ပွင့်လင်းအချက်အလက်

ပွင့်လင်းရင်းမြစ်(Open Source)ရှိသကဲ့သို့ ပွင့်လင်းအချက်အလက်(Open Data)ဆိုသောအသုံးအနှုန်းလည်း ရှိပါ သည်။ ပွင့်လင်းအချက်အလက်၏ မူလရင်းမြစ်ဝေါဟာရမှာ အင်္ဂလိပ်ဝေါဟာရ Open Data ဖြစ်ပါသည်။ Open Source ကို ပွင့်လင်းရင်းမြစ်ဟု မြန်မာမှုပြုသကဲ့သို့ Open Data ကိုလည်း ပွင့်လင်းအချက်အလက်ဟု မြန်မာမှုပြုလိုပါသည်။

အိုင်တီဝေါဟာရများကို မြန်မာဘာသာပြန်ဆိုမှုနှင့် ပတ်သက်၍ စာရေးသူ၏ သဘောထားကို တင်ပြလိုပါသည်။ ထိုသဘောထားသည် ယခုတင်ပြမည့် ပွင့်လင်းအချက်အလက် နှင့်လည်း ဆက်စပ်နေသည်ဟု စာရေးသူက ယူဆပါသည်။ အိုင်စီတီဝေါဟာရများအကြောင်းကို စာရေးသူရေးသားရာတွင် မွေးစားသင့်သည်ကို မွေးစားပါသည်။ ရှိရင်းစွဲမြန်မာဝေါဟာရ ရှိလျှင် ထိုဝေါဟာရကို အသုံးပြုပါသည်။ တိုက်ရိုက်အသံဖ လှယ်သင့်လျှင် အသံလှယ်ပါသည်။ အင်္ဂလိပ်ဝေါဟာရများ ကို မြန်မာမှုပြုရေးအတွက် မြန်မာနိုင်ငံပညာရေးဌာနမှ ဦး ဆောင်ပြီး တက္ကသိုလ်အသီးသီး၊ အစိုးရဌာနအသီးသီးမှ ပညာရှင်များနှင့် ပြင်ပပညာရှင်များစုဝေးညှိနှိုင်းပြီးချမှတ် ခဲ့ကြသည့် ဘာသာပြန်ဆိုင်ရာ မူ ၁၂ ချက်အတိုင်း လိုက်နာ ခြင်းဖြစ်ပါသည်။

ထိုအချက်များမှာ –
၁ ။ မြန်မာလို ပြောဆိုရိုးစကားရှိလျှင် ထိုစကားမျိုး ကိုသုံးရန် ၂။ မျိုးခြားဝေါဟာရတစ်ခုအတွက် အဓိပ္ဋာယ် အပြည့်အဝမငုံမိစေကာမူ သင့်တင့်သောအဓိပ္ဋာယ်ပေါ်ရုံမျှ ပေါင်းစပ်ဖန်တီးယူရန် ၃။ အနက်ပြန်ဝေါဟာရတွင် ရှိပြီး လျှင်ရှိရင်အတိုင်းပင်သုံးရန် ၄။ အသံလှယ်ရာ၌ အင်္ဂလိပ် အသံထွက်ကို မူတည်၍ ဖလှယ်ရန် ၅။ မြန်မာ့နှုတ်၊ အာ၊ လျှာတို့နှင့်သင့်၍ မြန်မာ့နားဖြင့် ကြားကောင်းအောင်အသံ လှယ်ရန် ၆။ အဆုံးသတ် အသံအတိုင်းလှယ်ရန် ၇။ အသံလှယ်ဝေါဟာရတွင် ရှိပြီးလျှင် ရှိရင်းအတိုင်းပင်သုံးရန် ၈။ သိလွယ်သော ဝေါဟာရဖြစ်စေရန် ၉။ သင့်လျော်ပါက အရပ်သုံးဝေါဟာရကိုပင် လက်ခံရန် ၁ဝ။ ပညာရပ်အလိုက် အဓိပ္ဋာယ်တစ်မျိုးမျိုးရှိလျှင် ခွဲခြား၍ ဝေါဟာရပြုရန် ၁၁။ အနက်တူဝေါဟာရတွင် ပါဠိနှင့်မြန်မာနှစ်မျိုးရှိလျှင် မြန်မာ ဝေါဟာရကို လက်ခံရန် ၁၂။ အသံလှယ်အနက်ပြန်စသည့် ဝေါဟာရတစ်မျိုးမျိုးရှိနေလျှင် သင့်လျော်ရာတစ်မျိုးမျိုးကို လက်ခံရန် ဆိုသောအချက်များဖြစ်ပါသည်။

