အရေးပါသောနှစ်ကာလ(3-ACT)

၂၀၂၀ ပြည့်နှစ်သည် ကိုယ့်အတွက် အလွန်အရေးပါသောနှစ်တစ်နှစ်ဖြစ်သည်။ ကိုယ်ဝါသနာကြီးသည့်၊ ကိုယ်အသက်မွေးဝမ်းကြောင်းလိုသည့် စာပေ၊ အနုပညာ၊ ရုပ်ရှင်လုပ်ငန်းများအတွက် စာပေအလုပ်၊ အနုပညာအလုပ်ကို ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နာရီပေါင်းများစွာ အချိန်ပေး၍ ကိုယ်စွမ်းရှိသ၍ ဉာဏ်စွမ်းရှိသ၍ အားထုတ်နိုင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် ၁၀ နှစ်တာကာလအတွင်း ၂၀၂၀… Continue reading အရေးပါသောနှစ်ကာလ(3-ACT)

နိုဝင်ဘာ ၈ အလွန် အတွေးများ

အလုပ်စားပွဲရှိရာ မျက်မြင်တန်းတည့်တည့်တွင် ပြတင်းပေါက် တစ်ပေါက်ရှိပါသည်။ ကွန်ပျူတာကို ငုံ့ကြည့်လိုက်၊ သတင်းများကို နားစွင့်လိုက်၊ တစ်နေ့တာကာလ ဖြတ်သန်းရှင်သန်နေကြသူများကို ငေးကြည့်လိုက်ဖြင့် ကိုယ့်တစ်နေ့တာသည် နေထွက်တစ်ခါ နေဝင်တစ်လှည့် ကုန်ဆုံးသွားခဲ့သည်။ တစ်နေ့နှင့်တစ်နေ့ ကုန်ဆုံးမသွားနိုင်သော အကြောင်းရင်းများမှာ ကိုယ့်ဆီချဉ်းကပ်လာသည့် အတွေးများသာဖြစ်သည်။ ပြတင်းတံခါးမှတစ်ဆင့် ကိုယ့်စိတ်အာရုံသို့ ပြေး ပြေးဝင်သည့် အတွေးများသည်… Continue reading နိုဝင်ဘာ ၈ အလွန် အတွေးများ

မဲဆန္ဒရှင်၏ ဆန္ဒတစ်ပွင့်

မဲပေးရမည့်နေ့ရက် နီးကပ်လာသည်နှင့်အမျှ မဲဆန္ဒရှင်တစ်ဦး၏ စိတ်ဆန္ဒများသည်လည်း ဆောင်းအိပ်မက်ပမာ ကယောက်ကယက်ဖြစ်ရပါသည်။ ကယောက်ကယက်၊ ဂယက်ထရသည်မှာ အမည်များသည့် မုန့်စားပွဲပေါ်က ဟိုမုန့်စားရနိုး၊ ဒီမုန့်စားရနိုး၊ ဗျာများနေသည့် ကလေးတစ်ဦးပမာလည်း မဟုတ်ပါ။ ကိုယ်ဆန္ဒရှိသော၊ ကိုယ်က ရွေးချယ်သင့်သည်ထင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် သေချာခိုင်မာသော စိတ်ဆန္ဒကို ပိုင်းဖြတ်ပြီး၊ ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ သို့သည်အခါ အမောင့်မှာ… Continue reading မဲဆန္ဒရှင်၏ ဆန္ဒတစ်ပွင့်

၀ဿန်ရုပ်ရှင် စမ်းသပ်ခန်းမှသည်

၀ဿန်ရုပ်ရှင်ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်မှ ၉ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့ပါသည်။ ရုပ်ရှင်ပွဲတော်တစ် ခု၏ အင်္ဂါရပ်များနှင့်အညီ ပြိုင်ပွဲဝင်ဇာတ်ကားများ ပါဝင်ယှဉ်ပြိုင်စေခြင်း၊ ဒေသအတွင်းနှင့်နိုင်ငံတကာမှ ရုပ်ရှင်ကားများကို ပြသ ခြင်း၊ ရုပ်ရှင်ရိုက်ကူးသူများကို ဖိတ်ခေါ်၍ ဆွေးနွေးစေခြင်းနှင့် အခြားသော အတတ်ပညာဆိုင်ရာဆွေးနွေးခြင်း စသည့်အစီအစဉ်… Continue reading ၀ဿန်ရုပ်ရှင် စမ်းသပ်ခန်းမှသည်

မြေပြင်မှလာသော…

ဘီးသုံးဘီးတပ်၊ လူ့အားအခြေပြုယာဉ်ငယ်လေးကို ကိုယ်တို့ တညီတညွတ်တည်း ခေါ် လိုက်ကြသည်မှာ ဆိုက်ကားဖြစ်သည်။ ဆိုက်ကားနင်းသူ၊ မောင်းနှင်သူကို ဆိုက်ကားဆရာ၊ သို့ တည်းမဟုတ် အနှေးယာဉ်လုပ်သားဟု ခေါ်ကြပြန်သည်။ အရပ် အခေါ်မှာ ဆိုက်ကား၊ ဆိုက်ကားသမားဟု ဖြစ်သည်။ ဆိုက်ကားနှင့်အလားသဏ္ဌာန်တူသည့် ဘီး သုံးဘီးတပ်၊ လူ့အားအခြေပြု ယာဉ်ငယ်လေးများကို ပြည်ပနိုင်ငံအချို့မှာလည်း… Continue reading မြေပြင်မှလာသော…

