စည်းလွတ်ဝါးလွတ်ရပိုင်ခွင့် မဟုတ်ပါ

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် သတင်းစာတွင် ဖော်ပြပါရှိသည့် ဆောင်းပါးပုံ

‘လွတ်လပ်ခွင့်’၊ ‘လွတ်လပ်စွာ’၊  ‘လွတ်လပ်သော’ ဆိုသော စကားရပ်ကို ကြောက်ရွံ့ထိတ် လန့်တတ်ကြသည်။ ကြောက်ရွံ့ ထိတ်လန့်ခြင်း အကြောင်းနှင့် ကြောက်ရွံ့သူများကို စာရေးသူ အနေဖြင့် နှစ်မျိုးနှစ်စား တွေ့ဖူး သည်။ ပထမတစ်မျိုးမှာ ‘လွတ် လပ်ခွင့်’ကို မှားယွင်းလွဲမှားစွာအ သုံးချခြင်းကြောင့် သဟဇာတဖြစ် ထွန်းနေသော လူမှုအဖွဲ့အစည်း (သို့မဟုတ်) ပညာရပ်ဆိုင်ရာအ ဆောက်အအုံ၊ သို့တည်းမဟုတ် ညီညွတ်မျှတနေခြင်းများ ဆုံးရှုံး မည်ကို ကြောက်ရွံ့ကြခြင်းဖြစ် သည်။ ဒုတိယတစ်မျိုးမှာ လွတ် လပ်ခွင့်ရှိခြင်း၏ ကောင်းကျိုး ကြောင့် ထိပါးလာမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ကိုယ်ကျိုးစီးပွားများ ထိခိုက်မည် ကို စိုးရိမ်ကြောင့်ကြခြင်းဖြစ် သည်။ ကိုယ်ကျိုးစီးပွားဟုဆိုရာ တွင် တစ်ဦးတစ်ယောက်မှအစ ပြု၍ တစ်စုတစ်ဖွဲ့နှင့် အုပ်စုတစ် စု၏ အကျိုးစီးပွားအား ဦးတည် ခြင်းကို ဆိုလိုပါသည်။ လူတိုင်းဟု  ဝိသေသပြုသော လူအများ၏ အကျိုးစီးပွားအား ကိုယ်စားမပြု သော အစုအဖွဲ့နှင့် အုပ်စုများကို ဆိုလိုရင်းလည်းဖြစ်သည်။

‘လွတ်လပ်ခွင့်’၊ ‘လွတ်လပ် စွာ’၊ ‘လွတ်လပ်သော’ ဆိုသော စကားရပ်များသည် လွန်လေပြီး သော နှစ်ပေါင်းများစွာကတည်း က ပြောဆိုရင်းနှီးခဲ့ပြီးသားဖြစ် သည်။ ထိုစကားရပ်များကို စာ ရေးသူအနေဖြင့် ရင်းနှီးကျွမ်းဝင် စွာ ထိတွေ့ရသည်မှာ ရန်ကုန်မြို့ လယ်ရှိ လွတ်လပ်ရေးကျောက် တိုင်တွင်ဖြစ်သည်။ အောင်စေသ တည်း အစပြုထားသည့် သစ္စာ အဓိဋ္ဌာန် ကိုးချက်တွင် ‘လွတ်လပ် သော’ စကားရပ်သည် အကြိမ် ပေါင်းများစွာ ပါဝင်နေသည်။ ‘ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သောအခွင့်အရေးကို ခံ ယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရား များကိုလည်း မတိမ်းမငဲ့ထမ်း ဆောင်မည်’ဟု  လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန်များအနက် အမှတ် (၃)အချက်တွင် ဖွင့်ဆိုထားပါ သည်။ ယင်းတွင် လွတ်လပ်ခြင်း ကို ထည့်သွင်းထားသကဲ့သို့ တာ ဝန်ဝတ္တရားကိုလည်း ထည့်သွင်း ထားသည်ကို သိမြင်နိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊  အခန်း (၁)၊ အပိုဒ်ခွဲ ၆(င)တွင်  ‘နိုင်ငံတော်၌ တရားမျှတခြင်း၊  လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး’ဟု ပြဋ္ဌာန်းထား သည်။ ယင်းပြဋ္ဌာန်းဖော်ပြချက် တွင် ‘လွတ်လပ်ခြင်း’ဟူသော စကားရပ်နှင့်အတူ  ‘လောကပါလ တရား’စကားရပ်သည် ကပ်၍ ပါ လာသည်။

