ဂျပန်ဖောင်ဒေးရှင်း၏ “Creative Platform Series”

“Creative Platform Series”အမည်ဖြင့် အနုပညာဆိုင်ရာဆွေးနွေးပွဲကို ဂျပန်ဖောင်ဒေးရှင်(ရန်ကုန်)နှင့် MYAN/ART တို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်ပမှအနုပညာဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဆွေးနွေးစေပြီး မြန်မာနိုင်ငံမှ အောင်မြတ်ဌေးက ကြားခံဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးသည်ကို တွေ့ရသည်။ ပထမအကြိမ်ဆွေးနွေးပွဲအဖြစ် Creative Platform Series #1… Continue reading ဂျပန်ဖောင်ဒေးရှင်း၏ “Creative Platform Series”

Afterall ဂျာနယ် မိတ်ဆက်ခြင်းနှင့်အနုပညာအကြောင်း ဆွေးနွေးခြင်း

လန်ဒန်အခြေစိုက်ဂျာနယ်ဖြစ်သည့် Afterall ဂျာနယ်အမှတ်-၄၆ မိတ်ဆက်ခြင်းနှင့်အနုပညာဆိုင်ရာဆွေးနွေးခြင်း အစီအစဉ်တစ်ရပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အနုပညာပြခန်းတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Afterall အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ကြပြီး ပိုပိုနှင့်ယဉ်ကာတို့က “တို့တွေ ဘယ်ကလာ၊ ဘယ်သူ၊ ဘယ်ကို ဦးတည်တာ… Continue reading Afterall ဂျာနယ် မိတ်ဆက်ခြင်းနှင့်အနုပညာအကြောင်း ဆွေးနွေးခြင်း

DUO အမည်ဖြင့် အနုပညာပြသမည်

ဆန်နီညိန်းနှင့် Merete Sejersted Bodtker တို့၏ DUO ဟုအမည်ပေးထားသော အနုပညာပြပွဲတစ်ခုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရာလမ်း၊ အမှတ်(၁၁၃/၃)ရှိ ဗိဿာနိုးအနုပညာပြခန်းတွင် ပြသသွားမည်ဟု သိရပါသည်။ အဆိုပါ အနုပညာပြပွဲတွင် ပန်းပုလက်ရာများနှင့်စက္ကူပေါ်တွင် ဖန်တီးထားသော… Continue reading DUO အမည်ဖြင့် အနုပညာပြသမည်

မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ

‘‘ငါဟာ ၃၃’’အမည်ဖြင့် အနုပညာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ဝ မှ ၂၄ ရက်အထိ ရန်ကုန်မြို့ရှိ ၄၂ လမ်းအလယ် ဘ‌လောက်ရှိ ‘‘အိုပန်းစ‌ပေ့ ရန်ကုန်’’အနုပညာပြခန်း၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲဖြစ်သည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည်… Continue reading မိုးစက်၏ ‘‘ငါဟာ ၃၃’’ အနုပညာပြပွဲ

အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ

‘‘အပိုင်းအစများ’’ဟုအမည်ရ‌သော အနုပညာလက်ရာပြပွဲတစ်ရပ်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၂ မှ ၂၇ ရက်အထိ ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ  Myanm/art အနုပညာပြခန်း၌ ပြသထားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် ‌အောင်မြတ်‌ဋ္ဌေး၏ တစ်ကိုယ်‌တော်အနုပညာပြပွဲလည်း ဖြစ်သည်။ ‘‘အပိုင်းအစများ’’အနုပညာပြပွဲတွင် မျဉ်း‌ဖြောင့်တစ်‌ကြောင်းနှင့်မျဉ်း‌ကွေးတစ်ခုမှလွဲ၍ အခြားမည်သည့်ပတ်သက်မှုများမှ မပါဝင်‌ကြောင်း ‌အောင်မြတ်‌ဋ္ဌေးက… Continue reading အောင်မြတ်ဋ္ဌေး၏ အပိုင်းအစများ အနုပညာလက်ရာပြပွဲ

ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-)

The Ash(1970-)ဟု အမည်‌ပေးထား‌သော ငြိမ်းချမ်းဆု၏ အနုပညာပြပွဲဖွင့်ပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၉ ရက်ည‌နေပိုင်းက ရန်ကုန်မြို့၊ ဘိုက‌လေး‌ဈေးလမ်းရှိ Myanm/art အနုပညာပြခန်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါပြပွဲသည် ငြိမ်းချမ်းဆု၏ တစ်ကိုယ်‌တော်ပြပွဲဖြစ်ပြီး ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ ပြသသွားမည် ပြပွဲတစ်ခုလည်း… Continue reading ငြိမ်းချမ်းဆု၏ တစ်ကိုယ်တော်အနုပညာပြပွဲ The Ash(1970-)

မိုးစက်၏ မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ တစ်ကိုယ်တော်ပြပွဲ

‘‘မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ’’ဟုအမည်‌ပေးထား‌သော အနုပညာလက်ရာပြပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၂၄ မှ ၂၉ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်ယဉ်‌ကျေးမှုဌာနတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသသွားမည်ဟု သိရသည်။ အဆိုပါ အနုပညာပြပွဲသည် မိုးစက်၏ တစ်ကိုယ်‌တော်အနုပညာပြပွဲ… Continue reading မိုးစက်၏ မြန်မာ့အက္ခရာအမှတ်စဉ် ၂ဝ တစ်ကိုယ်တော်ပြပွဲ

သူရိန်၏ တစ်ကိုယ်တော်ပန်းချီပြပွဲ

‘‘မိန်းမပျိုများ၏ ဒဏ္ဍာရီ’’ဟုအမည်ရ‌သော ပန်းချီသူရိန်၏ တစ်ကိုယ်‌တော်ပန်းချီပြပွဲကို ၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၂ဝ မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ ‌ယောမင်းကြီးလမ်းရှိ ဂယ်လာရီ ၆၅ ၌ ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါတစ်ကိုယ်‌တော်ပန်းချီပြပွဲတွင်‘‘‌မေမြ၊ ဝင်းမင်းသန်း၊ ‌မေရှင်၊ ခင်ယု‌မေ၊ တင်တင်မူ၊ ‌မေမြင့်၊ ‌မေ‌မေဝင်း၊… Continue reading သူရိန်၏ တစ်ကိုယ်တော်ပန်းချီပြပွဲ

ကဗျာဆရာ အက်ရှရာ့ဖ် ဖယာ့ဒ် ဘဝနှင့်ကဗျာများ

ပဲန်မြန်မာ၏ ဒဿမအကြိမ်‌မြောက် ရသည‌နေခင်းအစီအစဉ်ကို ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ည‌နေ ၆ နာရီ၌ ကျင်းပခဲ့သည်။ ယင်းအစီအစဉ်တွင် ‌သေဒဏ်ကျခံထားရ‌သော ‌ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ‌နေထိုင်သူ ပန်းချီဆရာ၊ ကဗျာဆရာ အက်ရှ ရာ့ဖ်ဖယာ့ဒ်၏ ဘဝနှင့်ကဗျာများအ‌ကြောင်းကို ‘‘ကဗျာအတွင်း၌ တွဲခို‌နေ‌သောအသက်မဲ့ ခန္ဓာကိုယ်များ’’အမည်ဖြင့် ကဗျာဆရာ… Continue reading ကဗျာဆရာ အက်ရှရာ့ဖ် ဖယာ့ဒ် ဘဝနှင့်ကဗျာများ

စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲ

စာ‌ရေးသူ၊ စာအုပ်ထုတ်‌ဝေသူနှင့် စာအုပ်အ‌ရောင်းဆိုင်တို့၏ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၂၉ ရက်၌ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာ‌ပေဗိမာန်အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ‌ဆွေး‌နွေးပွဲ၌ မူပိုင်ခွင့်ဥပ‌ဒေနှင့်ဆက်စပ်စာချုပ် များအ‌ကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းဝန်‌ဆောင်မှုအ‌ကြောင်း၊ ၂ဝ၁၆ ခုနှစ် ပြည်‌ထောင်စု၏ အခွန်အ‌ကောက်ဥပ‌ဒေနှင့်စပ်လျဉ်း သည့်အ‌ကြောင်း၊ Royal Shop Online… Continue reading စာရေးသူ၊ စာအုပ်ထုတ်ဝေသူနှင့် စာအုပ်အရောင်းဆိုင်တို့၏ အလုပ်ရုံဆွေးနွေးပွဲ