အင်တာနက်သည် လိုအပ်ချက်

အင်တာနက်လက်လှမ်းမီရေးနှင့်ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်ရေးသည် လူတိုင်း၏  အခြေခံရပိုင်ခွင့်တစ်ခုအဖြစ်လည်းကောင်း၊ နေ့စဉ်ဘဝအတွက်  လိုအပ်ချက်တစ်ခုအဖြစ်လည်းကောင်း ယနေ့ကမ္ဘာတွင် ဖြစ်လာသည်။  ဒစ်ဂျစ်တယ်အသုံးအဆောင်တစ်ခုကို လူတစ်ဦးသည်  အနည်းဆုံးပိုင်ဆိုင်နေရန် လိုအပ် လာသည်။  အင်တာနက်အသုံးပြုခြင်းဆိုသည်မှာ ဖေ့စ်ဘွတ်ခ်ကဲ့ သို့လူမှုကွန်ရက်တစ်ခုကို အသုံးပြုခြင်းသက်သက်ဟု မဆိုနိုင်ပါဘဲ နိုင်ငံအတွင်းအပြင် အစည်းအ…

Continue Reading →

ကပ်ရောဂါနှင့် သတင်းအချက်အလက်တန်ဖိုး

သတင်းအမှားနှင့် လုပ်ကြံသတင်းများသည် COVID-19 နှင့်အတူ ပြိုင်တူဖြစ်ပွားလာသည့်  ဒုတိယကပ်ဘေးကြီးဖြစ်သည်ဟု  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အတိအလင်း ထုတ်ဖော်ပြောဆိုထားသည်။ ဒုတိယကပ်ဘေး၊ လုပ်ကြံသတင်းကပ်ဘေး၏ သက်ရောက်မှုသည် လူအများအတွက် သေရေးရှင်ရေးကိစ္စ ဖြစ်လာ သည်။ ကမ္ဘာ့ကပ်ရောဂါကြောင့်  သက်ရောက်သည့် သတင်းလွတ်လပ်မှုအပေါ် သက်ရောက်မှုများကို…

Continue Reading →

လုပ်ကြံသတင်းကပ်ဘေးနှင့် စုပေါင်းတွန်းလှန်ခြင်း

COVID-19 နှင့်အတူ ပြိုင် တူဖြစ်ပွားလာသည့် အခြား ကပ်ဘေးတစ်ခုမှာ လုပ်ကြံသတင်းကပ်ဘေးဖြစ်သည်။ COVID-19 ကြောင့် ဖြစ်ပေါ်လာသော ဒုတိယ ကပ်ဘေးတစ်ခုဖြစ်သည်ဟုကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းကြီးက  အတိအလင်းပြောဆိုထားသည်။ ကျွန်တော်တို့၏ ရန်သူမှာ သတင်းမှားများ ပျံ့နှံ့မြင့်တက်နေ ခြင်းပင်ဖြစ်သည်ဟု ကမ္ဘာ့ကုလ…

Continue Reading →

မြန်မာ့ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း

၂၀၂၀ပြည့်နှစ် အတွက်  ကမ္ဘာ့သတင်း လွတ်လပ်ခွင့်ဆိုင်ရာ အညွှန်းကိန်းများကို နယ်စည်းမထား သတင်းသမားများအဖွဲ့မှ ပြီးခဲ့သော ဧပြီလတွင် ထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ၏ သတင်းလွတ်လပ်ခွင့် ဆိုင်ရာညွှန်းကိန်းများကို နှစ်စဉ် ထုတ်ပြန်ပေးခဲ့ရာတွင် မြန်မာနိုင် ငံသည် ၂၀၁၃…

Continue Reading →

စံ(Standard)တစ်ခုပဲ ရှိပါတယ်

​မြန်မာယူနီကုဒ်နှင့်ပတ်သက်၍ ဆရာမကြီး ဒေါက်တာမြင့်မြင့်သန်း ပြောကြားခဲ့သည်ကို မှတ်တမ်းအနေ ဖြင့်​ ၂၀၁၀ ပြည့်နှစ်ထုတ် ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ထိုမှတ်တမ်းကို အကိုးအကားအားဖြင့် မှီငြမ်းနိုင်ရန် ဤနေရာတွင် သိမ်းဆည်းဖော်ပြအပ်ပါသည်။ ‌ဇော်ဂျီနဲ့ မြန်မာသရီးက စံ(Standard)လုံးဝမတူဘူး။ လုံးဝ ‌ပြောင်းနိုင်မှရမယ်။…