အိုင်စီတီ ဝေါဟာရများမှာ နိုင်ငံတကာသုံးဝေါဟာရများဖြစ်သော ကြောင့်ဖြစ်သလို အင်္ဂလိပ်ဘာသာစကားမတတ်ကျွမ်းသူ ဗမာ ဘာသာစကားတတ်ကျွမ်းသူများနှင့်ပါ ရင်းနှီးကျွမ်းဝင်စေချင် ၍ ဖြစ်ပါသည်။ အိုင်စီတီဝေါဟာရများအကြားတွင် ဘာသာ စကားနယ်စည်းမခြားစေချင်၍ ဖြစ်ပါသည်။

အိုင်စီတီဝေါဟာရများကို တစ်ခြားသောဘာသာစကား တစ်ခုမှ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မွေးစားခြင်း၊ အသံ လှယ်ခြင်းတို့ကို စာရေးသူအနေဖြင့် ပိုမိုနှစ်သက်ပါသည်။ အင်္ဂလိပ်ဝေါဟာရ Computer ကို ကွန်ပျူတာဟု ဆိုခြင်း၊ CD ကို စီဒီဟုဆိုခြင်း၊ Bluetooth ကို ဘလူးထူးသ်ဟုဆိုခြင်း နှင့် Wifi ကို ဝိုင်ဖိုင်ဟုဆိုလိုက်ခြင်းက ပိုမိုသင့်တော်သည်ဟု စာရေးသူက ယူဆပါသည်။ ထိုသို့ယူဆရခြင်းမှာ အိုင်စီတီ ဝေါဟာရများမှာ နိုင်ငံတကာသုံးဝေါဟာရများဖြစ်သော ကြောင့်ဖြစ်သလို အင်္ဂလိပ်ဘာသာစကားမတတ်ကျွမ်းသူ ဗမာ ဘာသာစကားတတ်ကျွမ်းသူများနှင့်ပါ ရင်းနှီးကျွမ်းဝင်စေချင် ၍ ဖြစ်ပါသည်။ အိုင်စီတီဝေါဟာရများအကြားတွင် ဘာသာ စကားနယ်စည်းမခြားစေချင်၍ ဖြစ်ပါသည်။ ထို့အပြင် ဘာ သာစကားအချင်းချင်းအကြား အိုင်စီတီကြားခံ၍ အပြန်အလှန် ကူးပြောင်းရာတွင် လွယ်လင့်တကူဖြစ်စေချင်ပါသည်။ ဗမာ ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် တွေး၊ ပြော၊ ရေး၊ ဖတ်၊ နားထောင်အသုံးပြုနေသူတစ်ဦးအနေဖြင့် ဗမာ ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားများကို ဖွံ့ဖြိုးတိုး တက်စေလို၍ ဖြစ်ပါသည်။ ဘာသာစကားတိုးတက်မှုငံလင့် ခဲ့လျှင် ဘာသာဗေဒအခြေပြုအိုင်စီတီအသုံးပြုနိုင်မှုလည်း ငံ လင့်သွားနိုင်ပါသည်။ ထိုသို့ ငံလင့်သွားခြင်းကြောင့် နိုင်ငံ၏ တိုးတက်မှုကို အထောက်အပံ့ပေးနိုင်မှုများလည်း ငံလင့်သွား ပါသည်။ ဘာသာစကားအခက်အခဲကြောင့် နိုင်ငံသားအချင်း အချင်းအကြား အိုင်တီအသုံးပြုနိုင်မှု ကွာဟမှုကြီးမားလာပြီး အင်္ဂလိပ်ဘာသာစကားအသုံးပြုသူနှင့် အသုံးမပြုသူအကြား ဆက်ဆံရေးပျက်ပြား၍ အပြန်အလှန်ထောက်ကူနိုင်မှုလည်း ပျောက်ဆုံးစေပါသည်။

ပွင့်လင်းရင်းမြစ်(Open Source)၊ ပွင့်လင်းအချက် အလက်(Open Data)နှင့်အိုင်စီတီဝေါဟာရများ မြန်မာမှု ပြုခြင်းအကြား ဆက်စပ်မှုများရှိပါသည်။ ယနေ့ခေတ်ကာလ ၏ အချက်အလက်များ တည်ရှိနေမှုနှင့်တိုးပွားနေမှုသည် ဒီဂျစ်တယ်သဏ္ဍာန်ဖြစ်ပါသည်။ ဒီဂျစ်တယ်သဏ္ဍာန် မရှိ သေးသောအချက်အလက် သို့မဟုတ် ပုံနှိပ်သဏ္ဍာန်ဖြင့် ရှိနေသော အချက်အလက်များကို ဒီဂျစ်တယ်သဏ္ဍာန်ဖြစ် စေရန်ပြောင်းလဲခြင်းဖြစ် ဒီဂျစ်တယ်ကူးပြောင်းခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရာ တွင် ဘာသာစကား၏ စံနှုန်း၊ ဒေသအတွင်းစံနှုန်းများနှင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာရန်၊ စံချိန်စံညွွှန်းသတ်မှတ် ရန် အထူးလိုအပ်ပါသည်။ ထိုသို့စံချိန်စံညွွှန်းသတ်မှတ်အ သုံးပြုခြင်းတွင် ဝေါဟာရများကို စံချိန်စံညွွှန်းသတ်မှတ်ခြင်း လည်းပါဝင်ပါသည်။

