အရေးပါသောနှစ်ကာလ(မြန်မာဝီကီပီးဒီးယား)

၂၀၁၀ – ၂၀၂၀ – ၁၀ နှစ်တာ ကာလအတွင်း အလွန်သေးငယ်သော အမှုန်လေးတစ်မှုန်အဖြစ် မြန်မာဝီကီပီးဒီးယားတွင် ပါဝင်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် အလွန်သေးငယ်သော အမှုန်အဖြစ်ပါဝင်ပါသည်ဟု နှိမ့်ချရခြင်းအကြောင်းအရင်းမှာ မြန်မာဝီကီတွင် အုတ်တစ်ချပ်အဖြစ် ထုထည်ကြီးမားစွာ ပါဝင်နေသူများကို လေးစား၍ ဖြစ်ပါသည်။ သူတို့စွမ်းဆောင်နိုင်ရည်များဖြင့် ယှဉ်လိုက်ပါက ကိုယ့်အားထုတ်မှုသည် အလွန်နည်းပါ၍… Continue reading အရေးပါသောနှစ်ကာလ(မြန်မာဝီကီပီးဒီးယား)

သည်းခံနိုင်၏ သည်းမခံနိုင်၏

လူ၊ လူထု၊ အစိုးရ၊ အုပ်ချုပ်သူနှင့်ထင်ရှားသူ စသည် စသူတို့၏ အမူဆိုးအကျင့်ဆိုး၊ နိုင်ငံရေးကိစ္စနှင့်ပြဿနာအသီးသီးတို့ကို ဝေ ဖန်ရေးသား၍ မချိပြုံး၊ မဲ့ပြုံးနှင့်သဲ့သဲ့ပြုံးတို့ကို ပြုံးရသည်မှာ သရော်စာပင်ဖြစ်သည်။ ၉ ပါးသောရသကို ခံစားရရှိစေသော ရသ စာပေအမျိုးအစားဖြစ်ပြီး လူမှုနေ့စဉ်ဘ၀မှကိစ္စအ၀၀ကို အပြုသဘောရေးသားရသည့် စာပေအမျိုးအစားလည်းဖြစ်သည်။ ဟာသစာပေနှင့်လည်း မတူပါ။ သရော်ခြင်းကိစ္စသည်… Continue reading သည်းခံနိုင်၏ သည်းမခံနိုင်၏

ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ

စာရေးဆရာ ဂါစီယာ မားကွက်စ်၏ ထင်ရှားကျော်ကြားလှသည့် One Hundred Years of Solitude လုံးချင်း၀တ္ထုကြီးကို နက်ခ်ဖလစ်(Netflix)ရုပ်သံဇာတ်လမ်းအဖြစ် ရိုက်ကူးထုတ်လွှင့်သွားမည်ဟု စီအန်အန်(CNN)သတင်းဌာနက ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပါသည်။ မားကွက်စ်၏ ၀တ္ထု ကိုရုပ်သံဇာတ်လမ်းအဖြစ် မှီငြမ်းရိုက်ကူးနိုင်ရန် သူ၏ မိသားစုက… Continue reading ဂါစီယာ မားကွက်စ်၊ သူ၏လုံးချင်း၀တ္ထုနှင့်ရုပ်သံဇာတ်လမ်းတွဲ

ဂါစီယာ မားကွက်စ် ဆိုသူမှာ

ဂါစီယာ မားကွက်စ် ဆိုသူမှာ စာပေဆိုင်ရာ နိုဘယ်ဆုရရှိထားသော ကိုလံဘီယာ စာရေးဆရာတစ်ဦးဖြစ် သည်။ သူသည် လုံးချင်းဝတ္ထုရှည်များ၊ ဝတ္ထုတိုများ၊ ပြဇာတ်များကို ရေးသားခဲ့ပြီး သတင်းစာဆရာအဖြစ် လည်း အသက်မွေးခဲ့သူဖြစ်သည်။ သူ၏ စာပေသမားဘဝအစကို သတင်းစာဆရာအဖြစ်စတင်ခဲ့သော် လည်း ရသစာပေရေးသားသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ကိုလံဘီယာအမျိုးသားတက္ကသိုလ်တွင် ဥပဒေပညာရပ်ကို လေ့လာနေရင်း… Continue reading ဂါစီယာ မားကွက်စ် ဆိုသူမှာ

ရုပ်ရှင်၊ ဂီတ၊ စာပေ၊ လူမှုကွန်ရက်များမှ အမုန်းပွားစေသော စကားများကို လေ့လာအစီရင်ခံ(၂၀၁၅)

