အင်တာနက်သုံးစွဲပိုင်ခွင့်

‘ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်’၊ ‘အင်တာနက်လွတ်လပ်ခွင့်’နှင့် ‘ဒစ်ဂျစ်တယ်ရပိုင်ခွင့်’များတွင် ပါဝင်နေသော ‘အင်တာနက်သုံးစွဲ ပိုင်ခွင့်’ (Right to Internet Access)လုံလောက်စွာရရှိနိုင်ရေး သည် အလေးထားပြောဆိုရမည့် ကိစ္စဖြစ်သည်။ လူတိုင်း၏ အခြေ ခံရပိုင်ခွင့်ဖြစ်သော အင်တာနက် လက်လှမ်းမီရေးနှင့် ကောင်းမွန် မှန်ကန်စွာအသုံးပြုနိုင်ရေးသည် ယနေ့ကမ္ဘာအတွက် အလွန်အ ရေးပါသော အစိတ်အပိုင်းတစ်ခု လည်းဖြစ်သည်။… Continue reading အင်တာနက်သုံးစွဲပိုင်ခွင့်

လွတ်လပ်ခွင့်

‘လွတ်လပ်ခွင့်’ ဆိုသော စကားရပ်သည် စိတ်ဝင်စားဖွယ်  အလွန်ကောင်းသော စကားရပ်  ဖြစ်ပါသဖြင့် ထိုစကားရပ်ပါဝင် သော အရေးအသားများကို ရှာ ဖွေ ထုတ်နုတ်လေ့လာမိသည်။ လက်တွေ့ဘဝသို့ ဝေါဟာရအ နက်၏ တိုက်ရိုက်သက်ရောက်မှု မည်ရွေ့မည်မျှရှိသည်ကိုလည်း သုံး သပ်မိသည်။ ‘လွတ်လပ်သော’  လွတ်လပ်ခြင်းကို ‘လူတိုင်းအမှန် တကယ်ရရှိနေပါသလား’ ဟူ… Continue reading လွတ်လပ်ခွင့်

စည်းလွတ်ဝါးလွတ်ရပိုင်ခွင့် မဟုတ်ပါ

‘လွတ်လပ်ခွင့်’၊ ‘လွတ်လပ်စွာ’၊  ‘လွတ်လပ်သော’ ဆိုသော စကားရပ်ကို ကြောက်ရွံ့ထိတ် လန့်တတ်ကြသည်။ ကြောက်ရွံ့ ထိတ်လန့်ခြင်း အကြောင်းနှင့် ကြောက်ရွံ့သူများကို စာရေးသူ အနေဖြင့် နှစ်မျိုးနှစ်စား တွေ့ဖူး သည်။ ပထမတစ်မျိုးမှာ ‘လွတ် လပ်ခွင့်’ကို မှားယွင်းလွဲမှားစွာအ သုံးချခြင်းကြောင့် သဟဇာတဖြစ် ထွန်းနေသော လူမှုအဖွဲ့အစည်း (သို့မဟုတ်)… Continue reading စည်းလွတ်ဝါးလွတ်ရပိုင်ခွင့် မဟုတ်ပါ

အရေးပါသောနှစ်ကာလ(မြန်မာဝီကီပီးဒီးယား)

၂၀၁၀ – ၂၀၂၀ – ၁၀ နှစ်တာ ကာလအတွင်း အလွန်သေးငယ်သော အမှုန်လေးတစ်မှုန်အဖြစ် မြန်မာဝီကီပီးဒီးယားတွင် ပါဝင်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် အလွန်သေးငယ်သော အမှုန်အဖြစ်ပါဝင်ပါသည်ဟု နှိမ့်ချရခြင်းအကြောင်းအရင်းမှာ မြန်မာဝီကီတွင် အုတ်တစ်ချပ်အဖြစ် ထုထည်ကြီးမားစွာ ပါဝင်နေသူများကို လေးစား၍ ဖြစ်ပါသည်။ သူတို့စွမ်းဆောင်နိုင်ရည်များဖြင့် ယှဉ်လိုက်ပါက ကိုယ့်အားထုတ်မှုသည် အလွန်နည်းပါ၍… Continue reading အရေးပါသောနှစ်ကာလ(မြန်မာဝီကီပီးဒီးယား)

အနုပညာ လွတ်လပ်ခွင့်

‘အနုပညာ’နှင့်အတူ ပါဝင်လာသည်မှာ လွတ်လပ်ခြင်းဖြစ်သည်။ အနုပညာနှင့် လွတ်လပ်ခြင်းသည် လူတိုင်း၏ မူလရပိုင်ခွင့်ဖြစ်ပြီး အနုပညာသမားနှင့်  အနုပညာလုပ်ငန်းခွင်အတွက်သာ သီးခြားတည်ရှိနေသောရပိုင်ခွင့်လည်းမဟုတ်ပါ။ ‘အနုပညာ၏ ထူးခြားသောဂုဏ်သတ္တိများထဲတွင် ခုခံခြင်း၊ ကာကွယ်ခြင်း၊ တွန်းလှန်ခြင်းနှင့် မျှော်လင့်ခြင်းများကဲ့သို့ ထုတ်ဖော်နိုင်စွမ်းများ ရှိကြောင်း၊ ယင်းတို့သည် ဒီမိုကရေစီထွန်းကားရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်းနှင့် အနုပညာ၏ ထူးခြားသောစွမ်းဆောင်နိုင်ရေးအား ထိန်းချုပ်ကန့် သတ်လိုခြင်းများကြောင့်… Continue reading အနုပညာ လွတ်လပ်ခွင့်

ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း

‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ကြသည်။ ‘Freedom of Expression’, ‘Freedom of Speech’ကို ‘လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်’၊‘လွတ် လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်’၊ ‘လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်’ စသည့် အသုံးအနှုန်းများဖြင့် ဘာသာပြန်သုံးစွဲကြသည်။ လူတိုင်း၏ အခြေခံရပိုင်ခွင့်၊ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်၊ အုပ်ချုပ်ရေးစနစ်ကို တည့်မတ်သည့် နည်းလမ်း၊… Continue reading ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း

သတင်းမီဒီယာကျင့်ဝတ်

သတင်းအတု၊ သတင်းအမှားနှင့် လုပ်ကြံသတင်းတို့အကြောင်း သတင်းများသည် ရှေ့တန်းရောက်သတင်းများဖြစ်လာသည်။ ကိုဗစ် – ၁၉၊ ကမ္ဘာ့ကပ်ရောဂါတွင်လည်း ယင်းတို့၏ အန္တရာယ်ကို ကြုံရသကဲ့သို့ ရွေးကောက်ပွဲအတွက်ပြင်ဆင်လာကြချိန်တွင်လည်း ထို အန္တရာယ်များ၏ ရနံ့သည် ထွက်လာခဲ့သည်။ ထင်ရှားသည့်သာဓကမှာ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး၊ ဦးဇော်ဌေးအား ရာထူးမှဖယ်ရှားလိုက်သည်ဆိုသော သတင်းအတု၊ အမှားကိစ္စပင်ဖြစ်သည်။ မီဒီယာထောင်ခြင်း၊ လူမှုကွန်ရက်တွင်… Continue reading သတင်းမီဒီယာကျင့်ဝတ်

အင်တာနက်သည် လိုအပ်ချက်

အင်တာနက်လက်လှမ်းမီရေးနှင့်ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်ရေးသည် လူတိုင်း၏  အခြေခံရပိုင်ခွင့်တစ်ခုအဖြစ်လည်းကောင်း၊ နေ့စဉ်ဘဝအတွက်  လိုအပ်ချက်တစ်ခုအဖြစ်လည်းကောင်း ယနေ့ကမ္ဘာတွင် ဖြစ်လာသည်။  ဒစ်ဂျစ်တယ်အသုံးအဆောင်တစ်ခုကို လူတစ်ဦးသည်  အနည်းဆုံးပိုင်ဆိုင်နေရန် လိုအပ် လာသည်။  အင်တာနက်အသုံးပြုခြင်းဆိုသည်မှာ ဖေ့စ်ဘွတ်ခ်ကဲ့ သို့လူမှုကွန်ရက်တစ်ခုကို အသုံးပြုခြင်းသက်သက်ဟု မဆိုနိုင်ပါဘဲ နိုင်ငံအတွင်းအပြင် အစည်းအ ဝေးကြီးများကအစ  ရောင်းရေးဝယ်ရေးကိစ္စအလယ်နှင့် ပညာသင်ကြားရေးအပါအဝင် နေ့စဉ် လူမှုဘဝအတွင်း… Continue reading အင်တာနက်သည် လိုအပ်ချက်

ကပ်ရောဂါနှင့် သတင်းအချက်အလက်တန်ဖိုး

သတင်းအမှားနှင့် လုပ်ကြံသတင်းများသည် COVID-19 နှင့်အတူ ပြိုင်တူဖြစ်ပွားလာသည့်  ဒုတိယကပ်ဘေးကြီးဖြစ်သည်ဟု  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အတိအလင်း ထုတ်ဖော်ပြောဆိုထားသည်။ ဒုတိယကပ်ဘေး၊ လုပ်ကြံသတင်းကပ်ဘေး၏ သက်ရောက်မှုသည် လူအများအတွက် သေရေးရှင်ရေးကိစ္စ ဖြစ်လာ သည်။ ကမ္ဘာ့ကပ်ရောဂါကြောင့်  သက်ရောက်သည့် သတင်းလွတ်လပ်မှုအပေါ် သက်ရောက်မှုများကို စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြန်လည်ခုခံကာကွယ်ခြင်းများသည် အလွန်အရေးပါသော အကြောင်းရင်းတစ်ရပ်… Continue reading ကပ်ရောဂါနှင့် သတင်းအချက်အလက်တန်ဖိုး

လုပ်ကြံသတင်းကပ်ဘေးနှင့် စုပေါင်းတွန်းလှန်ခြင်း

COVID-19 နှင့်အတူ ပြိုင် တူဖြစ်ပွားလာသည့် အခြား ကပ်ဘေးတစ်ခုမှာ လုပ်ကြံသတင်းကပ်ဘေးဖြစ်သည်။ COVID-19 ကြောင့် ဖြစ်ပေါ်လာသော ဒုတိယ ကပ်ဘေးတစ်ခုဖြစ်သည်ဟုကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းကြီးက  အတိအလင်းပြောဆိုထားသည်။ ကျွန်တော်တို့၏ ရန်သူမှာ သတင်းမှားများ ပျံ့နှံ့မြင့်တက်နေ ခြင်းပင်ဖြစ်သည်ဟု ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ အထွေေ ထွအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာ… Continue reading လုပ်ကြံသတင်းကပ်ဘေးနှင့် စုပေါင်းတွန်းလှန်ခြင်း