ထိုစံချိန်စံညွွှန်းသတ်မှတ်ချက် များမှာ စာလုံးပေါင်းသတ်ပုံကျမ်းများနှင့် ဝေါဟာရအဘိဓာန် များဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံနှင့်ဝေါဟာရအဘိဓာန် များကို ပြုစုတည်းဖြတ်စံနှုန်းသတ်မှတ်ခြင်းလုပ်ငန်းကို ဘာ သာစကား၊ ဘာသာဗေဒကျွမ်းကျင်သူများနှင့်ပညာရပ်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူပညာရှင်များက အကျိုးအ ကြောင်းခိုင်လုံစွာဖြင့် ညှိနှိုင်းသတ်မှတ်၍ စာလုံးပေါင်းသတ် ပုံကျမ်းများနှင့် အဘိဓာန်များတွင် ထည့်သွင်းသတ်မှတ်ကြ ပါသည်။

‘ကိုကြီး’ကို ‘ကွီး’၊ ‘ညီလေး’ကို ‘ညေး’၊ ‘ကလေး’ ကို ‘ခေး’ဟု အများညီ၍ လူမှုကွန်ရက်တွင် ဗန်းစကားအ ဖြစ် အသုံးပြုနိုင်သော်လည်း တစ်ဦးနှင့်တစ်ဦးအကြား၊ လုပ် ငန်းရှင်အကြား၊ ပညာရပ်ဆိုင်ရာအကြားနှင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများအကြားတွင် ဝေါဟာရစံချိန်စံညွွှန်း သတ်မှတ်ချက်လိုအပ်ပါသည်။ ထိုစံချိန်စံညွွှန်းသတ်မှတ်ချက် များမှာ စာလုံးပေါင်းသတ်ပုံကျမ်းများနှင့် ဝေါဟာရအဘိဓာန် များဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံနှင့်ဝေါဟာရအဘိဓာန် များကို ပြုစုတည်းဖြတ်စံနှုန်းသတ်မှတ်ခြင်းလုပ်ငန်းကို ဘာ သာစကား၊ ဘာသာဗေဒကျွမ်းကျင်သူများနှင့်ပညာရပ်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူပညာရှင်များက အကျိုးအ ကြောင်းခိုင်လုံစွာဖြင့် ညှိနှိုင်းသတ်မှတ်၍ စာလုံးပေါင်းသတ် ပုံကျမ်းများနှင့် အဘိဓာန်များတွင် ထည့်သွင်းသတ်မှတ်ကြ ပါသည်။ မြန်မာနိုင်ငံတွင် ထိုအလေ့အထများနှင့်ပညာရပ်ဆိုင် ရာနယ်ပယ်မှာ ယို့ယွင်းပျက်စီးနေပြီး ဝေါဟာရစံချိန်စံညွွှန်း သတ်မှတ်ဖြည့်စွက်နိုင်မှု အားနည်းလှပါသည်။ ထို့ကြောင့် အိုင်စီတီမှနေ၍ မလျက်မြန်ဘဲ တန့်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။

ပညာဆိုင်ရာဝေါဟာရများကို အခြားဘာသာစကားတစ် ခု ဗမာဘာသာစကားသို့ ပြန်ဆိုရာတွင် သက်ဆိုင်ရာနယ်ပယ် မှ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူသည် စံသတ်မှတ်ချက်အတိုင်း တသတ်မှတ်တည်းလိုက်နာကျင့်သုံးခြင်းမရှိဘဲ သို့တည်း မဟုတ် ကျင့်သုံးနိုင်မည်အနေအထားမရှိဘဲ မိမိနှစ်သက်သလို သာ ဘာသာပြန်ဆိုရေးသားနေကြောင်းတွေ့ရပါသည်။ ထိုသို့ ရေးသားနေခြင်းသည် ပညာရပ်နယ်ပယ်တွင် ကြီးမားသည့် သက်ရောက်မှုရှိသည် မရှိသည်ထက် ပညာရပ်ဆိုင်ရာအ ဆောက်အအုံနယ်ပယ်ပြင်ပမှ အသုံးပြုသူများအတွက် များ စွာအနှောက်အယှက်ဖြစ်စေပါသည်။