အမုန်းပွား‌စေ‌သော စကားများ(မြန်မာ့စာနယ်ဇင်း၊ ရုပ်သံနှင့် လူမှုမီဒီယာအား ‌လေ့လာခြင်း)အစီရင်ခံစာကို ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလဆန်းပိုင်းတွင် ပဲန်မြန်မာက ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း မီဒီယာအသီးသီးတွင် ‌ဖော်ပြ‌ရေး သားခဲ့သည့် အမုန်းစကားများကို ပဲန်မြန်မာက ‌စောင့်ကြည့်‌လေ့ လာခဲ့‌ကြောင်းနှင့် ‌စောင့်ကြည့်‌လေ့လာ‌သော မီဒီယာများမှာ ရုပ်သံမီဒီယာ(ရုပ်ရှင်နှင့်သီချင်းများ)၊… Continue reading ရုပ်ရှင်၊ ဂီတ၊ စာပေ၊ လူမှုကွန်ရက်များမှ အမုန်းပွားစေသော စကားများကို လေ့လာအစီရင်ခံ(၂၀၁၅)

ဒေါရစ်လက်စင်း ဆိုသူမှာ

ဒေါရစ်လက်စင်း(Doris Lessing) ဆိုသူမှာ စာပေဆိုင်ရာနိုဘယ်ဆုရရှိထားသူ ဗြိတိန်နိုင်ငံသား စာရေးဆရာမကြီးဖြစ်သည်။ ကမ္ဘာ့စာပေအသိုက်အဝန်းတွင် ထင်ရှားကျော်ကြားသော

ကွန်ပျူတာအနုပညာဆိုသည်မှာ

ကွန်ပျူတာအနုပညာဆိုသည်မှာ ကွန်ပျူတာကိုအသုံးပြု၍ ဖန်တီးထားသော အနုပညာလက်ရာများကို ခေါ်ဆိုသည်။ အနုပညာလက်ရာတစ်ခုကို ကွန်ပျူတာဖြင့် ဖန်တီးရာတွင် ကွန်ပျူတာကို အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း သော်လည်းကောင်း အသုံးပြုကြသည်။ ထို့အပြင် အနုပညာလက်ရာကို တင်ဆက်ပြသရန်အတွက် ကြားခံအလွှာတစ်ခုအဖြစ် ကွန်ပျူတာကို အသုံးပြုကြသည်။

ကျွန်ုပ်အကြောင်း ကိုယ်ရေးအကျဉ်းသည်ကား …။ ဤသို့

၁။ တစ် နေ့၌ ဂန္ထဝင် စကားလုံး ကောင်းကင် မောင်ရင်ညို ဆိုသူသည် အိမ်ဖျားထက်သို့ မိုးများ ယိုစိမ့်လာ၍ အိပ်မရဘဲ ရှိနေလေသည်။ ယင်းသို့ အိပ်မရသော အခါ မောင်ရင်ညိုသည် အတွေးများကို တောင်သို့တစ်ခါ မြောက်သို့တစ်လှည့် ပို့လျက် ရှိလေ၏။

တိုက်ဆိုင်မှုအစစ် ဖန်တီး‌ပေးခဲ့သလိုပါပဲ

၂ဝ၁ဝ ပြည့်နှစ် ‌မေလ(၁၆)ရက်‌နေ့ ည ၇ နာရီ ဝန်းကျင်မှာ ‌သောကြာကြယ်ဟာလကို ‌ဖောက်လို့ ဖြတ်သန်းခဲ့တယ်။ လူတစ်စု လူတချို့က ‌ကောင်းကင်ကို ‌မော့ကြည့်‌နေကြတယ်။ ည ၈ နာရီနဲ့ ၉ နာရီ ဝန်း ကျင်မှာ ‌သောကြာကြယ်နဲ့ လတို့ရဲ့ ဓာတ်ပုံ‌တွေ သတင်း‌တွေကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ အင်တာနက်‌ပေါ် မှာ ‌တွေ့မြင်‌နေရတယ်။

မြို့အမည်ဖြင့် ကျင်းပသည့် ဘားကမ့်

ဘားကမ့်ဆိုသည်မှာ ပညာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ‌တွေ့ဆုံသော တွေ့ဆုံပွဲတစ်ခု ဖြစ်သည်။ ‌တွေ့ဆုံပွဲပုံစံသည် သမားရိုးကျ ပွဲကျင်းပပုံ‌များနှင့် မတူပဲ ဝါသနာ၊ ရည်မှန်းချက် တူညီသူများ စုစည်း၍ အ‌တွေ့အကြုံ၊ အသိပညာ‌များအား ဖလှယ်ကြသည့် ပုံစံမျိုးဖြစ်သည်