍကို မြှင့် တင်သွားမည် ဖြစ်ပါသည်’ဟု ဆိုထားသည်။ အဆိုပါဖော်ပြချက်များသည် ‘အင်တာနက်သုံးစွဲပိုင်ခွင့်’၏ အ ရေးပါမှု၊ အခြေခံအဆောက်အ အုံဖြစ်မှုနှင့် အာမခံမှုများအတွက် အလေးပေးထားသောအချက် များဖြစ်သည်။

‘၂၀၂၀ ပြည့်နှစ်အတွင်း အွန်လိုင်းလွတ်လပ်မှုကို အကဲ ဖြတ်ခြင်း၊ အင်တာနက်ပေါ်တွင် လွတ်လပ်မှု မြန်မာနိုင်ငံ’ အစီရင် ခံစာကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂၂ ရက်၌ ‘လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)’က ထုတ်ပြန်ခဲ့သည်။ အစီ ရင်ခံစာ၏ ဖော်ပြချက်အရ ‘အင် တာနက်လွတ်လပ်မှုအခြေအ နေ’သည် မြန်မာနိုင်ငံအတွက် ‘လွတ်လပ်မှုမရှိ’ဟု သိရသည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့အ တွက် အကဲဖြတ်ခဲ့သည့်ညွှန်းကိန်း ထက် ၂၀၂၀ ပြည့်နှစ်ညွှန်းကိန်း သည် ငါးဆင့်ကျသွားသည်။ ‘လက်လှမ်းမီမှုအပေါ် အတားအ ဆီးများ’၊ ‘အကြောင်းအရာများကို ကန့်သတ်မှု’နှင့် ‘အသုံးပြုသူအခွင့် အရေးချိုးဖောက်မှု’စသည်တို့အ ပေါ်တွင် အခြေခံ၍ ‘အင်တာနက် လွတ်လပ်မှုအခြေအနေ’များကို အမှတ်ပေးအကဲဖြတ်ခဲ့သောအစီ ရင်ခံစာ၏ ဖော်ပြချက်အရ ရခိုင် နှင့် ချင်းပြည်နယ်ဒေသအချို့တွင် မိုဘိုင်းအင်တာနက်သုံးစွဲပိုင်ခွင့် ပိတ်ပင်ထား၍ လူတစ်သန်းကျော် သည် အွန်လိုင်းနှင့်အဆက်ပြတ် နေကြောင်း၊ သတင်းဌာနများနှင့် ဒေသအခြေပြုသတင်းမီဒီယာ များ၏ အင်တာနက်စာမျက်နှာ များကို ပိတ်ပစ်ရန် အင်တာနက် ဝန်ဆောင်မှုပေးသည့်လုပ်ငန်း များကို အာဏာပိုင်များက အမိန့် ပေးခဲ့ကြောင်းနှင့် ရပိုင်ခွင့်များကို အကာအကွယ်မပေးနိုင်သော တည်ဆဲဥပဒေများအား အသုံးပြု ၍ တရားစွဲဆိုခြင်း၊ အပြစ်ဒဏ် ချခြင်းနှင့် ထောင်ချခြင်းများကို ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။ ‘မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများနှင့် ပဋိပက္ခမဖြစ်ပွားသော ဒေသများ ရှိ သတင်းအချက်အလက်ရပိုင် ခွင့်နှင့် ဒစ်ဂျစ်တယ်အခွင့်အရေး တို့အပေါ် လေ့လာဆန်းစစ်ခြင်း’ သုတေသနအစီရင်ခံစာကို၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၌ ‘အသံ(လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့)’က ထုတ်ပြန်ခဲ့သည်။ အင်တာနက် မရရှိသောဒေသ၊ လိုင်းမကောင်း သောဒေသ၊ အစိုးရက အင်တာ နက် ဖြတ်တောက်ထားသော ဒေသများရှိနေခြင်း၊ အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်း၊ ထုတ် ဖော်ပြောဆိုမှု လွတ်လပ်ပိုင်ခွင့် စံ နှုန်းများဖြင့်မကိုက်ညီသော တည် ဆဲဥပဒေများဖြင့် အရေးယူခံရ ခြင်းနှင့် ယင်းတို့၏ နောက်ဆက် တွဲအဖြစ် ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း၊ လွတ်လပ်စွာစု ဝေးခြင်းနှင့် စီတန်းလှည့်လည် ခြင်းဆိုသည့် ဒီမိုကရေစီအခြေခံ ရပိုင်ခွင့်များပါ ဆက်လက်ချိုး ဖောက်ခံနေရကြောင်း သုတေသ နအစီရင်ခံစာက ဖော်ပြသည်။ အဆိုပါအချက်များသည် မြန်မာ နိုင်ငံ၏ ‘အင်တာနက်သုံးစွဲပိုင်ခွင့်’ ထိပါးနေမှုများကို ထင်ဟပ်ပြသ နေသော အခြေအနေများဖြစ် သည်။