ပွင့်လင်းအချက်အလက်နှင့်ဆက်စပ်နေသောအခြား အကြောင်းအရာတစ်ခုမှာ အချက်အလက်သိရှိပိုင်ခွင့် ဖြစ်ပါ သည်။ အချက်အလက်သိရှိပိုင်ခွင့်သည် နိုင်ငံတစ်နိုင်ငံတွင် မှီတင်းနေထိုင်သော နိုင်ငံသူနိုင်ငံသားများသာမက သက်ဆိုင် ရာနိုင်ငံနှင့်သက်ဆိုင်သူများက လိုအပ်လာသောအခါ ပေးအပ် နိုင်ရန်အသင့်အနေအထားအဖြစ် ပြင်ဆင်ပေးထားပေးရမည့် အချက်အလက်များဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ ကာကွယ်ရေး နှင့်လုံခြုံရေးကိစ္စရပ်များမှအပ ကျန်ရှိနေသော အခြေခံကျသည့် အကြောင်းအရာအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးထားရမည်ဖြစ်ပါသည်။

ပွင့်လင်းအချက်အလက်(Open Data) များကို မည်သူမ ဆိုလွတ်လပ်စွာအသုံးပြုနိုင်ရမည်။ တစ်ဆင့်ပြန်လည်ဖြန့်ဖြူး ပိုင်ခွင့်နှင့်မူပိုင်ခွင့်အရ ကန့်သတ်ချုပ်ချယ်ထားခြင်းမှ ကင်း လွတ်ရမည်ဖြစ်သည်။ ပွင့်လင်းအချက်အလက်များကို ရယူ ရာတွင် ကုန်ကျစရိတ်အနည်းဆုံးဖြင့် ရယူနိုင်ရမည်ဖြစ်သည်။ ရယူနိုင်သည့်နေရာများသည် အွန်လိုင်း(အင်တာနက်)ကဲ့သို့ လွယ်လင့်တကူရှိသော လက်တစ်ကမ်းနေရာတွင် ရှိရပါမည်။
ပုံနှိပ်မူ၊ အီလက်ထရောနစ်မူ၊ အသံဖြင့်၊ ရုပ်သံဖြင့်၊ မို ဘိုင်းစနစ်ဖြင့် အစရှိသည့် မည်သည့်မူဖြင့်ဖြစ်စေ စနစ်ဖြင့် ဖြစ်စေ ရယူအသုံးပြုနိုင်ရမည်ဖြစ်သည်။ ထိုအနေအထားများ ဖြင့် အချက်အလက်များကို ပေးရမည်ဖြစ်သည်။ အချက် အလက်ရယူသူသည် ထိုအချက်အလက်များကို လွယ်လင့် တကူပြန်လည်အသုံးပြုခြင်း၊ ဖြန့်ဝေခြင်းနှင့် အခြားသော အချက်အလက်များဖြင့် ပေါင်းစည်းအသုံးပြုခြင်းတို့ကို ပြုလုပ် နိုင်ရမည်ဖြစ်ပါသည်။ ဒီဂျစ်တယ်မူဖြစ်ပါကလည်း မည်သည့် စက်လည်ပတ်မှုစနစ်တွင်မဆို ထည့်သွင်းအသုံးပြုနိုင်ရမည်ဖြစ် ပါသည်။

ထို့အပြင် အချက်အလက်များသည် အခြားသောအချက် အလက်များနှင့်ပူးတွဲအသုံးပြုနိုင်ရမည်ဖြစ်ပြီး ပေါင်းဖက်နိုင် သည့်အနေအထားတွင်လည်း ရှိရမည်ဖြစ်ပါသည်။ ပြန်လည် အသုံးပြုခွင့်၊ ဖြန့်ဝေခွင့်နှင့်အခြားသောအချက်အလက်များ ဖြင့်ပေါင်းစည်းအသုံးပြုခွင့်များသည်လည်း ပွင့်လင်းအချက် အလက်တွင် အလွန်အရေးကြီးသောအကြောင်းအရင်းတစ်ရပ် ဖြစ်ပါသည်။
ထို့အပြင် အချက်အလက်များကို နိုင်ငံသား၊ နိုင်ငံသား မဟုတ်သူ၊ လူ၊ အဖွဲ့အစည်း၊ နယ်ပယ်၊ နယ်မြေ စသည်ဖြင့် တစ်စုံတရာကန့်သတ်ချက်မရှိပါဘဲ အယုတ်အလတ်အမြတ် မရွေးအသုံးပြုနိုင်ခွင့်ပေးနိုင်ရေးသည်လည်း အလွန်အရေးပါ သော အကြောင်းတစ်ရပ်ဖြစ်သည်။