‘လောကပါလ’ကို ‘အရှက် အကြောက်(ဟိရီဩတ္တပ္ပ) တရား နှစ်ပါး’၊  ‘ဤဟိရီဩတ္တပ္ပတရား နှစ်ပါးသည် လောကအား ထိန်း  သိမ်း စောင့်ရှောက်ကုန်သော ကြောင့် လောကပါလတရားမည် ၏’ ဟု ပါဠိသက် ဝေါဟာရအဘိ ဓာန်က အဓိပ္ပာယ်ဖွင့်သည်။ မကောင်းမှုကိုပြုရန် ရှက်ခြင်း၊ ကြောက်ခြင်းဖြင့် လောကကိုထိန်း သိမ်းစောင့်ရှောက်သောကြောင့်  ‘လောကပါလတရား’ဟု ခေါ်ခြင်း ဖြစ်သည်။ ရှက်ခြင်းဆိုသည်မှာ  မကောင်းမှုကို ပြုကျင့်ရမည်ကို  ရှက်ခြင်းနှင့် မိမိဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဖြစ်သည်။ ကြောက်ခြင်းဆိုသည်မှာ မိမိ မကောင်းမှုပြုသည်ကို အများက သိရှိ ကဲ့ရဲ့မည်၊ အပြစ်တင်ခံရ မည်ကို ကြောက်ခြင်းနှင့် အများ ကို လေးစားခြင်းဖြစ်သည်။ ဟိရီ ဩတ္တပ္ပတရားဟူသည် လူသား များ လူပီသ၍ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းတတ်ခြင်း၊ ကိုယ်ကျင့် တရားကို ထိန်းသိမ်းခြင်းဖြစ်သည် ဟု ‘မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် မိ သားစုဘဝ’အမည်ဖြင့် ပါမောက္ခ ချုပ်ဆရာတော်ကြီး၊ ဘဒ္ဒန္တဒေါက် တာ နန္ဒာမာလာဘိဝံသက ဟော ကြားခဲ့ဖူးသည်ကို မှတ်သားရ သည်။ ထိုအချက်များကို လေ့လာ ခြင်းဖြင့်  မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းတွင် ‘လွတ်လပ်ခြင်း’နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသော ကိစ္စကို ယနေ့ယခုကာလရောက်မှ ပြောဆိုလာကြသည် မဟုတ်ပါဘဲ ဟိုးယခင်ကာလများနှင့် လွတ်  လပ်ရေးရရှိပြီးကာလ လွန်ခဲ့သော  နှစ်ပေါင်း ၇၀ ကျော်ကတည်းက ပြောဆိုလာကြကြောင်း၊ ကျင့်သုံး နိုင်ရန် အားထုတ်ခဲ့ကြကြောင်း မြင်သာပါသည်။ လွတ်လပ်ရေး ကျောက်တိုင်ကို  စတင်အုတ်မြစ် ချခဲ့သည်မှာလည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလကတည်းက ဖြစ်သည်။