ကျောင်းဖွင့်နေ့ရက်များ

အထက်တန်းကျောင်းများ ဖွင့်သည်ကို မြင်တွေ့ရသည့်အခါ လွန်ခဲ့သောနှစ်ပေါင်းအစိတ်နှင့် ၃၀ အလွန် ကာလများအကြား က အခြေခံပညာကျောင်းသား ဘဝကို ပြန်လည်တမ်းတ မြင် ယောင်မိလာသည်။ ကျောင်းသား ဘ၀ လွန်လေခဲ့သော်လည်း ကျောင်းဖွင့်ချိန်ရောက်တိုင်း ရင် ခုန်ရမြဲဖြစ်သည်။ ငယ်ဘဝနေ့ ရက်များသို့ ပြန်သွားခွင့်ရှိခဲ့ပါ လျှင် ပြန်လည်၍ သွားရောက်… Continue reading ကျောင်းဖွင့်နေ့ရက်များ

အိုဘယ့်… အို…တေးမြုံငှက်

စတူဒီယိုခေတ် မြန်မာ့ဂီတလောကအကြောင်းကို နောက်ခံထားပြီး ရေးဖွဲ့ထားသော လုံးချင်းဝတ္ထုဖြစ်ပါသည်။ ၀တ္ထုအမည်မှာ တေးမြုံ ငှက်ဖြစ်သည်။ ရေးသူမှာ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေး မောင်သစ်မင်း ဖြစ်ပါသည်။ တေးမြုံငှက်၀တ္ထု၏ ဇာတ်လမ်းမှာ ထူးထူး ထွေထွေ ဆန်းဆန်းပြားပြား မဟုတ်ပါ။ ဂီတလောကနောက်ခံ အချစ်၀တ္ထုတစ်ပုဒ်သာဖြစ်သည်။ ချစ်ကွဲညား၊ ညားကွဲချစ်၊ ဂုဏ်မတူ… Continue reading အိုဘယ့်… အို…တေးမြုံငှက်

သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ

တစ်နေ့သ၌ ကဗျာဖတ်သူသည် ကဗျာဆရာမ ပန်ဒိုရာ၏ “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” ကဗျာစာအုပ်ကို ဖတ်ရှုပြီးသကာလ အောက် ဖော်ပြလတ္တံပါသော အကြောင်းအရာများကို ချရေးမိလေတော့သည်။ ထိုအကြောင်းများသည် “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” တို့ဖြင့် တိုက်ရိုက်ဆက်နွယ်အချိုးကျပါလေတော့သည်။ အပိုင်း(၁) သုံးဆယ့်တစ်ပုံအစုအဝေး စာဖတ်သူအားထုတ်ရခြင်း             “သုံးဆယ်တစ်ပုံအစုအဝေး”ကို ဖတ်သည့်အခါတွင် ကဗျာဖတ်သူသည် စာရေးသူက အားထုတ်ထားသည့်အတိုင်း အားစိုက်အားထုတ်ရပါ… Continue reading သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ

သည်းခံနိုင်၏ သည်းမခံနိုင်၏

လူ၊ လူထု၊ အစိုးရ၊ အုပ်ချုပ်သူနှင့်ထင်ရှားသူ စသည် စသူတို့၏ အမူဆိုးအကျင့်ဆိုး၊ နိုင်ငံရေးကိစ္စနှင့်ပြဿနာအသီးသီးတို့ကို ဝေ ဖန်ရေးသား၍ မချိပြုံး၊ မဲ့ပြုံးနှင့်သဲ့သဲ့ပြုံးတို့ကို ပြုံးရသည်မှာ သရော်စာပင်ဖြစ်သည်။ ၉ ပါးသောရသကို ခံစားရရှိစေသော ရသ စာပေအမျိုးအစားဖြစ်ပြီး လူမှုနေ့စဉ်ဘ၀မှကိစ္စအ၀၀ကို အပြုသဘောရေးသားရသည့် စာပေအမျိုးအစားလည်းဖြစ်သည်။ ဟာသစာပေနှင့်လည်း မတူပါ။ သရော်ခြင်းကိစ္စသည်… Continue reading သည်းခံနိုင်၏ သည်းမခံနိုင်၏

ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ

စာရေးဆရာ ဂါစီယာ မားကွက်စ်၏ ထင်ရှားကျော်ကြားလှသည့် One Hundred Years of Solitude လုံးချင်း၀တ္ထုကြီးကို နက်ခ်ဖလစ်(Netflix)ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု စီအန်အန်(CNN)သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ မားကွက်စ်၏ ၀တ္ထု ကိုရုပ်သံဇာတ်လမ်းအဖြစ် မှီငြမ်းရိုက်ကူးနိုင်ရန် သူ၏ မိသားစုက… Continue reading ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