ပွင့်လင်းအချက်အလက်(Open Data)ကို မည်သူမဆို လွတ်လပ်စွာရယူအသုံးပြုနိုင်သော အချက်အလက်များဟု ဖွင့်ဆိုနိုင်မည်ဖြစ်ပြီး ထိုအချက်အလက်များကို လွတ်လပ်စွာ အသုံးပြုခွင့်ရှိရမည်ဖြစ်သည်။ လွတ်လပ်စွာအသုံးပြုခွင့်ဆိုရာ တွင်လည်း မူပိုင်ခွင့်နှင့်နည်းပညာအားဖြင့် ကန့်သတ်ထား ခြင်းများ၊ ထိန်းချုပ်ထားခြင်းများ မရှိသောအချက်အလက် များကို ဆိုလိုရင်းဖြစ်ပါသည်။

ပွင့်လင်းအချက်အလက်ကောင်းများဖြစ်မှုကို လက္ခဏာ ရှစ်ရပ်ဖြင့် တိုင်းတာသည်ကို တွေ့ရပါသည်။ ထိုရှစ်ရပ်မှာ
၁။ ပြီးပြည့်စုံမှု
၂။ မူလအရင်းအမြစ်ဖြစ်မှု
၃။ လတ်ဆတ်မှု၊ အချိန်နှင့်တစ်ပြေညီဖြစ်မှု
၄။ လွယ်လင့်တကူရယူနိုင်မှု
၅။ မည်သည့်စနစ်တွင်မဆိုအသုံးပြုနိုင်မှု
၆။ မည်သူမည်ဝါအတွက်သာဖြစ်သည်ဟု
ခွဲခြားထားခြင်းမရှိမှု
၇။ ပိုင်ဆိုင်ခြင်းကင်းလွတ်မှု
၈။ မူပိုင်ခွင့်ဆိုင်ရာကန့်သတ်ချက်မရှိမှုတို့ဖြစ်သည်။

၁။ ပြီးပြည့်စုံမှု
ပြီးပြည့်စုံမှုဆိုသည်မှာ အချက်အလက်၏ အရည်အသွေး ပြည့်ဝမှုကို ဆိုလိုပါသည်။ အကြောင်းအရာ၊ ကိန်းဂဏန်း၊ ရည်ညွွှန်းချက်၊ ခုနှစ်၊ လ၊ ရက်နှင့် တိကျသေချာမှန်ကန်သော အချက်အလက်များဖြစ်ရေးကို ဆိုလိုပါသည်။ တစ်စုံတစ်ရာ လိုအပ်ချက်ရှိနေသော၊ လိုအပ်ချက်များရှိနေသောအချက်အလက် များကို ပြီးပြည့်စုံသောအချက်အလက်များအဖြစ် အသိအမှတ် ပြုလေ့မရှိပါ။

၂။ မူလအရင်းအမြစ်ဖြစ်မှု
မူလအရင်းအမြစ်ဖြစ်မှုဆိုသည်မှာ အချက်အလက်များ သည် မူလဖြစ်တည်ရာမှ ထွက်ပေါ်လာသောအချက်အလက် များဖြစ်ရမည်ဖြစ်ပြီး အချက်အလက်နှင့်တိုက်ရိုက်မသက်ဆိုင် သော တစ်ဆင့်ဖြစ်သော အရင်းအမြစ်များမှ ထုတ်ပြန်ပေးသည် မဟုတ်ဘဲ တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် အာမခံချက်ဖြစ် တည်နေသော မူလအရင်းအမြစ်မှ ထုတ်ပြန်ပေးမှုကို ဆိုလို ပါသည်။

၃။ လတ်ဆတ်မှု၊ အချိန်နှင့်တစ်ပြေညီဖြစ်မှု
လတ်ဆတ်မှု၊ အချိန်နှင့်တစ်ပြေညီဖြစ်မှုဆိုသည်မှာ ထုတ် ပြန်ပေးထားသော အချက်အလက်များ၏ လတ်ဆတ်မှုနှင့် အချက်အလက်ဖြစ်ပေါ်နေချိန်နှင့်တစ်ပြိုင်တည်း အချက်အ လက်များကို နာရီစက္ကန့်မခြား ရယူအသုံးပြုနိုင်မှုကို ဆိုလို ပါသည်။

၄။ လွယ်လင့်တကူရယူနိုင်မှု
လွယ်လင့်တကူရယူနိုင်မှုဆိုသည်မှာ အချက်အလက်များ ရယူရန် ခက်ခဲသည် နည်းလမ်းများ၊ စနစ်များအသုံးမပြုရပါ ဘဲ အလွယ်တကူရယူအသုံးပြုနိုင်ခြင်းကို ဆိုလိုပါသည်။