ထို့အတူ ‘ထုတ်ဖော်ပြော ဆိုမှု လွတ်လပ်ခြင်း’တွင် အကျုံး ဝင်နေသည့် ‘သတင်းမီဒီယာလွတ် လပ်ခွင့်’၊ ‘စာပေလွတ်လပ်ခွင့်’၊ ‘ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်’၊ ‘အနု ပညာလွတ်လပ်ခွင့်’ အစရှိသည့်  အကြောင်းအရာများကို  ပြောဆို ဆွေးနွေး ထုတ်ဖော်လာသည့်အ ခါတွင်လည်း လွတ်လပ်ခွင့်ကို လွဲ မှားစွာအသုံးချမည်ကို စိုးရိမ် တတ်ကြသူများနှင့် လွတ်လပ်ခွင့် အားကောင်းခြင်းကြောင့် မိမိတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် ကိုယ်ကျိုးစီးပွား ထိခိုက်မည်ကို စိုးရိမ်သူများ ရှိလာတတ်ပါသည်။ လွတ်လပ်ခွင့်ကို လွဲမှားစွာအသုံးချမည်ကို စိုးရိမ်တတ်ကြသူများသည် နိုင်ငံတော်လုံခြုံရေး၊ လူမှုသဟဇာတ ဖြစ်တည်ရေး၊ ကျန်းမာရေးနှင့် တစ်ပါးသူများ၏ ရပိုင်ခွင့်များ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်တတ်ကြခြင်းဖြစ်ပါသည်။

‘ထုတ်ဖော်ပြောဆိုမှု လွတ် လပ်ခြင်း’ဆိုသည်မှာ စည်းလွတ် ဝါးလွတ်၊ စည်းမဲ့ကမ်းမဲ့ကျင့်သုံး ချင်တိုင်း ကျင့်သုံးခွင့်ရှိသော လွတ်လပ်ခွင့်၊ ရပိုင်ခွင့်မဟုတ်ပါ။ ကျင့်သုံးသူသည် သူ၏ ထုတ်ဖော် ပြောဆိုမှုအတွက် တာဝန်ခံမှုနှင့် တာဝန်ယူမှု ရှိရမည်ဖြစ်သည်။ ကျင့်သုံးခြင်းကြောင့် တစ်ပါးသူ၏ ရပိုင်ခွင့်များနှင့် ဂုဏ်သိက္ခာကို ထိပါးခြင်းအား မဖြစ်စေရပါ။ ‘ထုတ်ဖော်ပြောဆိုမှု’ကို ထိန်း သိမ်းကန့်သတ်ရန်   လိုအပ်လာ သည့်အခြေအနေရှိခဲ့ပါက၊ ကန့် သတ်ရန် လိုအပ်သည့် အခြေအ နေဖြစ်ပါက ဥပဒေဖြင့် ထိန်းသိမ်း ကန့်သတ်နိုင်သည်။ ထိုသို့ ကန့် သတ်ရာတွင်လည်း ကန့်သတ်နိုင် သည့် အခြေအနေနှင့် မကန့်သတ် နိုင်သည့်အခြေအနေများကို အ ပြည်ပြည်ဆိုင်ရာ သဘောတူညီ ချက်များနှင့် စံချိန်စံနှုန်းများတွင် လုပ်ထုံးလုပ်နည်းများဖြင့် ရှင်း လင်းစွာ ဖော်ပြထားသည်။

 လူ့ရပိုင်ခွင့်ကြေညာစာ တမ်း (UDHR)ပါ အချက်ပေါင်း ၃၀ အနက်၊ အပိုဒ်(၁၉)သည် ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ် ခြင်း’ကို ရပိုင်ခွင့်အဖြစ် အာမခံ ချက်ပေးထားသည်။ လူ့ရပိုင်ခွင့် ကြေညာစာတမ်းပါ အချက်များ အားလုံးကို ကျင့်သုံးခြင်းနှင့်ပတ် သက်၍ အပိုဒ် ၂၉(၂)တွင် ‘မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို ကျင့်သုံးရာတွင် လူ တိုင်းသည် အခြားသူများ၏ အ ခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို အသိအမှတ်ပြု၍လေးစား ရန် အလို့ငှာလည်းကောင်း၊ ဒီမို ကရေစီလူ့အဖွဲ့အစည်းတွင် တ ရားမျှတသော လိုအပ်ချက်များ ဖြစ်သည့် ကိုယ်ကျင့်တရား၊  အ များပြည်သူ အေးချမ်းသာယာရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန် အလို့ငှာလည်း ကောင်း၊ ဥပဒေအရ သတ်မှတ် ထားသည့် ကန့်သတ်ချက်များအ တိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်’ ဟု ဖော်ပြထားသည်။

ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ  အပြည် ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR)၊ အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃ (က)နှင့်(ခ)တို့၏ ဖော်ပြချက် ‘အ ခြားသူများ၏ အခွင့်အရေးများ (သို့မဟုတ်) ဂုဏ်သတင်းတို့ကို လေးစားရန်အတွက်လည်း ကောင်း’၊ ‘နိုင်ငံတော်လုံခြုံရေး၊  အများပြည်သူ အေးချမ်းသာယာ ရေး (သို့မဟုတ်) ပြည်သူ့ကျန်း မာရေး (သို့မဟုတ်) လူ့ကျင့်ဝတ် တို့ကို ကာကွယ်ပေးရန်အတွက် လည်းကောင်း’ လိုအပ်ပါက ဥပ ဒေအရ သီးခြားကန့်သတ်ချက် တစ်စုံတစ်ရာ ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။ ထို့အပြင် ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ် ခြင်း’ကို ကျင့်သုံးရာတွင် ယင်းရ ပိုင်ခွင့်၏ အထူးတာဝန်များ၊ ဝတ္တ ရားများနှင့်အညီ ဆောင်ရွက်ရ မည်ဟု ဆိုထားသည်။ အပိုဒ် ၂၀၊ အပိုဒ်ခွဲ (၁)နှင့် (၂)တွင် ‘စစ်ပွဲအ တွက် မည်သည့်ဝါဒဖြန့်ချိမှုကို မဆို ဥပဒေအရ တားမြစ်ရမည်။ ခွဲခြားမှု၊ ရန်လိုမှု (သို့မဟုတ်) အကြမ်းဖက်မှုကို လှုံ့ဆော်သည့် အမျိုးသားရေး၊ လူမျိုးရေး (သို့မ ဟုတ်) ဘာသာရေးမုန်းတီးမှုများ အပေါ် ထောက်ခံသည့် မည်သည့် ထောက်ခံမှုကိုမဆို ဥပဒေအရ တားမြစ်ရမည်’ဟု ဖော်ပြထား သည်။

ဥပဒေအရ သီးခြားကန့် သတ်ရန် လိုအပ်ပါကလည်း ‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ် ခြင်း’တန်ဖိုးကို ထိခိုက်မှုလုံး၀ (လုံးဝ) မရှိပါဘဲ  ကန့်သတ်ရန် ဆောင်ရွက်ရမည် ဖြစ်သည်။ ကန့်သတ်ချက်များကို ဥပဒေတွင် ရှင်းလင်းတိကျစွာဖော်ပြခြင်း၊ အ များပြည်သူက လုံလောက်စွာသိ ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ သ ဘောတူစာချုပ်များတွင် ပြဋ္ဌာန်း ထားသည့်  ကန့်သတ်နိုင်သည့် အ ခြေအနေများဖြင့် ကိုက်ညီသော တရားဝင်လက်ခံနိုင်သည့် ဦး တည်ချက်အတိုင်းဖြစ်ခြင်း၊ ဒီမို ကရေစီလူ့ဘောင်၏ လိုအပ်ချက် ကြောင့် ကန့်သတ်ရခြင်းနှင့်‘ထုတ် ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို မထိပါးနိုင်သော အချိုးအစား ညီညွတ်သည့်  ကန့်သတ်ချက်များ ဖြစ်ခြင်းတို့အား ဥပဒေဖြင့် ကန့် သတ်ထိန်းကျောင်းရာတွင် ဂရုပြု ပါဝင်သင့်သည်ဟု အာရ်တီကယ် ၁၉(Article 19)က ထုတ်ဝေထား သည့် မြန်မာနိုင်ငံ၏ ‘လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအ နေ ပြောင်းလဲမှုအစီအစဉ်ဖော် ဆောင်ခြင်း’ စာတမ်းတွင် ရှင်း လင်းထားသည်။ ထို့ကြောင့်‘ထုတ် ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ သည် စည်းမဲ့ကမ်းမဲ့ စည်းလွတ်ဝါးလွတ်ကျင့်သုံးရနိုင်သည့်လွတ် လပ်ခွင့်၊ အကြွင်းမဲ့ရ ပိုင်ခွင့်တစ်ခု မဟုတ်ပါဘဲ တာဝန်ခံမှုနှင့်တာဝန်ယူမှုရှိရသော ရပိုင်ခွင့်ဖြစ် သည်ဟု  သိနားလည်ထားရပါ မည်။

