အင်တာနက်သုံးစွဲပိုင်ခွင့်

‘ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်’၊ ‘အင်တာနက်လွတ်လပ်ခွင့်’နှင့် ‘ဒစ်ဂျစ်တယ်ရပိုင်ခွင့်’များတွင် ပါဝင်နေသော ‘အင်တာနက်သုံးစွဲ ပိုင်ခွင့်’ (Right to Internet Access)လုံလောက်စွာရရှိနိုင်ရေး သည် အလေးထားပြောဆိုရမည့် ကိစ္စဖြစ်သည်။ လူတိုင်း၏ အခြေ ခံရပိုင်ခွင့်ဖြစ်သော အင်တာနက် လက်လှမ်းမီရေးနှင့် ကောင်းမွန် မှန်ကန်စွာအသုံးပြုနိုင်ရေးသည် ယနေ့ကမ္ဘာအတွက် အလွန်အ ရေးပါသော အစိတ်အပိုင်းတစ်ခု လည်းဖြစ်သည်။… Continue reading အင်တာနက်သုံးစွဲပိုင်ခွင့်

ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း

‘ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း’ကို ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ကြသည်။ ‘Freedom of Expression’, ‘Freedom of Speech’ကို ‘လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်’၊‘လွတ် လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်’၊ ‘လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်’ စသည့် အသုံးအနှုန်းများဖြင့် ဘာသာပြန်သုံးစွဲကြသည်။ လူတိုင်း၏ အခြေခံရပိုင်ခွင့်၊ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်၊ အုပ်ချုပ်ရေးစနစ်ကို တည့်မတ်သည့် နည်းလမ်း၊… Continue reading ထုတ်ဖော်ပြောဆိုမှု လွတ်လပ်ခြင်း

ကပ်ရောဂါနှင့် သတင်းအချက်အလက်တန်ဖိုး

သတင်းအမှားနှင့် လုပ်ကြံသတင်းများသည် COVID-19 နှင့်အတူ ပြိုင်တူဖြစ်ပွားလာသည့်  ဒုတိယကပ်ဘေးကြီးဖြစ်သည်ဟု  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အတိအလင်း ထုတ်ဖော်ပြောဆိုထားသည်။ ဒုတိယကပ်ဘေး၊ လုပ်ကြံသတင်းကပ်ဘေး၏ သက်ရောက်မှုသည် လူအများအတွက် သေရေးရှင်ရေးကိစ္စ ဖြစ်လာ သည်။ ကမ္ဘာ့ကပ်ရောဂါကြောင့်  သက်ရောက်သည့် သတင်းလွတ်လပ်မှုအပေါ် သက်ရောက်မှုများကို စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြန်လည်ခုခံကာကွယ်ခြင်းများသည် အလွန်အရေးပါသော အကြောင်းရင်းတစ်ရပ်… Continue reading ကပ်ရောဂါနှင့် သတင်းအချက်အလက်တန်ဖိုး

လုပ်ကြံသတင်းကပ်ဘေးနှင့် စုပေါင်းတွန်းလှန်ခြင်း

COVID-19 နှင့်အတူ ပြိုင် တူဖြစ်ပွားလာသည့် အခြား ကပ်ဘေးတစ်ခုမှာ လုပ်ကြံသတင်းကပ်ဘေးဖြစ်သည်။ COVID-19 ကြောင့် ဖြစ်ပေါ်လာသော ဒုတိယ ကပ်ဘေးတစ်ခုဖြစ်သည်ဟုကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းကြီးက  အတိအလင်းပြောဆိုထားသည်။ ကျွန်တော်တို့၏ ရန်သူမှာ သတင်းမှားများ ပျံ့နှံ့မြင့်တက်နေ ခြင်းပင်ဖြစ်သည်ဟု ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ အထွေေ ထွအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာ… Continue reading လုပ်ကြံသတင်းကပ်ဘေးနှင့် စုပေါင်းတွန်းလှန်ခြင်း