၅။ မည်သည့်စနစ်တွင်မဆိုအသုံးပြုနိုင်မှု
မည်သည့်စနစ်တွင် မဆိုအသုံးပြုနိုင်မှုဆိုသည်မှာ ရရှိလာ သောအချက်အလက်များကို မည်သည့်နည်းပညာတွင်မဆို၊ မည်သည့်စနစ်တွင်မဆို ချက်ခြင်းအသုံးပြုနိုင်ခြင်းကို ဆိုလို ပါသည်။

၆။ မည်သူမည်ဝါအတွက်သာဖြစ်သည်ဟု ခွဲခြားထားခြင်းမရှိမှု
မည်သူမည်ဝါအတွက်သာဖြစ်သည်ဟု ခွဲခြားထားခြင်း မရှိမှုဆိုသည်မှာ နိုင်ငံသား၊ နိုင်ငံသားမဟုတ်သူ၊ အယုတ်အ လတ်အမြတ်မရွေးသိရှိခွင့်၊ ရယူနိုင်ခွင့်ရှိရမည်ကို ဆိုလိုခြင်း ဖြစ်သည်။

၇။ ပိုင်ဆိုင်ခြင်းကင်းလွတ်မှု
ပိုင်ဆိုင်ခြင်းကင်းလွတ်မှုဆိုသည်မှာ အချက်အလက်များ ကို တစ်ဦးတစ်ယောက်မှစ၍ အဖွဲ့အစည်းတစ်ခုခု၏ ပိုင်ဆိုင် ခြင်းမှ ကင်းလွတ်ရမည်ဖြစ်ပါသည်။

၈။ မူပိုင်ခွင့်ဆိုင်ရာကန့်သတ်ချက်မရှိမှု
မူပိုင်ခွင့်ဆိုင်ရာကန့်သတ်ချက်မရှိမှုဆိုသည်မှာ အချက် အလက်များကို မူပိုင်ခွင့်ဖြင့် တားမြစ်ထားခြင်းမရှိဘဲ မူပိုင် ခွင့်ကင်းလွတ်စေခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ပွင့်လင်းအချက်အလက်ကြောင့် ပြန်လည်ရရှိလာနိုင်သော အကျိုးခံစားခွင့်များအကြောင်းကို တင်ပြလိုပါသည်။ သတင်း အချက်အလက်သိရှိပိုင်ခွင့်ကြောင့်ရရှိလာနိုင်သော အကျိုး အမြတ်များစွာကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ထုတ်ဖော် ပြောဆိုလေ့ရှိကြပါသည်။ ထိုထုတ်ဖော်ပြောဆိုချက်များအနက် မှ စာရေးသူအနေဖြင့် အနှစ်သက်ဆုံးစကားရပ်တစ်ခုကို တင် ပြလိုပါသည်။ ထိုစကားရပ်မှ ‘‘သတင်းအချက်အလက်သိရှိ ပိုင်ခွင့်သည် ဒီမိုကရေစီစနစ်၏ သော့ချက်ဖြစ်သည်’’ဟူ၍ ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်အားကောင်းမောင်းသန်စေရန် သတင်းအ ချက်အလက်သိရှိပိုင်ခွင့် သို့မဟုတ် ပွင့်လင်းအချက်အလက် သည် လွန်စွာအရေးကြီးပါသည်။ ထိုသို့အရေးကြီးသည်နှင့် အညီ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို ဥပဒေများ ပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်လေ့ရှိကြပါသည်။ သတင်းအချက်အလက်သိရှိပိုင်ခွင့် သို့မဟုတ် ပွင့်လင်း အချက်အလက်ရရှိခြင်းကြောင့် ပထမဦးဆုံးရရှိမည့် အကျိုး ကျေးဇူးမှာ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်လာနိုင်မည်ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်အားကောင်းမောင်းသန်စေရန် သတင်းအ ချက်အလက်သိရှိပိုင်ခွင့် သို့မဟုတ် ပွင့်လင်းအချက်အလက် သည် လွန်စွာအရေးကြီးပါသည်။ ထိုသို့အရေးကြီးသည်နှင့် အညီ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို ဥပဒေများ ပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်လေ့ရှိကြပါသည်။ သတင်းအချက်အလက်သိရှိပိုင်ခွင့် သို့မဟုတ် ပွင့်လင်း အချက်အလက်ရရှိခြင်းကြောင့် ပထမဦးဆုံးရရှိမည့် အကျိုး ကျေးဇူးမှာ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်လာနိုင်မည်ဖြစ်ပါသည်။ အစိုးရဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများသည် ယင်းတို့၏ လုပ်ငန်းဆောင်တာများအတွက် သုံးစွဲအသုံးပြုရသော ငွေကြေး မှအစ အခြားသောတန်ဖိုးများအတွက် အများပြည်သူများထံ သို့ အချက်အလက်များကို ပွင့်လင်းစွာ ထုတ်ဖော်ပေးရခြင်း၊ မေးမြန်းစုံစမ်းမှုများကို ပြန်လည်ရှင်းလင်းပြသပေးရခြင်းနှင့် အချက်အလက်ဆိုင်ရာအထောက်အထားများကို ပြင်ဆင်ပြုစု ပေးထားရခြင်းများကြောင့် အကျင့်ပျက်ခြစားမှုနှင့်အဂတိလိုက် စားမှုများ မပေါ်ပေါက်နိုင်ဘဲ တားဆီးလာနိုင်ပါသည်။ ယင်းသို့ တားဆီးဟန့်တာလာနိုင်သောအခြေအနေများကို ယူဂါဒန်၊ အိနိ္ဒယ၊ အင်္ဂလန်နှင့်ကနေဒါနိုင်ငံတို့ကို လေ့လာပါက သိမြင် နိုင်ပါသည်။

