၀ဿန်ရုပ်ရှင်ပွဲတော်၏ အချိန်အခါမှာ စက်တင်ဘာလ ဖြစ်ပါသည်။ နှစ်တစ်နှစ်၏ စက်တင်ဘာရက်စွဲအချို့သည် ၀ဿန်ချိန်ခါ အတွက် ဖြစ်ခဲ့ သည်မှာ ရှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရုပ်ရှင်အနုပညာသမားများအတွက် ၀ဿန်ရုပ်ရှင်ပွဲတော် ရုန်းခဲ့ကန်ခဲ့ရသည်မှာ ပွဲတော်စတင်ချိန်ကနေ ယနေ့အထိပဲဖြစ်ပါသည်။ စိန်ခေါ်မှုအသစ်များနှင့် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွားသည့်…
စာရေးဆရာ ဂါစီယာ မားကွက်စ်၏ ထင်ရှားကျော်ကြားလှသည့် One Hundred Years of Solitude လုံးချင်း၀တ္ထုကြီးကို နက်ခ်ဖလစ်(Netflix)ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု စီအန်အန်(CNN)သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ မားကွက်စ်၏…
တိုင်းရင်းသားများထဲမှ မျိုးနွယ်စုတစ်ခုဖြစ်သည့် ရဝမ်တိုင်းရင်းသားလူမျိုးစုအကြောင်းကို အခြေပြုရိုက် ကူးတင်ပြထားသည် “ဂီလာ”ဆိုသော ရုပ်ရှင်ကားကြီးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်၌ ရွှေတောင်ကြားလမ်းရှိ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးရေးစင်တာတွင်ပြသခဲ့၍ ကြည့်လိုက်ရပါသည်။ ထိုဇာတ်ကားသည် မြစ်ကြီးနား၊ ဗန်းမော်နှင့် လားရှိုးတို့၌သာ ရုံတင်ပြသခွင့်ရထားပြီး…
ဆရာမကြီး ကြည်အေး၏ ၀တ္ထုဖြစ်သော “မီ” ကို ဒါရိုက်တာ ဏကြီးက ပိုင်ဖြိုးသု၊ နေတိုး၊ ရဲအောင်၊ မင်းဦး၊ အောင်ရဲထိုက်နှင့်သားညီတို့ ကို အဓိကသရုပ်ဆောင်များအဖြစ်ထားရှိပြီး “မီ” အမည်ဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးထုတ်လုပ်ပြသခဲ့ပါသည်။ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကို…
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ကျမအမျိုးသားအခန်းကို လမ်းထဲမှ အိမ်နီးနားခြင်းတစ်ဦးသည် တံခါးလာခေါက်၍ ပရိတ်ရေဗူး လာပေးသည်။ “နှစ်သစ်ကူးမှာ အန္တရာယ်ကင်းဘေးရှင်းစေဖို့ ပရိတ်ရေဖြန်းပက်လိုက်ပါ။ မကောင်းဆိုးဝါးတွေ ဘေးကနေ ကင်းသွားလိမ့်မယ်” ဟု အိမ်နီးနားခြင်း အမျိုးသားက ကျမအမျိုးသားကို ပြောခဲ့သည်။ ကျမတို့ လမ်းထဲက…
မြို့ပြ၊ အထပ်မြင့်၊ ဘေးချဉ်းကပ်တိုက်ခန်းနှစ်ခန်းတွင် သူတို့သုံးဦး နေထိုင်ကြသည်။ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် အခန်းတစ်ခန်းတွင် အကြင်လင်မယားအဖြစ်နေထိုင်ကြသည်။ အခြားတစ်ဖက်ခန်းတွင် အမျိုးသားတစ်ဦးသည် တစ်ဦးတည်းနေထိုင်သည်။ တိုက်ခန်း၏ အနောက်ဘက် ဝရန်တာတွင် ဆေးလိပ်ထွက်သောက်နေသော တစ်ဦးတည်းနေထိုင်သူ အမျိုးသားသည် တစ်ဖက်ခန်း၏ ရေချိုးခန်းအတွင်း မှ…
ဓာတ်ပုံဆရာတစ်ဦးသည် ပြတင်းပေါက်တစ်ခုအနားတွင်ထိုင်၍ ဂက်(စ်)မီးခြစ်တစ်လုံးကို ထောက်ထောက် မြည်အောင် လှည့်ခါဆော့နေသည်။ သူစိတ်ညောင်းနေဟန်တူသည်။ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ခုကို တွေးတောနေသည်။ ပြတင်းအနီး ပတ်ဝန်း ကျင်တွင် ဓာတ်ပုံများကို အဝတ်လှန်းသလို ချိတ်ဆွဲထားသည်။ ကင်မရာအချို့ရှိသည်။ စားပွဲတင်နာရီတစ်လုံးရှိသည်။ မွန်းလွဲ ၂…
အချစ်မှာ ယောင်္ကျား မိန်းမ Tomboy Shemale ဆိုတာ ရှိလား ဆိုသောစကားရပ်သည် ခုနှစ်ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရရှိခဲ့ သော အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)မှတ်တမ်းရုပ်ရှင်၏ အပိတ်စကားရပ်ဖြစ်သည်။ ထိုစကားရပ်ကို ဖြတ်တောက် ဖြုတ်ပစ်နိုင်မှသာ…