ယခုတွင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်နေသော ဒေါ်အောင် ဆန်းစုကြည်နှင့် လွတ်လပ်သော အာရှအသံ(RFA) သတင်းဌာနမှ ဦးခင်မောင်စိုးတို့၏ ဆက်သွယ် မေးမြန်းခန်းတစ်ခုဖြစ်သည့် ‘ဒီမို ကရေစီခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည်’ ရေဒီယိုထုတ်လွှင့် ချက်၌ ‘လွတ်လပ်ရေးရဲ့ အခွင့်အ ရေးတွေနဲ့ ဒီမိုကရေစီရဲ့ အခွင့် အရေးတွေကို ကိုယ်ခံစားချင်ရင် တော့ တာဝန်သိတဲ့စိတ် ရှိရမှာ ပေါ့။ နောက်ပြီးတော့လည်း သူ များအတွက်လည်း စဉ်းစားရ မယ်။ ကိုယ့်တစ်ယောက်တည်းရဲ့ အခွင့်အရေးကိုပဲ စဉ်းစား၊ ကိုယ့် အဖွဲ့တစ်ခုတည်းရဲ့ အခွင့်အ ရေးကိုပဲ စဉ်းစား၊ ကိုယ့်အသိုင်းအဝိုင်းတစ်ခုတည်းရဲ့ အခွင့်အ ရေးတွေကိုပဲ စဉ်းစားမယ်ဆိုလို့ ရှိရင် ဒါဟာ ဒီမိုကရေစီနဲ့ လွတ် လပ်မှုကို အားပေးရာမရောက်ပါ ဘူး။ အလွဲသုံးစားလုပ်တာပဲ ဖြစ် မှာပေါ့’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားခဲ့သည်။ ယင်း ပြောကြားချက်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ဆက်စပ်၍ ပြောကြားခဲ့ခြင်းဖြစ် သည်။

အပြည်ပြည်ဆိုင်ရာ  လူ့ရ ပိုင်ခွင့်ကြေညာစာတမ်း (UDHR)ကို အတည်ပြုကြေညာခဲ့သည်မှာ နှစ်ပေါင်း ၇၂ သို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ကျရောက်ခဲ့ပြီး  မြန်မာနိုင်ငံ  လွတ်လပ်ရေးရသော နေ့ရက်အခါသမယ (၇၃)နှစ်ပြည့် မြောက်ခြင်းသည်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကျရောက် တော့မည်ဖြစ်သည်။ လူ့ရပိုင် ခွင့်များ၊ လွတ်လပ်ခွင့်များနှင့် ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခွင့် များကို လူတိုင်းသည် ကောင်းမွန် မှန်ကန်စွာဖြင့်၊ နည်းလမ်းကျစွာ ဖြင့်၊ ကြောက်ရွံ့ထိတ်လန့်မှုကင်း စွာဖြင့် ကျင့်သုံးနိုင်ရန် အရေးကြီး ပါသည်။ လွတ်လပ်သော၊ လွတ် လပ်ခွင့်များသည် စည်းလွတ်ဝါး လွတ် ရပိုင်ခွင့်များ မဟုတ်ပါ။ စည်းရှိကမ်းရှိသော ရပိုင်ခွင့်သာ ဖြစ်သည်။

ဟန်ဇော်

(အဆိုပါဆောင်းပါးကို 7Day News Daily တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖော်ပြပါရှိခဲ့သည်။)