ပွင့်လင်းအချက်အလက်ကြောင့် ထပ်မံရရှိနိုင်သော အကျိုး ကျေးဇူးမှာ အားလုံးပါဝင်နိုင်ခွင့် ဖြစ်ပါသည်။ အချက်အလက် များကို ကောင်းမွန်စွာစုစည်းနိုင်ခြင်းနှင့်ထုတ်ပြန်နိုင်ခြင်းတို့ ကြောင့် အများပြည်သူနှင့်သက်ဆိုင်သောလုပ်ငန်းများအကောင် အထည်ဖော်ရာတွင် ဒေသအတွင်းရှိနေထိုင်သူအားလုံးပါဝင်ခွင့် ရအောင် ကူညီနိုင်ပါသည်။ ရွေးကောက်ပွဲများနှင့်အထွေထွေ ရွေးကောက်ပွဲများကျင်းပရာတွင် တရားမျှတသောရွေးကောက် ပွဲများဖြစ်ပေါ်လာစေရန် ပွင့်လင်းအချက်အလက်များက အထောက်အပံ့ပေးနိုင်ပါသည်။ ပွင့်လင်းအချက်အလက်များက ဒေသအတွင်း နေထိုင်သူများ၏ အခြေအနေအဆင့်အတန်းများ ကို ဖော်ပြသတ်မှတ်နိုင်၍ သက်ဆိုင်ရာဒေသအတွင်း နေထိုင် သူများ၏ အပြောင်းအလဲများနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကောင်းမွန်သော စီမံကိန်းများဖြစ်ပေါ်လာစေရန် ကူညီထောက် ပံ့နိုင်ပါသည်။

ပွင့်လင်းအချက်အလက်ကြောင့် ထပ်မံရရှိမည့် အကျိုး ကျေးဇူးမှာ တာဝန်ခံမှု ဖြစ်ပါသည်။ အစိုးရအဖွဲ့အစည်းအတွင်း မှ တာဝန်ရှိသူများ၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာ သော ကောင်းကျိုးနှင့်ဆိုးကျိုးရလဒ်များကို နိုင်ငံသူနိုင်ငံသား များအနေဖြင့် ပွင့်လင်းအလင်းအချက်အလက်များမှတဆင့် ရှင်းလင်းစွာ သိရှိနေခြင်း၊ ယင်းတို့၏ လုပ်ဆောင်ချက်များ ကို မေးခွန်းထုတ်နိုင်ခြင်းတို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူ များ၏ ယင်းတို့၏ လုပ်ငန်းဆောင်တာများအပေါ်တွင် တာဝန် ခံနိုင်မှုများ မြင့်မားတိုးတက်လာစေပါသည်။ ဆုံးဖြတ်ချက် ကောင်းများကိုလည်း တာဝန်ခံမှုအပေါ်တွင် မူတည်၍ ချမှတ် လာနိုင်ပါသည်။

ပွင့်လင်းအချက်အလက်ကြောင့် လူ့ဂုဏ်သိက္ခာနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရလဒ်ကောင်းများလည်း ရရှိနိုင်ပါသည်။ လူသားဖြစ်ခြင်းကြောင့် မွေးရာပါရရှိလာသည့် လူ့ဂုဏ်သိက္ခာ ကို ကောင်းမွန်စွာစောင့်ထိန်းနိုင်ရေးအတွက် အချက်အလက် များက ပံ့ပိုးပေးနိုင်ပါသည်။ ကျန်းမားရေးဆိုင်ရာ၊ နေမှုထိုင် မှုဆိုင်ရာ၊ ဝင်ငွေ၊ ရေမြေအနေအထား၊ သုတေသနတွေ့ရှိချက်၊ ဆင်းရဲချမ်းသာကွာဟမှု၊ သံယံဇတထွက်ရှိမှု၊ သဘာဝပတ်ဝန်း ကျင်အခြေအနေစသည့် အချက်အလက်များကို ရှာဖွေသိရှိ နိုင်ခြင်းကြောင့် လူသား၏ ဖွံ့ဖြိုးရေးဆိုင်ရာများကို ကောင်း မွန်စွာထောက်ပံ့ကူညီနိုင်ပါမည်။

