မြန်မာ့ဝတ္ထုတို မဂ္ဂဇင်းများ

ဝတ္ထုတိုဆိုသော စာပေအမျိုးအစားကို ပထမဦးဆုံးဖော်ပြသောမဂ္ဂဇင်းသည် သူရိယမဂ္ဂဇင်းဖြစ်ပါသည်။ ဝတ္ထုတိုမှာ ဆရာကြီးရွှေဥဒေါင်း၏ မောင်သိန်းတင် မသိန်းရှင် ဖြစ်ပါသည်။

မြန်မာ့ဝတ္ထုတိုမျိုးဆက်သစ်

ဝတ္ထုတိုမျိုးဆက်သစ်ပြုစုပျိုးထောင်ခြင်းကို ပထမဦးဆုံးမြန်မာဝတ္ထုတိုဖော်ပြခဲ့သော သူရိယမဂ္ဂဇင်းက ဝတ္ထုတိုခရီးအစတွင်ပင် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

မြန်မာ့ဝတ္ထုတိုရာပြည့်နှစ်

၁၉၁၇ ခုနှစ် မတ်လထုတ် သူရိယမဂ္ဂဇင်း အမှတ်(၁)တွင် မောင်သိန်းတင် မသိန်းရှင် အမည်ရသောဝတ္ထုတို စတင်ဖော်ပြခဲ့သည်။ ရေးသူမှာ ဆရာကြီးရွှေဥဒေါင်းဖြစ်သည်။