နိုဝင်ဘာ ၈ အလွန် အတွေးများ

အလုပ်စားပွဲရှိရာ မျက်မြင်တန်းတည့်တည့်တွင် ပြတင်းပေါက် တစ်ပေါက်ရှိပါသည်။ ကွန်ပျူတာကို ငုံ့ကြည့်လိုက်၊ သတင်းများကို နားစွင့်လိုက်၊ တစ်နေ့တာကာလ ဖြတ်သန်းရှင်သန်နေကြသူများကို ငေးကြည့်လိုက်ဖြင့် ကိုယ့်တစ်နေ့တာသည် နေထွက်တစ်ခါ နေဝင်တစ်လှည့် ကုန်ဆုံးသွားခဲ့သည်။ တစ်နေ့နှင့်တစ်နေ့ ကုန်ဆုံးမသွားနိုင်သော အကြောင်းရင်းများမှာ ကိုယ့်ဆီချဉ်းကပ်လာသည့် အတွေးများသာဖြစ်သည်။ ပြတင်းတံခါးမှတစ်ဆင့် ကိုယ့်စိတ်အာရုံသို့ ပြေး ပြေးဝင်သည့် အတွေးများသည်… Continue reading နိုဝင်ဘာ ၈ အလွန် အတွေးများ

မဲဆန္ဒရှင်၏ ဆန္ဒတစ်ပွင့်

မဲပေးရမည့်နေ့ရက် နီးကပ်လာသည်နှင့်အမျှ မဲဆန္ဒရှင်တစ်ဦး၏ စိတ်ဆန္ဒများသည်လည်း ဆောင်းအိပ်မက်ပမာ ကယောက်ကယက်ဖြစ်ရပါသည်။ ကယောက်ကယက်၊ ဂယက်ထရသည်မှာ အမည်များသည့် မုန့်စားပွဲပေါ်က ဟိုမုန့်စားရနိုး၊ ဒီမုန့်စားရနိုး၊ ဗျာများနေသည့် ကလေးတစ်ဦးပမာလည်း မဟုတ်ပါ။ ကိုယ်ဆန္ဒရှိသော၊ ကိုယ်က ရွေးချယ်သင့်သည်ထင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် သေချာခိုင်မာသော စိတ်ဆန္ဒကို ပိုင်းဖြတ်ပြီး၊ ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ သို့သည်အခါ အမောင့်မှာ… Continue reading မဲဆန္ဒရှင်၏ ဆန္ဒတစ်ပွင့်

မြေပြင်မှလာသော…

ဘီးသုံးဘီးတပ်၊ လူ့အားအခြေပြုယာဉ်ငယ်လေးကို ကိုယ်တို့ တညီတညွတ်တည်း ခေါ် လိုက်ကြသည်မှာ ဆိုက်ကားဖြစ်သည်။ ဆိုက်ကားနင်းသူ၊ မောင်းနှင်သူကို ဆိုက်ကားဆရာ၊ သို့ တည်းမဟုတ် အနှေးယာဉ်လုပ်သားဟု ခေါ်ကြပြန်သည်။ အရပ် အခေါ်မှာ ဆိုက်ကား၊ ဆိုက်ကားသမားဟု ဖြစ်သည်။ ဆိုက်ကားနှင့်အလားသဏ္ဌာန်တူသည့် ဘီး သုံးဘီးတပ်၊ လူ့အားအခြေပြု ယာဉ်ငယ်လေးများကို ပြည်ပနိုင်ငံအချို့မှာလည်း… Continue reading မြေပြင်မှလာသော…

ကျောင်းဖွင့်နေ့ရက်များ

အထက်တန်းကျောင်းများ ဖွင့်သည်ကို မြင်တွေ့ရသည့်အခါ လွန်ခဲ့သောနှစ်ပေါင်းအစိတ်နှင့် ၃၀ အလွန် ကာလများအကြား က အခြေခံပညာကျောင်းသား ဘဝကို ပြန်လည်တမ်းတ မြင် ယောင်မိလာသည်။ ကျောင်းသား ဘ၀ လွန်လေခဲ့သော်လည်း ကျောင်းဖွင့်ချိန်ရောက်တိုင်း ရင် ခုန်ရမြဲဖြစ်သည်။ ငယ်ဘဝနေ့ ရက်များသို့ ပြန်သွားခွင့်ရှိခဲ့ပါ လျှင် ပြန်လည်၍ သွားရောက်… Continue reading ကျောင်းဖွင့်နေ့ရက်များ

တိုက်ဆိုင်မှုအစစ် ဖန်တီး‌ပေးခဲ့သလိုပါပဲ

၂ဝ၁ဝ ပြည့်နှစ် ‌မေလ(၁၆)ရက်‌နေ့ ည ၇ နာရီ ဝန်းကျင်မှာ ‌သောကြာကြယ်ဟာလကို ‌ဖောက်လို့ ဖြတ်သန်းခဲ့တယ်။ လူတစ်စု လူတချို့က ‌ကောင်းကင်ကို ‌မော့ကြည့်‌နေကြတယ်။ ည ၈ နာရီနဲ့ ၉ နာရီ ဝန်း ကျင်မှာ ‌သောကြာကြယ်နဲ့ လတို့ရဲ့ ဓာတ်ပုံ‌တွေ သတင်း‌တွေကို… Continue reading တိုက်ဆိုင်မှုအစစ် ဖန်တီး‌ပေးခဲ့သလိုပါပဲ

ငယ်ဘဝ ငယ်အိပ်မက် ငယ်အတွေး

၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ။
သောကတွေ ကင်းဝေး ခဲ့ဖူးတဲ့ ဘ၀။ အိပ်မက် လှ⁠လှလေး တွေကို မွေးဖွားနေတဲ့ ဘ၀။ ချစ်စရာ ကလေးငယ် အဖြစ် ပြေးလွှားနေတဲ့ ဘ၀။ စားချိန် သောက်ချိန်မှာ ထမင်းပူပူ ဟင်းပူပူတွေ