ပွင့်လင်းအချက်အလက်ကြောင့် စီးပွားရေးလုပ်ငန်းများ တိုးတက်လာနိုင်ပါသည်။ ဒေသတစ်ခုအတွင်းရှိ ကျားမ၊ အ သက်အရွယ်၊ ပညာအရည်အချင်း၊ နေထိုင်မှုပုံစံ၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု၊ ကျန်းမာရေးအခြေအနေ၊ ငွေကြေးသုံးစွဲ မှုနှင့် အစုအဖွဲ့လိုက်၏ သဘောထားအမြင် စသည့်အချက် အလက်များကို ပွင့်လင်းစွာဖြင့် တန်းတူညီမျှရရှိခြင်းကြောင့် ထိုလူပုဂ္ဂိုလ်များနေထိုင်ရာဒေသအတွင်း အကောင်အထည်ဖော် မည့်လုပ်ငန်း သို့မဟုတ် အကောင်အထည်ဖော်နေသည့် လုပ် ငန်းတစ်ခုသည် ယင်း၏ စီးပွားရေးလုပ်ငန်းအတွက် မှန်ကန် သော ဆုံးဖြတ်ချက်ကောင်းများကို ချမှတ်လာနိုင်မည်ဖြစ် သည်။ တင်ဒါခေါ်ယူခြင်းကဲ့သို့ သတင်းအချက်အလက်အပေါ် တွင်မူတည်သော လုပ်ငန်းများအတွက် ထင်သာမြင်သာသော ပွင့်လင်းအချက်အလက်ကောင်းများကို ရရှိစေသောကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခုအကြားတွင် မှန်ကန်သော၊ သမားသမတ်ကျသော ယှဉ်ပြိုင်မှုများဖြစ်ပေါ်လာပြီး အရည်အ သွေးပြည့်ဝသော စီးပွားရေးလုပ်ငန်းများရှင်သန်အောင်မြင်လာ ရန်လည်း ပံ့ပိုးမှုကောင်းများကို ပွင့်လင်းအချက်အလက်များ က ပေးစွမ်းနိုင်ပါသည်။ သတင်းအချက်အလက်ကောင်းများ သည် ဘီလျံနှင့်ချီသောငွေကြေးတန်ဖိုးနှင့်တန်းတူညီမျှဖြစ်နေ သည်ကို သတိပြုရမည်ဖြစ်သည်။

ပွင့်လင်းအချက်အလက်ကြောင့် လူ့အခွင့်အရေးချိုးဖောက် မှုများ နည်းပါးလာစေပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှု များသည် သတင်းအချက်အလက်အမှောင်ချထားမှု မြင့်မား သည့်အချိန်များတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ အချက်အလက် များပွင့်လင်းမြင်သာစွာရရှိနေသောကြောင့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ဟန့်တားစေနိုင်ပါသည်။ ပွင့်လင်းမြင်သာမှု သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ဟန့်တားပါသည်။

ပွင့်လင်းအချက်အလက်ကြောင့် ရရှိသောအခြားသော အကျိုးကျေးဇူးများမှာ အများပြည်သူတို့၏ ပူးပေါင်းပါဝင်လာ စေမှု၊ ပြသနာများကို ဖြေရှင်းနိုင်ရန်အတွက် အားကောင်းသော အချက်အလက်များကို အသုံးချနိုင်မှု၊ လူသားတို့၏ လိုအပ် ချက်များကို မှန်ကန်စွာကူညီထောက်ပံ့နိုင်မှုနှင့် အသက်ကယ် ဆယ်နိုင်မှုစသည့်တို့ဖြစ်ပါသည်။ ပွင့်လင်းအချက်အလက်များရရှိနိုင်ရေးအတွက် အချို့သော နိုင်ငံများတွင် ဥပဒေများပြဋ္ဌာန်း၍ အခိုင်အမာအကာအကွယ် ပေးထားလျက်ရှိပါသည်။ သတင်းအချက်အလက်သိရှိပိုင်ခွင့် သည် သတင်းစာဆရာများ၊ စာရေးဆရာများနှင့် အစိုးရတာ ဝန်ရှိသူများနှင့်သာ သီးသီးသန့်သန့်သက်ဆိုင်သည်မဟုတ်ပါ ဘဲ အများနှင့်သက်ဆိုင်သောအကြောင်းအရာတစ်ခုဖြစ်ပါသည်။

ဟန်ဇော်

၂၀၁၆ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလထုတ်
ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်။

Please follow and like us:
20