ပွင့်လင်းရင်းမြစ်

Open Source Logo

Open Source Logo

‘ပွင့်လင်းရင်းမြစ်’ဆို‌သောအသုံးအနှုန်းကို စာ‌ရေးသူအ‌နေဖြင့် ဆရာ‌မောင်စူးစမ်းထံမှ စတင်ကြားဖူးခြင်းဖြစ်ပါသည်။ အင်္ဂလိပ်‌ဝေါဟာရ Open Source ကို ဗမာဘာသာစကားအားဖြင့် ‘ဖွင့်ထား‌သောရင်းမြစ်’၊ ‘ပွင့်လင်းရင်းမြစ်’ဟု မြန်မာမှုပြုထားပြီးလည်း ဖြစ်ပါသည်။ ထိုဗမာဘာသာစကားအသုံးအနှုန်းနှစ်ခုအနက်မှ ‘ပွင့်လင်းရင်းမြစ်’ဆို‌သောအသုံးအနှုန်းကို စာ‌ရေးသူအ‌နေဖြင့် နှစ်သက်ပါသည်။ ထို့‌ကြောင့် Open Source ကို ဗမာဘာသာစကားအားဖြင့် ‘ပွင့်လင်းရင်းမြစ်’ဟု စာ‌ရေးသူက အသုံးပြုပါသည်။

ပွင့်လင်းရင်းမြစ် ဆိုသည်မှာ

‘ပွင့်လင်းရင်းမြစ်’(Open Source) ဆို‌သောအသုံးအနှုန်းမှာ အိုင်စီတီနယ်ပယ်၌ အသုံးပြု‌သော‌ဝေါဟာရတစ်ခုဖြစ်ပါသည်။ ကွန်ပျူ တာအသုံးပြုသူများအတွက် ‌ဆော့ဝဲလ်များကို ‌ရေးသားရာတွင် ‌ဆော့ဝဲလ်၏အတွင်း၌ ကွန်ပျူတာက နားလည်နိုင်သည့် တနည်း အားဖြင့် ကွန်ပျူတာကသိ‌သောကုဒ်များဖြင့် ‌ရေးသားရပါသည်။ ထိုကုဒ်များကို ပြင်ဆင်ခွင့်၊ ဖြည့်စွက်ခွင့်၊ ပြုပြင်ခွင့်၊ တဆင့်ပြန် လည်ဖြန့်‌ဝေခွင့် အစရှိသည့် မူပိုင်ခွင့်ဆိုင်ရာများကို ထိန်းချုပ်ထားခြင်းမရှိဘဲ လွတ်လပ်စွာ အသုံးပြုခွင့်‌ပေးထားသည့်စနစ်ကို Open Source  (ပွင့်လင်းရင်းမြစ်)ဟု ‌ခေါ်ဆိုကြပါသည်။ ပွင့်လင်းရင်းမြစ်အဖြစ် ထုတ်‌ဝေထား‌သော ‌ဆော့ဝဲလ်များကို အ‌ခြေခံအား ဖြင့် အခမဲ့ရယူသုံးစွဲခွင့်ပြုထားပါသည်။ ‌ဆော့ဝဲလ်ကို အသုံးပြုခြင်းအားဖြင့် ‌ငွေ‌ကြေးတစ်စုံတရာ‌ပေး‌ချေရန် မလိုအပ်ပါ။ ပွင့်လင်း ရင်းမြစ်အ‌ခြေပြု‌ဆော့ဝဲလ်များစွာရှိပါသည်။ ထို‌ဆော့ဝဲလ်များကို Open Source Software (ပွင့်လင်းရင်းမြစ်‌ဆော့ဝဲလ်များ)ဟု ‌ခေါ်ဆိုပါသည်။ ပွင့်လင်းရင်းမြစ်‌ဆော့ဝဲလ်တစ်ခုကို စိတ်ဝင်စားသူများက ပိုမို‌ကောင်းမွန်သည်ထက် ‌ကောင်းမွန်လာ‌စေရန် ဝိုင်းဝန်းပြင်ဆင်ဖြည့်စွက်‌ရေးသားကြပါသည်။ ထိုသို့ ‌ရေးသားခြင်းဖြင့် ‌ဆော့ဝဲလ်သည် ပိုမို‌ကောင်းမွန်လာပါသည်။

ပွင့်လင်းရင်းမြစ်‌ဆော့ဝဲလ်စနစ်ကို စိတ်ဝင်စားသူများအတွက် OSI, Open Source Initiative ကို တည်‌ထောင်ထားပါသည်။ OSI က‌နေတစ်ဆင့် ပညာ‌ပေးခြင်း၊ အကြံ‌ပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို လုပ်‌ဆောင်‌ပေးပါသည်။ OSI သည် ပွင့်လင်းရင်းမြစ်‌ဆော့ဝဲလ် စိတ်ဝင်စားသူများကို ကြီးကြပ်‌ပေးသည် ကြီးကြပ်‌ရေးအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါသည်။ ထိုအဖွဲ့ကို ၁၉၉၈ ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့ ကြပါသည်။ Eric Raymond နှင့် Bruce Perens တို့နှစ်ဦးက ပူးတွဲ၍ ၁၉၉၈ ခုနှစ် ‌ဖေ‌ဖော်ဝါရီ‌နှောင်းပိုင်းမှာ တည်‌ထောင်ခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့အစည်း၏ ပထမဦးဆုံးဥက္ကဋ္ဌမှာ Raymond ဖြစ်ပါသည်။

‌ဝေါဟာရအသစ်တီထွင်ခြင်း

Open Source (ပွင့်လင်းရင်းမြစ်)ဆို‌သော ‌ဝေါဟာရကို သုံးစွဲရန် ၁၉၉၈ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၃ ရက်၌ ဆုံးဖြတ်ခဲ့ကြပါသည်။ Open Source ဆို‌သော စကားလုံးကို အသစ်တီထွင်၍ သုံးစွဲခဲ့ကြခြင်းဖြစ်ပါသည်။ Open Source  စကားလုံးတစ်ခုတည်းကိုပဲ တီထွင် အသုံးပြုခဲ့ကြခြင်းမဟုတ်ဘဲ အလုပ်သ ဘာဝ၊ မူဝါဒများနှင့်ကိုက်ညီ‌သော ‌ဝေါဟာရအသစ်များကို စဉ်းစားကြ‌သောအခါ Free Software နှင့် Open Source ဆိုသော ‌ဝေါဟာရနှစ်ခုကို ရရှိခဲ့ကြသည်။ ထို‌ဝေါဟာရနှစ်ခုအနက်မှ Open Source ဆို‌သော‌ဝေါဟာရကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ထို‌ဝေါဟာရကို မူလတီထွင်အကြံပြုသူမှာ Christine  Peterson ဖြစ်ပါသည်။ အမျိုးသမီးပညာရှင် တစ်ဦးလည်း ဖြစ်ပါသည်။ ကွန်ပျူတာ‌ဆော့ဝဲလ်များ‌ရေးသားရာ တွင်အသုံးပြုရ‌သောကုဒ်ကို Source Code ဟု ‌ခေါ်ကြပါသည်။ ထိုကုဒ်များကို ‌ဆော့ဝဲလ်‌ရေးသားသူများက မူပိုင်ခွင့်အရ ပိုင်ဆိုင်ကြပါသည်။ ထို့‌ကြောင့် ထိုကုဒ်များကို အသုံးပြုသူများထံသို့ ဖွင့်‌ပေးခြင်းနှင့်ပြင်ဆင်ခွင့်‌ပေးခြင်းတို့ကို ခွင့်မပြုခဲ့ပါ။ Open Source Software များသည် ထိုသို့မဟုတ်ဘဲ မူလဖန်တီးသူသည် Source Code များကို ထိန်းသိမ်းထားခြင်း မရှိဘဲ အသုံးပြုသူများ၊ ပိုမို‌ကောင်းမွန်ရန် ပြင်ဆင်လိုသူများ၊ ဖြည့်စွက်လိုသူများထံ လွတ်လပ်စွာအသုံးပြုခွင့်ရရန် ဖွင့်‌ပေးထားခြင်းဖြစ်သည်။ ‌ဆော့ဝဲလ်အသုံးပြုသူများအ‌နေဖြင့်လည်း တစ်စုံတစ်ရာအခ‌ကြေး‌ငွေဖြင့် ‌ဆော့ဝဲလ်ကို ဝယ်ယူ ရန်မလိုအပ်ပါဘဲ အသုံးပြုနိုင်သည်။ ထို့‌ကြောင့် Open Source ဆို‌သော‌ဝေါဟာရကို ‌ရွေးချယ်ကြခြင်းဖြစ်သည်။

Open Source လိုဂို

Open Source ၏ လိုဂိုပုံစံမှာ အို(O) နှင့် ‌သော့‌ပေါက် ပုံစံများတို့ကို ‌ပေါင်းစည်း၍ ပြုလုပ်ထား‌သော လိုဂိုဖြစ်ပါ သည်။ Source Code များကို ဖွင့်‌ပေးထားသည်ဆို‌သော သ‌ဘောဖြစ်သည်။ လိုဂိုဒီဇိုင်းကို Colin Viebrock  က ဖန်တီး ‌ရေးဆွဲ‌ပေးထားသည်။

Open Source Initiative

Open Source Initiative ကို Open Source အသိုက်အဝန်းအတွက် ထူ‌ထောင်ထားကြပါသည်။ ထိုအဖွဲ့အစည်းမှနေ၍ Open Source နှင့်ပတ်သက်သည် လုပ်ငန်း‌ဆောင်တာများကို ‌ဆောင်ရွက်ပါသည်။ ကြီးကြပ်ကွပ်ကဲပါသည်။ ပိုမိုကျယ်ပြန့်စွာ‌လေ့လာလိုပါက www.opensource.org  တွင် ဝင်‌ရောက်‌လေ့လာနိုင်ပါသည်။

ဟန်‌ဇော်

ကိုးကား

www.opensource.org

၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

Please follow and like us:
20