ဘော့ဒီလန် ဆိုသူမှာ

Photo by Alberto Cabello

Photo by Alberto Cabello

buy soma medicine ဘော့ဒီလန်(Bob Dylan) ဆိုသူမှာ အဆိုတော်၊ သီချင်းရေးဆရာနှင့်စာရေးဆရာတစ်ဦးဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို ရရှိခဲ့သောအနုပညာရှင်တစ်ဦးဖြစ်ပါသည်။ စာပေနိုဘယ်ဆု၏ ၁၁၅ နှစ်သောသက်တမ်းအတွင်းမှာ ဂီတသမား၊ သီချင်းရေးဆရာတစ်ဦးအနေဖြင့် ပထမဦးဆုံးစာပေ နိုဘယ်ဆုရသူသည် ဘော့ဒီလန်ဖြစ်လာပါသည်။ ဂီတသမားတစ်ဦးကို စာပေနိုဘယ်ဆုပေးအပ်ခဲ့တဲ့ အတွက် ကမ္ဘာ့စာပေလောကမှာ ရိုက်ခတ်မှုများရှိခဲ့ပါသည်။

http://blog.energyogre.com/category/videos/ အမေရိကန်ရိုးရာသီချင်းများထဲမှ လှပနွဲ့နှောင်းသစ်လွင်သော ကဗျာအရေးအဖွဲ့များကို ဖော်ထုတ်ဖန်တီးခဲ့ သူ ဟု စာပေနိုဘယ်ဆုနှင့်ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ဖြစ်သောဆွီဒစ်အကယ်ဒမီက ဘော့ဒီလန်ကို မှတ်ချက်ပြုခဲ့သည်။ စာပေနိုဘယ်ဆုအတည်ပြုကြေညာခြင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

http://tonic-design.com/greenville-house ဘော့ဒီလန်ကို ၁၉၄၁ ခုနှစ် မေလ ၂၄ ရက်၌ အမေရိကန်နိုင်ငံတွင် မွေးဖွားခဲ့သည်။ လူလတ်တန်းစားဂျူး မိသားစုတွင် ကြီးပြင်းခဲ့သည်။ ဆယ်ကျော်သက်အရွယ်ကတည်းက ဂီတပညာရပ်ကို နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားခဲ့သည်။ လေ့လာလိုက်စားခဲ့သည်။ ဂီတတူရိယာများကိုလည်း လေ့လာတီးခတ်ခဲ့သည်။ အမေရိကန်ရိုးရာသီချင်းများနှင့်ဘလူးစ်တေးဂီတကို အထူးစိတ်ဝင်စားခဲ့သည်။ ဘော့ဒီလန်အထူးစွဲလန်း ခဲ့သော ရိုးရာအဆိုတော်မှာ Woody Guthrie ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် ဘော့ဒီလန်သည် နယူးယောက်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ကလပ်နှင့်ကော်ဖီဆိုင် တွင် တေးဂီတတူရိယာများကို တီးခတ်ဖျော်ဖြေခဲ့သည်။ တေးဂီတထုတ်လုပ်သူ John Hammond နှင့်တွေ့ဆုံ ဖြစ်ခဲ့ပြီး ဘော့ဒီလန်၏ ပထမဦးဆုံးတေးစီးရီး ဘော့ဒီလန်(၁၉၆၂)အတွက် စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့နောက် တေးစီးရီးများစွာကို ဘော့ဒီလန်သည် ထုတ်လုပ်ခဲ့သည်။ သူ၏ ထင်ရှားသော တေးစီးရီးများ မှာ Bringing It All Back Home and Highway 61 Revisited (1965), Blonde On Blonde (1966), Blood On The Tracks(1975) တို့ဖြစ်သည်။ ထို့နောက် Oh Mercy(1989), Time Out Of Mind (1997), Modern Times(2006) တေးစီးရီးများကို ဆက်လက်ထုတ်လုပ်ခဲ့ပြီး ထင်ရှားအောင်မြင်ခဲ့သည်။

purchase carisoprodol ၁၉၆၅-၆၆ ခုနှစ်အတွင်း ဘော့ဒီလန်သွားရောက်ခဲ့သော ခရီးစဉ်များဟာလည်း စွဲဆောင်မှုရှိခဲ့ပြီး ပရိသတ်အများ၏အာရုံစိုက်မှုကို ရရှိခဲ့သည်။ ထိုခရီးစဉ် များကို ဒါရိုက်တာ D. A. Pennebaker က Don’t Look Back(1967)အမည်ဖြင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့သည်။ နိုင်ငံရေး၊ ဘာသာရေးနှင့်ချစ်မှု ရေးရာအကြောင်းများကို ဘော့ဒီလန်၏ တေးစီးရီးများထဲတွင် တွေ့ရသည်။ တေးဂီတသမားတစ်ဦး အဖြစ်အပြင် ပန်းချီဆွဲခြင်း၊ သရုပ်ဆောင်ခြင်းနှင့် ဇာတ်ညွှန်းရေးခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သည်။ Chronicles(2004) ဆိုသောစာအုပ်သည် ဘော့ဒီလန်ကိုယ် တိုင်ရေးသားခဲ့သော ကိုယ်တိုင်ရေးအတ္ထုပတ္တိစာအုပ်ဖြစ်သည်။

carisoprodol 50mg 800ct cheap order carisoprodol ဟန်ဇော်

buy watson soma online overnight delivery soma usa online pharmacy ကိုးကား

http://ncub.org/author/punat/page/2 https://www.nobelprize.org/nobel_prizes/literature/laureates/2016/bio-bibl.html

Please follow and like us:
20