သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ

တစ်နေ့သ၌ ကဗျာဖတ်သူသည် ကဗျာဆရာမ ပန်ဒိုရာ၏ “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” ကဗျာစာအုပ်ကို ဖတ်ရှုပြီးသကာလ အောက် ဖော်ပြလတ္တံပါသော အကြောင်းအရာများကို ချရေးမိလေတော့သည်။ ထိုအကြောင်းများသည် “သုံးဆယ့်တစ်ပုံအစုအဝေးနှင့်ဘလက်ကော်ဖီ” တို့ဖြင့် တိုက်ရိုက်ဆက်နွယ်အချိုးကျပါလေတော့သည်။ အပိုင်း(၁) သုံးဆယ့်တစ်ပုံအစုအဝေး စာဖတ်သူအားထုတ်ရခြင်း             “သုံးဆယ်တစ်ပုံအစုအဝေး”ကို ဖတ်သည့်အခါတွင် ကဗျာဖတ်သူသည် စာရေးသူက အားထုတ်ထားသည့်အတိုင်း အားစိုက်အားထုတ်ရပါ… Continue reading သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ

ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း၏ မှတ်စု

‘‘ဖတ်သူအကြိုက်နှင့်ကဗျာအ‌ကြောင်း’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာ‌ဆွေး‌နွေးပွဲတစ်ခုကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်၌ ရန်ကုန်မြို့ ပုဇွန်‌တောင် မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့သည်။ ‌ဆွေး‌နွေးပွဲကို ကဗျာဆရာ‌ဇေယျာလင်းကဦး‌ဆောင်၍ တက်‌ရောက်လာသူများနှင့်အပြန်အလှန်‌ ဆွေး‌နွေးခဲ့ကြသည်။ ထို‌ဆွေး‌နွေးပွဲတွင် ‌ဆွေး‌နွေး‌ပြောကြားခဲ့ကြသည့် အ‌ကြောင်းအရာများမှအချို့ကို မှတ်တမ်းမှတ်ရာအဖြစ် ‌အောက်ပါအတိုင်း ပြုစုပါသည်။… Continue reading ဖတ်သူအကြိုက်နှင့်ကဗျာအကြောင်း၏ မှတ်စု

ကဗျာဆရာ အောင်ချိမ့်နှင့်တွေ့ဆုံခြင်း၏ မှတ်စု

‘‘ကျွန်‌တော်က ‌တွေ့ချင်တာ’’အမည်ဖြင့် ကဗျာဆရာ‌အောင်ချိမ့်နှင့်‌တွေ့ဆုံ‌သော ကဗျာအ‌ကြောင်း‌ ဆွေး‌နွေးပွဲတစ်ခုကို ၂ဝ၁၆ ခုနှစ် မတ်လ ၁၃ ရက် ‌နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ ‌တွေ့ဆုံပွဲကို ပဲန်မြန်မာက ဦး‌ဆောင်ကျင်းပခြင်းဖြစ်ပြီး ကဗျာဆရာ ‌အောင်ချိမ့်၏ ပထမဦးဆုံး‌သော ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲလည်းဖြစ်သည်။ ‌ဆွေး‌နွေးပွဲမှ… Continue reading ကဗျာဆရာ အောင်ချိမ့်နှင့်တွေ့ဆုံခြင်း၏ မှတ်စု

အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့် ကဗျာအကြောင်းဆွေးနွေး

‘‘အ‌မေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ’’အမည်ဖြင့် ကဗျာပညာရပ်ဆိုင်ရာ‌ဆွေး‌နွေးပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက် ည‌နေ ၃ နာရီက ရန်ကုန်မြို့၊ ပုဇွန်‌တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်း၌ ကျင်းပခဲ့သည်။ အဆိုပါ‌ဆွေး‌နွေးပွဲ တွင် အ‌မေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်၏ ကဗျာများကို စတီဗင်န် ဆီဒင်န်ဘဂ်နှင့်အတူ တက်‌ရောက်လာကြ‌သော… Continue reading အမေရိကန်ကဗျာဆရာ စတီဗင်န် ဆီဒင်န်ဘဂ်နှင့် ကဗျာအကြောင်းဆွေးနွေး

ခံစားမှုဆိုတာ ကဗျာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ကဗျာဆိုတာ ပညာရပ်ပုံစံတစ်ခုဖြစ်တယ်

ကဗျာဆရာမောင်ဒေးနဲ့တွေ့ဆုံခြင်း ကဗျာပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ပဲန်မြန်မာရုံးခန်းတွင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကဗျာ ဆရာမောင်ဒေးက မျက်နှာပြင်၏ အလွန်ဆိုတဲ့အမည်နဲ့ ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ကဗျာလောကအတွင်းမှ ကဗျာဆရာများပါဝင်တက်ရောက်ကြပါတယ်။ ကဗျာပညာရပ်ဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းနဲ့အတူ လေ့ကျင့်ခန်းများကိုလည်း အတူတကွပြုလုပ်ခဲ့ကြပါတယ်။… Continue reading ခံစားမှုဆိုတာ ကဗျာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ကဗျာဆိုတာ ပညာရပ်ပုံစံတစ်ခုဖြစ်တယ်