ဆက်သွယ်ရေးဥပဒေ (၂၀၁၃)၊ ပုဒ်မ – ၇၇တွင် ဝန်ကြီး ဌာနသည် အများပြည်သူအကျိုးအတွက်ဆောင်ရွက်ရန် အခြေ အနေ ပေါ်ပေါက်သည့်အခါ အစိုး ရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစားတစ် ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်းထားရှိရေး၊ လိုအပ် သည့်သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကို ရရှိနိုင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းများနှင့် ဆက်သွယ်ရေးပစ္စည်း များကို ယာယီထိန်းချုပ်သုံးစွဲရေး တို့အတွက် လုပ်ငန်းလိုင်စင်ရရှိ သူအား ညွှန်ကြားနိုင်သည်ဟု ဖော်ပြထားသည်။ ပုဒ်မ -၇၇ ကို လိုက်နာနိုင်ရန် လိုင်စင်ရသူသည် ကြိုတင်စီမံထားရမည်ဟု ပုဒ်မ – ၇၈ တွင် ပြဋ္ဌာန်းထားပါသည်။ ဆက်သွယ်ရေးဥပဒေ(၂၀၁၃)သည် ၆၆(ဃ)အဖြစ် အရပ် ဘက်တွင် ထင်ရှားသည့် တည်ဆဲ ဥပဒေတစ်ရပ်ဖြစ်သည်။ 

ယင်း တည်ဆဲဥပဒေဖြင့် အင်တာနက် ပိတ်ပင်ဖြတ်တောက်ခြင်းများကို စီမံနေနိုင်ခြင်းဖြစ်သည်။ ‘ဆက် သွယ်ရေးဥပဒေပါ ဒီမိုကရေစီ မူဝါဒနှင့် ဆန့်ကျင်သောပြဋ္ဌာန်း ချက်များ ပယ်ဖျက်ပေးရန် အရပ် ဘက်အဖွဲ့အစည်းများက နှစ် များစွာကြာအောင် အစဉ်တစိုက် တောင်းဆိုလာခဲ့သော်လည်း အ စိုးရက အဆိုပါပြဋ္ဌာန်းချက်များကို ကိုင်စွဲ၍ ဆန္ဒဖော်ထုတ်မှုများနှင့် သတင်းအချက်အလက်ဖလှယ်မှု တို့ကို ဖိနှိပ်ချုပ်ချယ်လာခဲ့သည်။ ဥပမာအားဖြင့် လွန်ခဲ့သောနှစ်အ တွင်း အစိုးရသည် ထင်ရှားသော တိုင်းရင်းသားမီဒီယာများအပါ အဝင် ဝက်ဘ်ဆိုက်များကို ပိတ် ပင်ခြင်းနှင့် လူတစ်သန်းကျော်၏ မိုဘိုင်းဖုန်းအချက်အလက် ဖတ် ရှုနိုင်ခွင့်ပိတ်ခြင်းတို့ကို လုပ် ဆောင်ခဲ့သည်။ ဤသို့လုပ်ဆောင် မှုများ၌ ဥပဒေပါ ပြဋ္ဌာန်းချက် များကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲခဲ့ပြီး နိုင်ငံတော်လုံခြုံရေး အတွက်ဟု မရှင်းလင်းသောအ ကြောင်းပြချက်များကို အခြေခံခဲ့ သည်’ဟု ၂၀၂၀ ပြည့်နှစ် ဩဂုတ် လ ၆ ရက်၌ ပဲန်မြန်မာက ထုတ် ပြန်ခဲ့သည့် ‘မြန်မာနိုင်ငံ၏ လွတ် လပ်စွာရေးသားထုတ်ဖော်ပြော ဆိုခွင့် အခြေအနေအကဲဖြတ် ချက်’တွင်ဖော်ပြခဲ့သည်။ အဆိုပါ အချက်များသည် ဆက်သွယ်ရေး ဥပဒေ၏ပေးထားမှု အားနည်း ချက်များဖြစ်ပြီး ‘အင်တာနက်သုံးစွဲပိုင်ခွင့်’ကို ထိပါးနေကြောင်း ထင်ရှားသည်။ မြန်မာနိုင်ငံ၏ ‘အင်တာနက်သုံးစွဲပိုင်ခွင့်’သည် လူတိုင်းအတွက်အရေးပါမှု၊ လူတိုင်း၏ ရပိုင်ခွင့်ဖြစ်မှု၊ ရပိုင်ခွင့်များကို လက်တွေ့ကျင့်သုံးနိုင်မှု၊ သာတူညီမျှဖြစ်မှု၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် ပါဝင်နိုင်မှု၊ လုံခြုံမှုများနှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများအတွက် အနှောင့်အယှက်အဟန့်အတားဖြစ်စေသည့် စိုးရိမ် ဖွယ်ရာ အခြေအနေတစ်ရပ်တွင် ရှိနေသည်ဟု သုံးသပ်ရပါသည်။

(အဆိုပါဆောင်းပါးကို 7Day News Dailyတွင် ၂၀၂၁ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)

Please follow and like us: