ယောင်ဟေး သို့မဟုတ် အသားစားရန် ငြင်းဆန်သူ

သူလိုကိုယ်လို အမျိုးသမီးတစ်ဦးဖြစ်သူ ယောင်ဟေးအကြောင်းကို ခင်ပွန်း၊ ခဲအိုနှင့် အစ်မဖြစ်သူတို့က ဇာတ်ကြောင်းပြန်ကြသည်။ ယောင်ဟေးသည် ဘယာစီယာဝတ်တတ်သူ မဟုတ်သည်မှလွဲ၍ သာမန်အမျိုးသမီးတစ်ဦးသာဖြစ်သည်။ သူမ,ဘယာစီယာ မဝတ်တတ်သည်ကို ခင်ပွန်းဖြစ်သူသည် သမီးရည်းစားဘဝကတည်းက သိရှိထားခဲ့သော်လည်း သူတို့၏ အိမ်ထောင်ရေးတွင် တစ်စုံတရာကြီးမားသောပြဿနာ မရှိခဲ့ပါ။…

Continue Reading →

ရေဆန်လမ်းမှ ပြန်ခဲ့သူ

“သမိုင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နဲ့ တွေ့ကြုံရတာချင်း မတူဘူး။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို လူတိုင်းက ဝိုင်းရေးပေးမှ ထောင့်စေ့ တယ်”ဟု (ဆရာ)ဟံသာ၀တီ ဦးဝင်းတင်က ပြောခဲ့သည်။ “သမိုင်းသင်တာ မအအောင်လို့”ဟုလည်း (ဆရာ)ဒေါက်တာသန်းထွန်းက ပြောခဲ့သည်။ ဖြစ်ပျက်ပြီးခဲ့သော အတိတ်သမိုင်းကို…

Continue Reading →

ရှစ်လေးလုံးအရေးတော်ပုံအတွက် အုပ်တစ်ချပ် သို့မဟုတ် ရေစုန်နှင့်ရေဆန်(စာအုပ်)အကြောင်း

၁၉၈၈ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုဖြင့် အစတည်ခဲ့သော ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ၂ဝ၁၇ ခုနှစ်တွင် ၂၉ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂၉ နှစ်တိတိပြည့်မြောက်သောနှစ် ဇူလိုင်လတွင် စာရေး ဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)၏ ‘‘ရေစုန်နှင့်ရေဆန်’’စာအုပ်ထွက်လာသည်။ ၁၉၈၈ ခုနှစ်အရေးတော်ပုံကာလတွင် ဖြစ်တည်ဖြစ်ပျက်ခဲ့သည်များကို မခံချိမခံသာဖြစ်ခဲ့ကြသော…

Continue Reading →

ပြည်သူ့အရေးတော်ပုံပါတီ(စာအုပ်)

ရန်ကုန်ဘ‌ဆွေ‌ရေးသားခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ထုတ်‌ဝေခဲ့ဖူးခြင်း မရှိ‌သေးသည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို ငါတို့စာ‌ပေက ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်‌ဝေခဲ့သည်။ ဂျပန်‌တော်လှန်‌ရေးကာလကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းစာ‌ပေအမျိုးအစားဖြစ်သည်။ ရန်ကုန်ဘ‌ဆွေ၏ ပြည်သူ့အ‌ရေး‌တော်ပုံပါတီသည် ဂျပန်‌တော်လှန်‌ရေးကာလ၌ ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်းများ၊ ‌တော်လှန် ရေးတပ်သားများ၏…

Continue Reading →

လူရှစ်ယောက် ဇာတ်လမ်းရှစ်ပုဒ်

လူတစ်ယောက် ဇာတ်လမ်းတစ်ပုဒ် စာအုပ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းဖြစ်တည်ခဲ့သော လူသားရှစ်ဦး၏ ဇာတ်လမ်းရှစ်ပုဒ်ကို စာရေးဆရာ ဝင်းဇော်လတ်က တူးဆွဖော်ထုတ်တင်ပြထားသော စာအုပ်ဖြစ်သည်။ စိတ်ကူးဉာဏ်ကွန့်မြူး၍ ဖန်တီးလိုက်သော အဆန်းသစ်ဆုံးဆို သည့်ဇာတ်လမ်းများသည်ပင် လိုက်မီရန်ခက်ခဲသော လူရှစ်ယောက်၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ဘ၀ဖြစ်စဉ်များဖြစ်နေလေသည်။ “လူတွေ စိတ်အဝင်စားဆုံးမှာ…

Continue Reading →

ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်(စာအုပ်)

Raymond Chapman ရေးသားပြုစုခဲ့သည့် Linguistics and Literature, An Introduction to Literary Stylistics, 1973 စာအုပ်ကို ဒေါက်တာဇော်ထွန်းက ‘‘ဘာသာဗေဒနှင့်စာပေ၊ စာပေရေးဟန်ပညာမိတ်ဆက်’’အမည်ဖြင့် ဘာသာပြန်ဆို ထားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို…

Continue Reading →

အသည်းကွဲတစ်ယောက်ရဲ့ စွန် စာအုပ်မှ ဝတ္ထုများကို ဖတ်ရှုခြင်းရသ

သဲအိမ်မောင်နေဝါ၏ အသည်းကွဲတစ်ယောက်ရဲ့ စွန် မဂ္ဂဇင်းဝတ္ထုများ စုစည်းမှုစာအုပ်ကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ် နှစ်ကာလများ စာအုပ်တိုက်က ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သဲအိမ်မောင်နေဝါ၏ ဝတ္ထု ၃၅ ပုဒ်ပါဝင်ပြီး ရှုမဝ၊ မိုးဝေ၊ မဟေသီ၊…

Continue Reading →