လူကြီးမင်းများ ကျေးဇူးပြု၍ တန်းစီပေးပါ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်ချိန်တွင် ပြည်သူပိုင်သိမ်းခဲ့ သည်။ ဈေးကွက်ကို တော်လှန်ရေးကောင်စီက ချုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် အခြေခံလူသုံးကုန်ပစ္စည်းများ ဝယ်ယူရ ခက်ခဲလာသည်။ စားသုံးဆီမှအစ ဝယ်ယူရန် ခက်ခဲလာသည်။ စားသုံးဆီဝယ်ယူခွင့်ရရန် စာအုပ်များကို အသုံးပြုကြရသည်။ ထိုစာအုပ်များကို ဆီစာအုပ်ဟု ခေါ်ခဲ့ကြသည်။

နာရီလက်တံတို့ မည်သည် ပြောင်းပြန်လည်ရိုး ထုံးစံမရှိ

အချိန်တွေက ညီမကို ထိမ်းချုပ်ထားတာ မကြိုက်ဘူး။ ကိုယ့်ကို သူမ ပြောခဲ့ဖူးတယ်။ သူမ နာရီပတ်လေ့မရှိ။ အချိန်သိချင်ရင် သူမက ကိုယ့်ကို ဘယ်နာရီထိုးပြီလဲလို့ မေးတတ်တယ်။

ရထား

မောင်ချောနွယ်ဖွဲ့ခဲ့သည့် ရထားကဲ့သို့ ရထားသည် သူ၏နောက်ကျတတ်သောနာရီများကြောင့် သူကိုယ်တိုင်နောက်ကျနေတတ်ပြီး နောက်ကျခြင်းအလေ့အထ၊ ဓလေ့ဖြစ်နေသူ နောက်ကျနေတတ်သူများကို တင်ဆောင်ပြီး ရထားထွက်ခဲ့ရသည်မှာ နှစ်ပေါင်း မနည်းအောင် ကြာမြင့်နေလေသည်။

ကိုယ့်ပုံတူ

ပေါ်ဦးသက်၏ ပန်းချီများကို စတင်မိတ်ဆက်ပေးခဲ့သူမှာ ဖေဖေဖြစ်သည်။ သူရှင်သန်ခဲ့သောနေရာ၊ သူနှင့်ခွဲမရနိုင်ခဲ့သောနေရာဖြစ်သည့် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမကြီးထက်က လောကနတ်အနုပညာပြခန်းတွင် သူ၏ပန်းချီလက်ရာများသည် ကိုယ့်နှလုံးသားထဲဝင်ရောက်ပြီး နေရာယူသွားခဲ့သည်။

နိုင်ငံတော်သမ္မတ ဖတ်စာ

အထိန်းအကွပ်မဲ့‌သော နိုင်ငံ‌တော်သမ္မတဘဝသို့ ချွတ်‌ချော်တိမ်းမှား၍ ‌ရောက်ရှိသွားခြင်း အလျဉ်းမရှိ‌စေရန် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေက လမ်းညွွှန်ထိန်း‌ကြောင်း‌ပေးသည်ဟု အ‌မေရိကန်နိုင်ငံ၏ ပထမဦးဆုံးသမ္မတလည်းဖြစ် ကမ္ဘာ့ပထမဦးဆုံးသမ္မတ လည်းဖြစ်သူ ‌ဂျော့ဝါရှင်တန်က ‌ပြောခဲ့သည်။

မွေးရပ်မြေ

မွေးရပ်မြေက ဝေးလေ၊ မင်း အောင်မြင်လေပဲ ဟု မိတ်ဆွေတစ်ဦးက ပြောဆိုခဲ့ဖူးသည်။ မွေးရပ်မြေက ဝေးခဲ့သည်မှာလည်း ကြာခဲ့ပြီ။ လွန်ခဲ့သော နှစ်အနည်းငယ်ကတော့ မွေးရပ်မြေသို့ တစ်ကြိမ်တစ်ခေါက်ရောက်ခဲ့ရသည်။