၀ဿန်ရုပ်ရှင် စမ်းသပ်ခန်းမှသည်

၀ဿန်ရုပ်ရှင်ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်မှ ၉ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့ပါသည်။ ရုပ်ရှင်ပွဲတော်တစ် ခု၏ အင်္ဂါရပ်များနှင့်အညီ ပြိုင်ပွဲဝင်ဇာတ်ကားများ ပါဝင်ယှဉ်ပြိုင်စေခြင်း၊ ဒေသအတွင်းနှင့်နိုင်ငံတကာမှ ရုပ်ရှင်ကားများကို ပြသ ခြင်း၊ ရုပ်ရှင်ရိုက်ကူးသူများကို ဖိတ်ခေါ်၍ ဆွေးနွေးစေခြင်းနှင့် အခြားသော အတတ်ပညာဆိုင်ရာဆွေးနွေးခြင်း စသည့်အစီအစဉ်… Continue reading ၀ဿန်ရုပ်ရှင် စမ်းသပ်ခန်းမှသည်

၀ဿန်ချိန်ခါ

၀ဿန်ရုပ်ရှင်ပွဲတော်၏ အချိန်အခါမှာ စက်တင်ဘာလ ဖြစ်ပါသည်။ နှစ်တစ်နှစ်၏ စက်တင်ဘာရက်စွဲအချို့သည် ၀ဿန်ချိန်ခါ အတွက် ဖြစ်ခဲ့ သည်မှာ ရှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရုပ်ရှင်အနုပညာသမားများအတွက် ၀ဿန်ရုပ်ရှင်ပွဲတော် ရုန်းခဲ့ကန်ခဲ့ရသည်မှာ ပွဲတော်စတင်ချိန်ကနေ ယနေ့အထိပဲဖြစ်ပါသည်။ စိန်ခေါ်မှုအသစ်များနှင့် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွားသည့် အခက်အခဲပြဿနာများအကြားမှာ ၀ဿန်သည် ရွာသွန်းမြဲ ရွာသွန်းနေခဲ့သည်။ နှစ်စဉ်ရွာသွန်းခဲ့သော… Continue reading ၀ဿန်ချိန်ခါ