နှင်မထုတ်ခဲ့ပေမဲ့

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ကျမအမျိုးသားအခန်းကို လမ်းထဲမှ အိမ်နီးနားခြင်းတစ်ဦးသည် တံခါးလာခေါက်၍ ပရိတ်ရေဗူး လာပေးသည်။ “နှစ်သစ်ကူးမှာ အန္တရာယ်ကင်းဘေးရှင်းစေဖို့ ပရိတ်ရေဖြန်းပက်လိုက်ပါ။ မကောင်းဆိုးဝါးတွေ ဘေးကနေ ကင်းသွားလိမ့်မယ်” ဟု အိမ်နီးနားခြင်း အမျိုးသားက ကျမအမျိုးသားကို ပြောခဲ့သည်။ ကျမတို့ လမ်းထဲက…

Continue Reading →

ရင်မှာ ဟာတာတာ

မြို့ပြ၊ အထပ်မြင့်၊ ဘေးချဉ်းကပ်တိုက်ခန်းနှစ်ခန်းတွင် သူတို့သုံးဦး နေထိုင်ကြသည်။ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် အခန်းတစ်ခန်းတွင် အကြင်လင်မယားအဖြစ်နေထိုင်ကြသည်။ အခြားတစ်ဖက်ခန်းတွင် အမျိုးသားတစ်ဦးသည် တစ်ဦးတည်းနေထိုင်သည်။ တိုက်ခန်း၏ အနောက်ဘက် ဝရန်တာတွင် ဆေးလိပ်ထွက်သောက်နေသော တစ်ဦးတည်းနေထိုင်သူ အမျိုးသားသည် တစ်ဖက်ခန်း၏ ရေချိုးခန်းအတွင်း မှ…

Continue Reading →

အာရုံနွမ်းချိန်

ဓာတ်ပုံဆရာတစ်ဦးသည် ပြတင်း‌ပေါက်တစ်ခုအနားတွင်ထိုင်၍ ဂက်(စ်)မီးခြစ်တစ်လုံးကို ‌ထောက်ထောက် မြည်‌အောင် လှည့်ခါ‌ဆော့‌နေသည်။ သူစိတ်‌ညောင်း‌နေဟန်တူသည်။ တစ်စုံတစ်ခုအတွက် တစ်စုံတစ်ခုကို ‌တွေး‌တော‌နေသည်။ ပြတင်းအနီး ပတ်ဝန်း ကျင်တွင် ဓာတ်ပုံများကို အဝတ်လှန်းသလို ချိတ်ဆွဲထားသည်။ ကင်မရာအချို့ရှိသည်။ စားပွဲတင်နာရီတစ်လုံးရှိသည်။ မွန်းလွဲ ၂…

Continue Reading →

ဆင်ဆာ

အချစ်မှာ ယောင်္ကျား မိန်းမ Tomboy Shemale ဆိုတာ ရှိလား ဆိုသောစကားရပ်သည် ခုနှစ်ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရရှိခဲ့ သော အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ်(A Simple Love Story)မှတ်တမ်းရုပ်ရှင်၏ အပိတ်စကားရပ်ဖြစ်သည်။ ထိုစကားရပ်ကို ဖြတ်တောက် ဖြုတ်ပစ်နိုင်မှသာ…

Continue Reading →