Continue Reading →

၀ဿန်ချိန်ခါ

၀ဿန်ရုပ်ရှင်ပွဲတော်၏ အချိန်အခါမှာ စက်တင်ဘာလ ဖြစ်ပါသည်။ နှစ်တစ်နှစ်၏ စက်တင်ဘာရက်စွဲအချို့သည် ၀ဿန်ချိန်ခါ အတွက် ဖြစ်ခဲ့ သည်မှာ ရှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရုပ်ရှင်အနုပညာသမားများအတွက် ၀ဿန်ရုပ်ရှင်ပွဲတော် ရုန်းခဲ့ကန်ခဲ့ရသည်မှာ ပွဲတော်စတင်ချိန်ကနေ ယနေ့အထိပဲဖြစ်ပါသည်။ စိန်ခေါ်မှုအသစ်များနှင့် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွားသည့်…

Continue Reading →

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်း(စာအုပ်)

စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့်အင်တာနက်အကြောင်းသည် စာရေးဆရာဟန်ဇော် ရေးသားပြုစုသော ကွန်ပျူတာနှင့်အင်တာနက်အကြောင်း အခြေခံအကြောင်းအရာများဖြစ်ပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အသုံးပြုသူများ သိရှိနားလည်ထားသင့်သော အိုင်စီတီဆိုင်ရာအခြေခံအကြောင်းအရာများကို ဝေါဟာရများမှ တစ်ဆင့်ချဉ်းကပ်လေ့လာတင်ပြ ထားပါသည်။ ကွန်ပျူတာနှင့်အင်တာနက်အကြောင်းကို အခြေခံအဆင့် လေ့လာလိုသူများအတွက် ရည်ရွယ်၍ ရေးသားထား သောစာအုပ်ဖြစ်ပြီး စာအုပ်တွင် ဖော်ပြထားသော…

Continue Reading →

လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်(စာအုပ်)

လူကူးမျဉ်းကြားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် စာအုပ်သည် စာရေးဆရာ ဟန်ဆန်း၏ စာပေလက်ရာကိုးပုဒ်ကို စုစည်းထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ထိုစာအုပ်တွင် ၁။ လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည် ၂။ ထွေသူ၏ မှတ်စု ၃။ ကိုယ့်ပုံတူ ၄။…

Continue Reading →

ဖိုတိုဗုံး

‘ဖိုတိုဗုံး’(Photobomb) ဆိုသည်နှင့် ထိတ်လန့်ဖွယ်တစ်စုံတရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ တကယ်တော့ ထိတ်လန့်ဖွယ်ကောင်းလွန်းသည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။ ပျော်ရွှင်ဖွယ်ကောင်းသလို စိတ်ဝင်စားဖွယ်လည်း ကောင်းပါသည်။ ဖိုတိုဗုံးဆိုသည်မှာ ဖိုတိုဗုံး(Photobomb) ဆိုသည်မှာ ဓာတ်ပုံရိုက်ကူးနေစဉ်အတွင်း ဓာတ်ပုံဆရာနှင့် ဓာတ်ပုံအရိုက်ခံနေသူများ မသိလိုက်ပါဘဲ ရည်ရွယ်၍ဖြစ်စေ၊…

Continue Reading →

လုပ်ကြံသတင်းနှင့်သတင်းမှားခြင်း

သတင်းမှားခြင်း၊ သတင်းအချက်အလက်မှားယွင်းခြင်းနှင့် မှန်ကန်‌သောသတင်းအချက်အလက်မရရှိခြင်းတို့သည် ယ‌နေ့ကာလတွင် ရင်ဆိုင် ကြုံ‌တွေ့‌နေရ‌သော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်းကို အင်္ဂလိပ်‌ဝေါဟာရအားဖြင့် misinformation ဟု ‌ခေါ်‌ဝေါ်သုံးစွဲပါသည်။  တမင်ဖန်တီးသည့် မမှန်သတင်း တနည်းအားဖြင့် လုပ်ကြံသတင်းကို disinformation  ဟု ‌ခေါ်ဆိုပါသည်။ သတင်းအချက်အလက်မှားယွင်းခြင်း(misinformation)နှင့်လုပ်ကြံသတင်း(disinformation)တို့သည်…

Continue Reading →